ကလေးတွေမှာ စိတ်ပူပန်မှုများတဲ့အခါ ဖြစ်လာတတ်တဲ့လက္ခဏာ (၅) ခု

ဘဝတစ်လျှောက်လုံး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပျော်ရွှင်ဖို့အတွက် ကလေးအရွယ်က အရေးကြီးတဲ့ကာလပါ။ ကလေးအရွယ်မှာ အရာရာကို စူးစမ်းတတ်ပါတယ်။

ဒါပေမယ့် ကလေးတွေရဲ့အချို့သောအပြုအမူတွေက စိတ်အခြေအနေနဲ့ သက်ဆိုင်နေတာကြောင့် သတိထားပြီး ကြည့်ရှုသင့်ပါတယ်။

၁။ အစားရွေးလာခြင်း

ကလေးအရွယ်မှာ မကြာခဏ အစားဂျီးများတတ်ကြပါတယ်။ ဒါပေမယ့် အစားဂျီးများတာ၊ အစားရွေးတာက စိတ်ပိုင်းဆိုင်ရာပြဿနာတွေရဲ့လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ကလေးအရွယ်မှာတင် စိတ်ကျရောဂါခံစားနေရတဲ့ကလေးတွေက အစားဂျီးများတတ်ကြပါတယ်။

အရင်က အစားအရမ်းဂျီးမများတဲ့ကလေးက အခုချိန်မှာ အစားစားဖို့ ငြင်းဆန်လာရင်၊ ကြိုက်တဲ့အစားအစာတွေကိုတောင် မစားတော့ရင်၊ အစားရွေးလာရင် သတိထားပြီး ကြည့်ရှုပေးသင့်ပါတယ်။

၂။ အဝတ်အစားနဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံဖြစ်လာခြင်း

ကလေးတွေက အဝဝ်အစားကို ကိုယ်တိုင်ရွေးချယ်ရမှ ကျေနပ်ကြပါတယ်။ ဒါပေမယ့် သင့်ကလေးတွေ ရာသီဥတုအခြေအနေကို ဂရုမစိုက်ဘဲ ဝတ်ချင်သလိုဝတ်နေရင်၊ ပူနေတဲ့ရာသီဥတုမှာတောင် အနွေးထည်တွေ ဝတ်နေရင်၊ ဖိနပ်ကိုလည်း ဘယ်တစ်ဖက်ညာတစ်ဖက်ဂရုမစိုက်ဘဲ စီးနေရင် သူရဲ့အခြားအပြုအမူတွေကိုပါ သတိထားကြည့်သင့်ပါတယ်။

အဝတ်အစားရွေးတာကို ပုံမှန်ဂျီကျတာလို့ မိဘအများစုက ထင်တတ်ကြပါတယ်။ တစ်ခါတရံမှာ အဝတ်အစားနဲ့ပတ်သက်ပြီး စိတ်အလိုမကျတာများလာရင် ကလေးတွေမှာ စိတ်ပူပန်မှုတွေ များနေလို့ပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာကို ပိုသုံးလာခြင်း

စိတ်ပူပန်မှုများနေတဲ့ကလေးတွေက ပုံမှန်ထက် ဖုန်းနဲ့ ကွန်ပျူတာကို ပိုသုံးလာကြပါတယ်။ အပြန်အလှန်အားဖြင့် ဖုန်း၊ ဂိမ်း၊ ကွန်ပျူတာနဲ့ထိတွေ့မှုများတဲ့ကလေးတွေကလည်း စိတ်ဖိစီးမှုတွေ ပိုအဖြစ်များလာပါတယ်။ ဖုန်းသုံးဖို့၊ တီဗွီကြည့်ဖို့အတွက် အချိန်သတ်မှတ်ပေးထားရင် ဒီလိုဆိုးကျိုးတွေကို အတန်အသင့်ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၄။ အရုပ်အသစ်ပူဆာခြင်း

ကလေးတွေက အရုပ်အသစ်ကို အရမ်းလိုချင်လို့ ငိုပြီး ပူဆာရင် မိဘတွေက ဝယ်ပေးတတ်ကြပါတယ်။ လိုချင်သမျှကို အလိုလိုက်ပြီး ခဏခဏဝယ်ပေးတဲ့အခါ ကမ္ဘာကြီးက သူတို့လိုချင်တာတွေနဲ့ ပြည့်နေပြီး လိုချင်တာတွေ ရှိတဲ့အခါ ငိုပြလိုက်ရင်ရနိုင်တယ်လို့ တွေးမြင်သွားတတ်ကြပါတယ်။ အဲဒီအခါ အရုပ်ကို တကယ်မလိုချင်ဘဲနဲ့လည်း ပူဆာလာတတ်ကြပါတယ်။

၅။ အချက်အလက်အသစ်တွေကို စူးစမ်းလာခြင်း

ကလေးအရွယ်မှာ စူးစမ်းတတ်လာတာကြောင့် အင်တာနက်မှာ သိချင်တဲ့အကြောင်းအရာတွေကို ရှာလာတတ်ကြပါတယ်။ ဒါပေမယ့် တစ်စုံတစ်ခုကို စိတ်ပူနေပုံပေါ်ပြီး အမြဲလိုလိုမေးခွန်းတွေ မေးနေရင်၊ အချက်အလက်အသစ်တွေကို ရှာကြည့်နေရင် ကလေးကို ဂရုတစိုက်မေးကြည့်သင့်ပါတယ်။ သင့်ရဲ့ကလေးမှာ စိတ်ပူပန်စရာတွေအရမ်းများတဲ့အခါ ပုံမှန်နဲ့မတူတဲ့မေးခွန်းတွေ မေးလာတတ်ပါတယ်။

Bonus

ကလေးအရွယ်မှာ ဂျီကျတာက ပုံမှန်ပဲ ဖြစ်ပါတယ်။ ဂျီကျတဲ့နည်းနဲ့ လောကကြီးအကြောင်းကို ကလေးတွေက ပိုပြီး စူးစမ်းကြပါတဘ်။ ခဏခဏဂျီကျပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒါက ကလေးတွေအတွက် ပုံမှန်ပါပဲ။

ဒါ့အပြင် ပတ်ပြေးတာ၊ ဆူညံသံတွေ ပြုလုပ်တာ၊ ဧည့်သည်တွေရှေ့မှာ အော်ငိုတာတွေကလည်း စိတ်ရောဂါတွေနဲ့ မဆိုင်ဘဲ ကလေးသဘာဝအတိုင်း ပြုမူတာပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments