မျက်နှာပေါ်မှာ ဝက်ခြံပေါက်တဲ့နေရာပေါ်မူတည်ပြီး မှားယွင်းနေတဲ့နေထိုင်မှုပုံစံ (၈) ခု

အသားအရေကနေတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို သိရှိနိုင်ပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံတွေကြောင့်လည်း ဝက်ခြံတွေပေါက်လာပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံပေါက်တဲ့နေရာပေါ်မူတည်ပြီး မှားယွင်းနေတဲ့နေထိုင်မှုပုံစံတွေကို သိရှိနိုင်ပါတယ်။

၁။ ဆံပင်နဲ့သက်ဆိုင်တဲ့ပစ္စည်းများ

အချို့သောဆံပင်အလှအပပစ္စည်းတွေကြောင့် နဖူးတစ်ဝိုက်မှာ ဝက်ခြံတွေ ပေါက်လာပါတယ်။ အဆီများတဲ့ဆံပင်အလှအပပစ္စည်းတွေက နဖူးတစ်ဝိုက်နဲ့ ထိတွေ့နေတာကြောင့် ချွေးပေါက်ပိတ်ပါတယ်။ အဲဒီကနေ ဝက်ခြံတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

နဖူးမှာ ဝက်ခြံပေါက်တာ သက်သာဖို့ဆိုရင် အုန်းဆီ သို့မဟုတ် အရောင်ပါတဲ့ဆိုးဆေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်တွေ မျက်နှာပေါ်ကို စီးမကျလာအောင် ဂရုပြုပါ။

၂။ ဖုန်း

ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေပါတယ်။ ဖုန်းကို မျက်နှာနဲ့ ထိကပ်ပြီးပြောတဲ့အခါမှာ ဖုန်းမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေက မျက်နှာပေါ်ကို ခုန်ကူးလာပါတယ်။

အဲဒီကနေ ဝက်ခြံတွေ ပေါက်လာပါတယ်။ မျက်နှာမှာ ဝက်ခြံတွေမပေါက်ဖို့ဆိုရင် အရက်ပြန်နဲ့ သန့်ရှင်းရေးလို့ရသလို အိမ်သာထဲကိုလည်း ဖုန်းယူမသွားသင့်ပါဘူး။

၃။ မုတ်ဆိတ်မွေး

မုတ်ဆိတ်မွေးတွေကို ပုံမှန်သန့်ရှင်းရေးမလုပ်ပေးရင် ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ အဲဒီနေကနေ မေးစေ့တစ်ဝိုက်မှာ ဝက်ခြံတွေ ထွက်လာပါတယ်။ နှုတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးတွေကို ပုံမှန်ရိတ်ပေးတာ၊ သန့်ရှင်းအောင်ထားတာတို့ ပြုလုပ်ပေးနိုင်ပါတယ်။

၄။ မုတ်ဆိတ်ရိတ်ဓား

တစ်ခါတရံမှာ မုတ်ဆိတ်ရိတ်ထားတဲ့နေရာမှာလည်း ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အသုံးပြုတဲ့ခရင်မ်၊ အဆီတို့ကနေ ချွေးပေါက်ပိတ်လာတတ်ပါတယ်။မုတ်ဆိတ်ရိတ်ဓားမှာလည်း ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ အဲဒါကြောင့် မုတ်ဆိတ်ရိတ်ဓားကိုလည်း ဂရုစိုက်သင့်ပါတယ်။

၅။ ခေါင်းအုံးစွပ်

ခေါင်းအုံးစွပ်က မျက်နှာနဲ့ အချိန်ကြာကြာထိတွေ့တဲ့အရာပါ။ ခေါင်းအုံးစွပ်တွေမှာ မှိုနဲ့ဘက်တီးရီးယားတွေ အများကြီးရှိနေနိုင်ပါတယ်။ ခေါင်းအုံးစွပ်ကို ပုံမှန်မလျှော်တဲ့အခါမှာ မျက်နှာ ဝက်ခြံတွေ ထွက်လာစေမှာပါ။

ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ကြိမ်ခန့် လျှော်ပေးသင့်ပါတယ်။ မျက်နှာအရေးအကြောင်းမပေါ်ဖို့အတွက် ချည်သားခေါင်းအုံးစွပ်ထက် ပိုးသားခေါင်းအုံးစွပ်က ပိုကောင်းပါတယ်။

၆။ မေးသိုင်းကြိုးပါတဲ့ဦးထပ်

ဆိုင်ကယ်စီးဦးထုပ်ကို အချိန်ကြာကြာဆောင်းတဲ့အခါမှာ မေးသိုင်းကြိုးနေရာမှာ ချွေးတွေ ထွက်လာပါတယ်။ ဒါ့အပြင် မေးသိုင်းကြိုးနေရာမှာ ဘက်တီးရီးယားတွေလည်း ခိုအောင်းနေတတ်ပါတယ်။ မေးသိုင်းကြိုးက မေးစေ့နဲ့ ထိတွေ့တာကြောင့် မေးစေ့တစ်ဝိုက်မှာ ဝက်ခြံတွေ ထွက်လာပါတော့တယ်။

၇။ Waxing

မျက်နှာက အမွေးအမျှင်တွေကို waxing လုပ်ပြီး ဖယ်ရှားတာက ဝက်ခြံမပေါ်စေပါဘူး။ ဒါပေမယ့် waxing လုပ်ပြီးနောက်ပိုင်းမှာ ချွေးပေါက်တွေ ကျယ်လာပါတယ်။

အဲဒီကနေ မျက်နှာကို ဂရုမစိုက်တဲ့အခါ၊ ဖုန်၊ ဆီ၊ အညစ်အကြေးတွေနဲ့ ပေါင်းပြီး ဝက်ခြံတွေ ပေါက်လာပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ ဖြစ်မလာဖို့ဆိုရင် မိတ်ကပ်ကို ပြောင်အောင်ဖျက်ပြီး ဆဲလ်သေတွေကိုလည်း ပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။

၈။ အဝတ်လျှော်ဆပ်ပြာ

အဝတ်လျှော်ဆပ်ပြာအချို့က ထိလွယ်ရှလွယ်အသားအရေတွေအတွက် အရမ်းကို ကြမ်းတမ်းပါတယ်။ လျှော်ထားတဲ့ အဝတ်အစား၊ တဘက်နဲ့ မျက်နှာထိတွေ့တဲ့အခါမှာလည်း ဝက်ခြံတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ထိလွယ်ရှလွယ်အသားအရေပိုင်ရှင်တွေအတွက် hypoallargenic ပါဝင်တဲ့အဝတ်လျှော်ဆပ်ပြာတွေကို အသုံးပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments