ဝမ်းဗိုက်မှာ အဆီတွေ စုလာရင် ကြုံတွေ့လာရမယ့် နောက်ဆက်တဲ့ဆိုးကျိုး (၅) မျိုး

ခန္ဓာကိုယ်က အဆီတွေက အဝတ်အစားဝတ်ရတဲ့နေရာမှာပဲ အဆင်မပြေတာ မဟုတ်ပါဘူး။ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ အမျိုးသမီးတွေမှာ ခါးဆိုဒ်က ၃၅ လက်မအထက်ဖြစ်နေမယ်ဆိုရင်၊ အမျိုးသားတွေမှာ ခါးဆိုဒ်က ၄၀ လက်မအထက် ဖြစ်နေမယ်ဆိုရင် ဗိုက်မှာ အဆီတွေက အရမ်းများနေပါပြီ။

ဝမ်းဗိုက်မှာ အဆီတွေ စုလာရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆီးချိုရောဂါဖြစ်နိုင်ချေများလာခြင်း

အသည်းကို အဆီတွေနဲ့ ဖုံးလာတဲ့အခါမှာ ရလဒ်အနေနဲ့ ဗိုက်မှာ အဆီပိုတွေ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတွင်းထဲမှာ သကြားဓာတ်တွေလည်း များလာတဲ့အခါမှာတော့ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။

ဗိုက်အဆီက ဘာမှမဖြစ်ရဘူး ထင်ရပေမယ့် ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။

၂။ ကိုယ်ခံအားနည်းလာခြင်း

ခါးဆိုဒ်က တိုးလာတာနဲ့အမျှ ကိုယ်ခံအားက အရင်လောက် မကောင်းနိုင်တော့ပါဘူး။ ဗိုက်မှာ အဆီတွေ စုဝေးလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ဝေဒနာတို့ ခံစားလာရနိုင်ပါတယ်။

ခန္ဓာကိုယ်က ပေါင်ချိန်တွေ များနေပေမယ့် ဝင်လာမယ့် ရောဂါတွေကို ခုခံနိုင်စွမ်း နည်းလာပါတယ်။

၃။ ကင်ဆာဖြစ်လာနိုင်ခြင်း

ဗိုက်က အဆီတွေနဲ့ ကင်ဆာက ဆက်စပ်မှုမရှိနိုင်ဘူးလို့ ထင်နိုင်ပါလိမ့်မယ်။ လေ့လာချက် အသစ်တခုအရ ဝမ်းဗိုက်အဆီကနေ ထွက်တဲ့ ပရိုတိန်းတမျိုးက ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီကနေ ကင်ဆာအကျိတ်ဖြစ်ပေါ်ပြီး ကြီးထွားလာပါတယ်။

၄။ နှလုံးသွေးကြောရောဂါများ ခံစားလာရခြင်း

ဝမ်းဗိုက်အဆီထဲကနေ ပရိုတိန်းတမျိုး ထုတ်လုပ်ပါတယ်။ အဲဒီပရိုတိန်းက သွေးကြောတွေကို ဖျစ်ညှစ်ထားပါတယ်။ အဲဒါကြောင့် ဝတဲ့သူတွေမှာ သွေးပေါင်ချိန်တွေ တိုးလာပါတယ်။

ဝမ်းဗိုက်အဆီကနေ ထုတ်လုပ်တဲ့ ပရိုတိန်းတွေက သွေးလွှတ်ကြောကို ပိတ်ဆို့စေတာကြောင့် လေဖြတ်နဲ့ နှလုံးရောဂါတို့ကို ကြုံတွေ့လာရစေပါတယ်။

၅။ မှတ်ဉာဏ်အားနည်းလာခြင်း

လေ့လာချက်တခုအရ ဝမ်းဗိုက်အဆီများတဲ့ အမျိုးသမီးတွေက အသက်ကြီးလာတဲ့အခါ မကြာခဏ မေ့လျော့လာတတ်တာကို တွေ့ရပါတယ်။

အဲဒါကြောင့် ဝမ်းဗိုက်မှာ အဆီတွေ တိုးမလာအောင် လေ့ကျင့်ခန်းလုပ်တာ၊ အသီးအရွက်အသီးအနှံတွေ များများစားတာ၊ လမ်းလျှောက်တာတို့ ပြုလုပ်ပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments