ကြောင်လေးတွေက အရမ်းချစ်စရာကောင်းပြီး လူသားတွေကို ပျော်ရွှင်စရာတွေပေးပါတယ်။ တစ်ခါတရံမှာ ကြောင်လေးတွေ ပြောချင်နေတဲ့အရာ၊ ခံစားနေရတဲ့အရာတွေကို သူတို့ရဲ့အမြီးပုံစံတွေကနေတစ်ဆင့် သိနိုင်ပါတယ်။
၁။ အပေါ်ကို မတ်နေတဲ့အမြီး
ကြောင်လေးရဲ့အမြီးကို အထက်ကို မတ်နေရင်တော့ ကြောင်လေးက သင်နဲ့ ရင်းနှီးချင်ကြောင်းပြတဲ့အမူအရာဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ပေါက်စလေးတွေ လမ်းလျှောက်တဲ့အခါမှာလည်း အမြီးက အပေါ်ကို မတ်နေတတ်ပါတယ်။
အဲဒီအခါ သူတို့ပျော်ရွှင်နေကြောင်း သိနိုင်ပါတယ်။ ကြောင်လေးက အမြီးကို မတ်ထားရင် သင့်ကို ပွတ်သပ်ပေးရင် သင်နဲ့အတူရှိနေရတာ သဘောကျကြောင်း ဖော်ပြတာပါ။
၂။ ကွေးနေတဲ့ အမြီး
Question mark ပုံစံလို ကွေးနေတဲ့အမြီးဆိုရင်တော့ ကြောင်လေးတွေက နေရတာ သက်တောင့်သက်သာရှိကြောင်း ပြောပြတာပါ။ ကြောင်လေးတွေက သင့်ဆီကနေ အာရုံစိုက်တာ လိုချင်ရင်လည်း အမြီးလေးက ကွေးနေတတ်ပါတယ်။ အဲဒီလိုအချိန်မှာ သူတို့ကို ပွတ်သပ်ပေးရင် အရမ်းကို သဘောကျပါတယ်။
၃။ တုန်ခါသလို ဖြစ်နေတဲ့အမြီး
ကြောင်လေးရဲ့အမြီးက အပေါ်ကို မြှောက်တက်ပြီး တုန်ခါသလိုဖြစ်နေရင် သင့်အနားမှာ ကပ်နေချင်ကြောင်း ဖော်ပြတာပါ။ သင်က သူအချစ်ဆုံးလူသားဖြစ်ကြောင်း အဲဒီလိုအမူအရာကနေတစ်ဆင့် သိနိုင်ပါတယ်။
အခြားကြောင်မတွေကို ဆွဲဆောင်လိုတဲ့အခါ၊ သူတို့ရဲ့နယ်မြေကို သတ်မှတ်လိုတဲ့အခါမှာလည်း အမြီးက တုန်ခါသလို ဖြစ်နေတတ်ပါတယ်။
၄။ စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့ မြေကြီးပေါ်မှာ ကျနေတဲ့အမြီး
ကြောင်ရဲ့မျက်နှာက စိတ်လှုပ်ရှားနေပြီး အမြီးက လှုပ်ရမ်းနေရင် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိနိုင်ပါတယ်။ ကြောင်က အမြီးကို အငြိမ်မနေဘဲ ပိုပြီးလှုပ်ရမ်းလေ ဒေါသပိုထွက်လေပါပဲ။
အဲဒီလိုအခိုက်အတန့်မှာ ကြောင်ကို မပွေ့ချီဘဲ သူတစ်ကောင်တည်းပဲ ထားလိုက်သင့်ပါတယ်။ သူဒေါသထွက်နေချိန်မှာ ပွေ့ချီလိုက်ရင် ကုတ်တာ၊ ကိုက်တာတို့ ပြုလုပ်တတ်ပါတယ်။
၅။ ဖွာနေတဲ့အမြီး
ကြောင်လေးရဲ့အမြီးက ထောင်ပြီးတော့ ဖွာနေတယ်ဆိုရင် သူတို့ ဝမ်းနည်းနေလို့ပါ။ ကြောင်နားလေးကို ကပ်သွားမယ်ဆိုရင် ထွက်ပြေးတာ ဒါမှမဟုတ် ခုခံကာကွယ်တာတို့ ပြုလုပ်တတ်ပါတယ်။ ကြောင်လေးရဲ့အမြီးက တံမြက်စည်းလို ဖွာနေပြီး လှုပ်ရမ်းနေရင် ဒေါသအရမ်းထွက်နေတာကို ပြသတာပါ။
၆။ အမြီးကို ခန္ဓာကိုယ်မှာ ပတ်ခွေထားခြင်း
ကြောင်လေးတွေက သူတို့ရဲ့အမြီးကို ခန္ဓာကိုယ်မှာ ပတ်ခွေထားတတ်ပါတယ်။ အဲဒီအမူအရာကတော့ အရမ်းကို နေရထိုင်ရကောင်းကြောင်း ဖော်ပြတာပါ။ ကြောင်လေးတွေက အရမ်းအေးတဲ့အချိန်တွေမှာလည်း အမြီးကို ခန္ဓာကိုယ်မှာ ပတ်ခွေပြီးတော့ အိပ်တတ်ကြပါတယ်။
Bonus
ကြောင်လေးတွေက သူတို့ရဲ့အမြီးနဲ့လည်း ကစားတတ်ကြပါတယ်။ ကြောင်လေးတွေက ငယ်သေးတဲ့အချိန် အမေရဲ့ဂရုစိုက်မှုအောက်မှာ နေရချိန်မှာ ကြောင်မေမေရဲ့အမြီးနဲ့ ဆော့တတ်ပါတယ်။
ကြောင်မေမေရဲ့အမြီးက ကြောင်လေးတွေ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သင်ပြပေးတာလည်း ဖြစ်ပါတယ်။ အရွယ်ရောက်လာချိန် အမြီးနဲ့ဆော့တာကတော့ အရမ်းပျင်းနေတာကြောင့် သွက်လက်အောင် ဆော့ကစားနေတာပါ။
Zombie (lovemedia)
0 Comments