ချွေးပေါက်ပိတ်တဲ့အခါမှာ ဆားဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ နှာခေါင်းမှာ ဆားဝက်ခြံတွေ ရှိနေရင် စိတ်ညစ်စရာမလိုတော့ပါဘူး။ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- သွားတိုက်ဆေး

- နူးညံ့တဲ့သွားတိုက်တံ

သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးကို ညှစ်ပြီးတင်လိုက်ပါ။

ဆားဝက်ခြံတွေ ပေါက်နေတဲ့ နှာခေါင်းပေါ်ကို သွားတိုက်တံနဲ့ စက်ဝိုင်းပုံစံ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

အဲဒီနောက်မှာတော့ နှာခေါင်းကို ရေစွတ်ထားတဲ့အဝတ်နဲ့ သုတ်လိုက်ပါ။

နည်းလမ်း ၂

လိုအပ်သောပစ္စည်းများ

- PVA ကော်

- မီးသွေးမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်

ကော်နဲ့ မီးသွေးမှုန့်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးပါ။

မွှေပြီးနောက်မှာတော့ မျက်နှာပေါ်က ဆားဝက်ခြံတွေ ပေါက်နေတဲ့နေရာတွေမှာ လိမ်းပေးပါ။

ခြောက်သွေ့သွားတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်လို့ရပါပြီ။

မျက်နှာကို ရေစွတ်ထားတဲ့ပိတ်စလေးနဲ့ သန့်ရှင်းရေးလုပ်လိုက်ရုံပါပဲ။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

- အနံ့မပါတဲ့ ဂျယ်လီအမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- နွားနို့လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ပန်းကန်တစ်လုံးထဲမှာ ဂျယ်လီအမှုန့်နဲ့ နွားနို့ကို ရောမွှေပါ။

မွှေပြီးနောက် မိုက်ခရိုဝေ့မီးဖိုထဲမှာ ၁၅ စက္ကန့်ကြာ အပူပေးပါ။

မိုက်ခရိုဝေ့မီးဖိုထဲမှာ အပူပေးပြီး ခဏကြာ အအေးခံပါ။

မိတ်ကပ်ဘရက်ရှ်လေးနဲ့ ရလာတဲ့အနှစ်လေးကို ယူပြီး နှာခေါင်းမှာ လိမ်းပေးပါ။

ခြောက်သွေ့သွားတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်လို့ရပါပြီ။

နည်းလမ်း ၄

လိုအပ်သောပစ္စည်းများ

- ကော်ဖီမှုန့် ခွက်ရဲ့ လေးပုံတစ်ပုံ

- ကြက်ဥတစ်လုံး

ပန်းကန်တစ်လုံးထဲမှာ ကော်ဖီမှုန့်နဲ့ ကြက်ဥကို သမအောင် မွှေပေးပါ။

ရလာတဲ့ ကော်ဖီ mask ကို နှာခေါင်းမှာ လိမ်းပေးပါ။

ကော်ဖီ mask မခြောက်ခင်မှာ ချည်သားပိတ်စလေးကို နှာခေါင်းမှာ ကပ်ပေးပါ။

၁၀ မိနစ်ခန့်ထားပြီးချိန်မှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်ပြီး သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

နည်းလမ်း ၅

လိုအပ်သောပစ္စည်းများ

- ငှက်ပျောသီးတစ်လုံး

- ကြက်ဥအနှစ်နှစ်လုံး

- သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ကြိတ်စက်

ငှက်ပျောသီး၊ ကြက်ဥအနှစ်၊ သံလွင်ဆီတို့ကို ကြိတ်စက်ထဲမှာ ထည့်ပြီး ကြေညှက်သွားအောင် ကြိတ်ပေးပါ။

ငှက်ပျောသီး  mask ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်ကြာအောင် ထားပါ။

အဲဒီနောက်မှာတော့ မျက်နှာက ငှက်ပျောသီး  mask ကို ရေနွေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

Zombie (lovemedia)