လူသားတွေရဲ့မျက်ဆန်က ဘာကြောင့် အနက်ရောင်မဖြစ်နိုင်တာလဲ

လူသားတွေရဲ့ မျက်လုံးက အသက် ၃ နှစ်မရောက်မချင်း ဖွံ့ဖြိုးပြောင်းလဲပါတယ်။ ဒါပေမယ့် လူသားတွေရဲ့မျက်ဆန်က ဘယ်လိုမှ အနက်ရောင်မဖြစ်နိုင်ပါဘူး။

အလင်းရောင်ကြောင့်သာ လူသားတွေရဲ့မျက်ဆန်ဟာ အနက်ရောင်လို့ ထင်ရတာပါ။ လူသားတွေရဲ့မျက်လုံးက ဘာ့ကြောင့် အနက်ရောင်မဖြစ်နိုင်ရတာလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

မျိုးရိုးဗီဇက လူသားတွေကို မျက်လုံးအနက်ရောင်ဖြစ်ဖို့ ခွင့်မပြုပါဘူး။

လူသားတွေရဲ့မျက်လုံးအရောင်အတွက် အပြောင်းအလဲဖြစ်စေတဲ့ မျိုးရိုးဗီဇက ၁၆ မျိုးရှိပါတယ်။ အဲဒီထဲက အဓိကမျိုးရိုးဗီဇနှစ်ခုကတော့ HERC 2 နဲ့ OCA2 တို့ဖြစ်ပါတယ်။

မျက်လုံးထဲက မယ်လနင်ကြောင့် မျက်ဆန်ရဲ့အရောင်တွေက အပြာ၊ မီးခိုးရောင် စသဖြင့် ပြောင်းလဲသွားပါတယ်။ ဒါပေမယ့် လူသားတွေမှာ မျက်ဆန်အနက်ရောင်က မရှိနိုင်ဘဲ အညိုရင့်ရောင်ပဲ ရှိနိုင်ပါတယ်။

ငိုနေတဲ့အချိန်မှာတော့ မျက်ဆန်က အနက်ရောင်ဖြစ်သွားနိုင်ပါတယ်။

အလင်းပြန်မှု၊ အလင်းရောင်တွေကြောင့်သာ မျက်လုံးက အနက်ရောင်ရှိတယ်လို့ထင်ရတာပါ။ မျက်လုံးအနက်ရောင်ဖြစ်ဖို့ဆိုရင် မျက်လုံးမှာ မျက်ရည်တွေ များစွာလိုအပ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ မျက်လုံးက မူလအရောင်ပဲ ပြန်ဖြစ်သွားပါတယ်။

မျက်ဆန်သာ အနက်ရောင်ဖြစ်မယ်ဆိုရင် အလင်းရောင်တွေကို မျက်လုံးက ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။

လူသားတွေမှာ မျက်ဆန်အနက်ရောင်ရှိရင် နေ့ဘက်အပြင်ထွက်တဲ့အခါ အရမ်းကို ခက်ခဲနေမှာပါ။ နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်တွေ ပါဝင်ပါတယ်။

မျက်ဆန်က အနက်ရောင်ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကို အခြားအရောင်တွေထက် စုပ်ယူနေမှာပါ။ အဲဒါကြောင့် မျက်လုံးအနက်ရောင်ဖြစ်ရင် လူသားတွေရဲ့မျက်လုံးကျန်းမာရေးက ထိခိုက်လာမှာပါ။

ဒါ့အပြင် အရေပြားကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။ လူသားတွေရဲ့မျိုးရိုးဗီဇကျေးဇူးကြောင့် မျက်လုံးထဲက မယ်လနင်ကနေ ထုတ်လိုက်တဲ့အရောင်တွေဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ အရှားပါးဆုံးမျက်လုံးအရောင်

ကမ္ဘာပေါ်မှာ အရှားပါးဆုံးမျက်လုံးအရောင်ကတော့ အစိမ်းရောင်ပါပဲ။ တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၂ ရာခိုင်နှုန်းမှာပဲ မျက်လုံးအစိမ်းရောင်ရှိပါတယ်။ ဒါ့အပြင် အချို့လူတွေမှာ ခရမ်းရောင်နဲ့ အနီရောင်မျက်လုံးတွေ ရှိကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments