ကော်ဖီကြိုက်တတ်သူတွေအတွက် မနက်ခင်းမှာ ကော်ဖီမသောက်ရရင် မနေနိုင်ဖြစ်နေမှာပါ။ ကော်ဖီကို မနက်စာမစားခင်မှာ သောက်တဲ့အခါ ထင်မထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာစေမှာပါ။
၁။ သွေးတွင်းသကြားဓာတ်ကို ထိခိုက်လာခြင်း
ကော်ဖီကြိုက်တတ်သူအတွက် မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းက တစ်နေ့တာလုံး လန်းဆန်းနေစေမှာပါ။ ဒါပေမယ့် မနက်စာမစားခင်မှာ ကော်ဖီသောက်လိုက်ရင် သွေးတွင်းသကြားဓာတ်က များသွားမှာပါ။
သွေးတွင်းသကြားဓာတ်များတာကြောင့် ဆီးချိုရောဂါနဲ့ အခြားသောရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မနက်ခင်းပိုင်းမှာ ကော်ဖီကို လုံးဝမသောက်သင့်တာတော့ မဟုတ်ပါဘူး။ မနက်စာအဖြစ် တစ်ခုခုစားပြီးမှသာ ကော်ဖီကို သောက်သင့်တာပါ။
၂။ ခြေထောက်ကြွက်တက်ခြင်း
မနက်ခင်းပိုင်းမှာ ဘာမှမစားရသေးခင် ကော်ဖီအရင်သောက်လိုက်တာက ညဘက်မှာ အိပ်မပျော်ဖြစ်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကာဖိန်းဓာတ်က သွေးတွင်းသကြားဓာတ်ကို မြင့်စေတာကြောင့်ပါ။ နောက်ဆက်တွဲအနေနဲ့ ညဘက်မှာ ခြေထောက်ကြွက်တက်တာကိုလည်း ခံစားရနိုင်ပါတယ်။
၃။ အသားအရေခြောက်သွေ့လာခြင်း
ကော်ဖီအသောက်များတဲ့နောက် မကြာခဏ အပေါ့သွားတာကို ကြုံတွေ့ရမှာပါ။ ကော်ဖီသောက်တာက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့အထိ မဖြစ်ပေါ်စေပါဘူး။
ဒါပေမယ့် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကိုတော့ နည်းပါးသွားစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ နည်းပါးသွားရင် အသားအရေလည်း ခြောက်သွေ့လာမှာပါ။
၄။ စိတ်ဖိစီးမှုများလာခြင်း
အိပ်ရာကနေ နိုးလာတဲ့အခါမှာ စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့ ကော်တီဇောဟော်မုန်းက အမြင့်ဆုံးဖြစ်နေပါတယ်။ မနက်စာမစားခင် ကော်ဖီသောက်လိုက်မယ်ဆိုရင် ကာဖိန်းဓာတ်က ကော်တီဇောဟော်မုန်းနဲ့ ထိတွေ့ရတာကြောင့် စိတ်ဖိစီးမှုတွေက တိုးလာမှာပါ။
မနက်ခင်းနိုးလာပြီးနောက် တစ်နာရီခန့်ကြာပြီးလောက်မှသာ ကော်ဖီကို သောက်သင့်ပါတယ်။
Zombie (lovemedia)
0 Comments