နှုတ်ခမ်းခြောက်ပြီး ကွဲတာကို ပြန်လည်စိုပြည်လာစေမယ့်နည်းလမ်းများ

နှုတ်ခမ်းအသားအရေက အရမ်းကို နူးညံ့ပါတယ်။ နှုတ်ခမ်းမှာ မယ်လနင်ဓာတ်မရှိပါဘူ။ အဲဒါကြောင့် နေလောင်ဒဏ်တွေကို နှုတ်ခမ်းက ခံနိုင်ရည်မရှိပါဘူး။ နှုတ်ခမ်းက ခြောက်သွေ့လာတာအခါမှာ အနာတွေဖြစ်လာပြီး လေတိုက်ရင်တောင် နာကျင်နေတတ်ပါတယ်။

အဲဒါကြောင့် နှုတ်ခမ်းခြောက်ပြီး ကွဲတာကို ပြန်လည်စိုပြည်လာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

Matte type နှုတ်ခမ်းနီ

Matte type နှုတ်ခမ်းနီတွေက လူကြိုက်များပါတယ်။ ဒါပေမယ့် ဒီလိုနှုတ်ခမ်းနီအမျိုးအစားက နှုတ်ခမ်းကို ပိုမိုခြောက်သွေ့စေပါတယ်။ Matte type နှုတ်ခမ်းနီတွေက နှုတ်ခမ်းသားခြောက်တာကို ပိုဆိုးသွားစေတာကြောင့် နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပြီးမှသာ ဆိုးသင့်ပါတယ်။

Lip scrub

နှုတ်ခမ်းကို ကြေးချွတ်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ နှုတ်ခမ်းအတွက် ကြေးချွတ်ဖို့ Lip scrub ကို အိမ်မှာကိုယ်တိုင်ပြုလုပ်လို့လည်း ရပါတယ်။ Lip scrub မှာ အဓိကပါဝင်သင့်တာကတော့ အုန်းဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီတွေပါပဲ။

နှုတ်ခမ်းအတွက် ပေါင်းဆေး

ပျားရည်၊ အုန်းဆီ၊ သံလွင်ဆီတို့ကို ရောမွှေပြီးနောက် အိပ်ရာမဝင်ခင်မှာ နှုတ်ခမ်းကို လိမ်းပေးပါ။ နှုတ်ခမ်းအတွက် ပေါင်းဆေးက နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးပြီး နှုတ်ခမ်းသာ ကွဲအက်ခြောက်သွေ့တာကို သက်သာစေပါတယ်။

နှုတ်ခမ်းကို အားဖြည့်ပေးတဲ့သဘာဝအဆီ

အုန်းဆီ၊ သံလွင်ဆီ၊ ရှီယာဆီတို့က နှုတ်ခမ်းကို အားဖြည့်ပေးတဲ့အဆီတွေပါပဲ။ ဒါပေမယ့် ဒီလိုအဆီတွေကို မျက်နှာမှာ တိုက်ရိုက်လိမ်းရင် ချွေးပေါက်ပိတ်တာဖြစ်စေပါတယ်။ နှုတ်ခမ်းကို လိမ်းတဲ့အခါမှာတော့ ချွေးပေါက်မပိတ်စေဘဲ နှုတ်ခမ်းခြောက်သွေ့တာကိုတောင် သက်သာစေပါတယ်။

ရေ

နှုတ်ခမ်းမခြောက်သွေ့ဖို့အတွက် အဓိကအလိုအပ်ဆုံးကတော့ ရေများများသောက်ဖို့ပါပဲ။ ရေသောက်နည်းတဲ့သူတွေမှာ နှုတ်ခမ်းက ပိုမိုအက်ကွဲလေ့ရှိပါတယ်။ ရေများများသောက်တာက နှုတ်ခမ်းကိုသာမက တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုပါ အကျိုးပြုပါတယ်။

ရေနွေးငွေ့ပေးစက်

လေအေးပေးစက်ကလေ၊ ပန်ကာလေတို့နဲ့ ထိတွေ့မှုများတဲ့အခါမှာ နှုတ်ခမ်းက ပိုခြောက်သွေ့ပါတယ်။ အခန်းထဲမှာ အပင်သေးသေးလေးတွေ စိုက်ထားတာ၊ ရေနွေးငွေ့စက်ကို ဖွင့်ထားတာက နှုတ်ခမ်းခြောက်သွေ့တာကို သက်သာစေမှာပါ။

သခွားသီး

နှုတ်ခမ်းကို အစိုဓာတ်ဖြည့်ပေးဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ သခွားသီးအကွင်းလေးတွေ ကပ်တာပါပဲ။ သခွားသီးကို အကွင်းလေးတွေ ပါးပါးလှီးပြီး နှုတ်ခမ်းမှာ ကပ်ထားပေးပါ။

ဒါမှမဟုတ် သခွားသီးကို အနှစ်ရအောင်ကြိတ်ပြီးတော့လည်း နှုတ်ခမ်းမှာ ကပ်ထားပေးလို့ရပါတယ်။ ၁၀ မိနစ်လောက် ကြာပြီးနောက်မှာတော့ ခွာလိုက်လို့ရပါပြီ။

Ceramide ပါဝင်တဲ့ lip balm

နှုတ်ခမ်းကို ကာကွယ်ဖို့အတွက် အပြင်ဘက်ဆုံးအလွှာက သဘာဝအတိုင်းပါရှိပြီးသားပါ။ ဒါပေမယ့် အစားအစာ၊ မိတ်ကပ်၊ ရာသီဥတု စတဲ့အခြေအနေတွေကို အပြင်ဘက်ဆုံးအလွှာက မကာကွယ်ပေးနိုင်ပါဘူး။ Ceramide ပါဝင်တဲ့ lip balm က နှုတ်ခမ်းကို ရာသီဥတုဒဏ်၊ နေလောင်ဒဏ်တွေကနေ ကာကွယ်ပေးပါတယ်။

ပူစပ်တဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

အက်စစ်ဓာတ်များတဲ့အစားအစာတွေနဲ့ ပူစပ်တဲ့အစားအစာတွေကို နှုတ်ခမ်းရဲ့အပြင်ဘက်ဆုံးအလွှာက မကာကွယ်ပေးနိုင်ပါဘူး။ ပူစပ်တဲ့အစားအစာတွေကို ရှောင်လိုက်ရင် နှုတ်ခမ်းခြောက်သွေ့တာ၊ အက်ကွဲနာကျင်တာကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Sunscreen

အသားအရေအတွက် Sunscreen လိုအပ်သလို နှုတ်ခမ်းအတွက်လည်း Sunscreen လိုအပ်ပါတဘ်။ နှုတ်ခမ်းအတွက် SPF ၁၅ အနည်းဆုံးပါဝင်တဲ့ sunscreen ကို အသုံးပြုပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments