ခေတ်တိုင်းခေတ်တိုင်းမှာ အလှအပနဲ့ပတ်သက်ပြီး မတူညီတဲ့စံနှုန်းသတ်မှတ်ချက်တွေ ရှိကြပါတယ်။ ရှေးရှေးတုန်းက အလှအပစံနှုန်းသတ်မှတ်ချက်တွေက ယနေ့ခေတ်မှာတော့ အထူးအဆန်းသဖွယ်ဖြစ်နေမှာပါ။
အချို့သော အလှအပစံနှုန်းသတ်မှတ်ချက်တွေက ခန္ဓာကိုယ်ကို နာကျင်စေရုံသာမက အန္တရာယ်လည်း ရှိပါတယ်။
ရောင်စုံခြယ်ထားတဲ့ မျက်ခုံး
ရှေးတုန်းက ဂရိလူမျိုးတွေက ရောင်စုံခြယ်ထားတဲ့မျက်ခုံးတွေကို ဖက်ရှင်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျက်ခုံးမှာ သိုးရဲ့အမွေးကို စိုက်ပြီးတော့လည်း ရောင်စုံမျက်ခုံးကိုပြုလုပ်ကြပါတယ်။ ၂ ရာစုနဲ့ ၃ ရာစုမှာတော့ တရုတ်နိုင်ငံမှာလည်း ရောင်စုံမျက်ခုံးက ခေတ်စားလာပါတယ်။
ဧကရာဇ်တစ်ပါးက သူရဲ့မိဖုရားတွေကို စိမ်းပြာရောင်မျက်ခုံးတွေ ခြယ်ခိုင်းပါတယ်။ အဲဒါကြောင့် မိဖုရားတွေက မျက်ခုံးတွေကို အပြောင်ရိတ်ပြီး စိမ်းပြာရောင်မျက်ခုံးတွေ ဆွဲခဲ့ကြပါတယ်။ စိမ်းပြာရောင်မျက်ခုံးတွေ ဆွဲထားတာက ချမ်းသာကြွယ်ဝသူတွေရဲ့ အမှတ်အသားလို့ ယူဆခဲ့ကြပါတယ်။
အပြောင်ရိတ်ထားတဲ့ နဖူး
၁၄ ရာစုနှောင်းပိုင်း ဘုရင်မကြီး Isabeau of Bavaria လက်ထက်မှာတော့ အမျိုးသမီးတွေကြားမှာ နဖူးအပြောင်ရိတ်ထားတက ခေတ်စားလာပါတယ်။
အလှအပရေစီးကြောင်းကို လိုက်ဖို့ အဲဒီခေတ်က အမျိုးသမီးတွေက သူတို့ရဲ့နဖူးကို အပြောင်ရိတ်လိုက်ကြပါတယ်။ မျက်ခုံးတွေကိုလည်း ရိတ်ကြပါတယ်။ တစ်ခါတရံမှာ မျက်တောင်တွေကိုလည်း ပြောင်အောင် နှုတ်ကြပါတယ်။
ရှည်လျားတဲ့လက်သည်း
တရုတ်နိုင်ငံမှာ အမျိုးသမီးတွေ လက်သည်းအရှည်ကြီးတွေ ထားတာဟာ ရာစုနှစ်ပေါင်းများစွာကြာအေင် ခေတ်စားခဲ့ပါတယ်။ လက်သည်းအရှည်ကြီးထားတာဟာ ဘာအလုပ်မှမလုပ်ရဘဲ အစေခံတွေကဘဲ အစစအရာရာလုပ်ပေးရကြောင်း ဖော်ပြတဲ့အမှတ်အသားပါပဲ။
Qing မင်းဆက်လက်ထက်မှာ အမျိုးသမီးတွေ လက်သည်းအရှည်ထားတဲ့ အလှအပစံနှုန်း ခေတ်စားလာခဲ့တာက အရမ်းကို ခေတ်စားလာခဲ့ပါတယ်။
ဖြူဖျော့တဲ့အသားအရေ
အင်္ဂလန်နိုင်ငံမှာ ၁၈ ရာစုတုန်းက အမျိုးသမီးတွေကြားမှာ ဖြူဖျော့တဲ့အသားအရေဟာ အလှအပစံနှုန်းအဖြစ် အရမ်းကို ခေတ်စားခဲ့ပါတယ်။ အသားအရေကို တတ်နိုင်သမျှ ဖြူအောင်လုပ်ဖို့အတွက် မြေဩဇာတွေကိုတောင် အသုံးပြုခဲ့ကြပါတယ်။
ဒါပေမယ်ံ ဒီနည်းက အရမ်းကို အန္တရာယ်များပါတယ်။ ဒါ့အပြင် ခဲတွေကိုလည်း မျက်နှာမှာလိမ်းခြယ်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
ဖြူစင်တဲ့သွား
Georgian ခေတ်တုန်းက အသားအရေဖြူတာပဲ ခေတ်စားခဲ့တာမဟုတ်ပါဘူး။ သွားဖြူတာကလည်း ခေတ်စားခဲ့ပါတယ်။ သွားဖြူဖို့အတွက် ဆာလဖြူရစ်အက်စစ်ပါတဲ့ အမှုန့်တွေကို အသုံးပြုခဲ့ကြပါတယ်။
အဲဒီအက်စစ်ကြောင့် သွားအပေါ်ယံကြွေသားတွေထိခိုက်ပြီး သွားတွေဖြူလာတာပါ။ ချမ်းသာတဲ့သူတွေကတော့ သွားတွေကိုလည်း ထပ်ပြီး စိုက်ကြပါတယ်။
အရောင်နုတဲ့ဆံပင်
၁၅ ရာစုမှာ အမျိုးသမီးတွေကြား အရောင်နုတဲ့ဆံပင်က ရေပန်းစားလာပါတယ်။ အရောင်နုတဲ့ဆံပင်ရဖို့အတွက် အမျိုးသမီးတွေက ဆံပင်ကို ဆေးဆိုးကြပါတယ်။ ဆေးဆိုးတဲ့ကာလက ရက်ပေါင်းများစွာအထိ ကြာမြင့်ပါတယ်။
ဆံပင်ဆေးဆိုးတဲ့အခါ ပါဝင်ပစ္စည်းတွေကို ဆံပင်မှာ လိမ်းထားပြီး ၂ ရက်ကြာထားရပါတယ်။ နောက်ရက်မှာတော့ ခေါင်းလျှော်ရပါတယ်။ နောက်ထပ်ဆေးကို ဆံပင်မှာလိမ်းပြီး ၄ ရက်ကြာ ထားရပါတယ်။
သေးသွယ်တဲ့ခါး
၁၅ ရာစုနဲ့ ၁၆ ရာစုကြား ဥပရောတိုက်က အမျိုးသမီးတွေကြားမှာ သေးသွယ်တဲ့ခါးက ခေတ်စားခဲ့ပါတယ်။ ခါးသေးသွယ်ဖို့အတွက် ခါးစည်းတွေကို တင်းကြပ်နေအောင် စည်းထားကြပါတယ်။ တင်းကြပ်နေအောင်စည်းထားတဲ့ ခါးစည်းတွေကြောင့် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်လာပါတယ်။
Zombie (lovemedia)
0 Comments