ခါးနာတဲ့အခါမှာ နေ့စဉ်လုပ်နေကျအရာတွေ၊ အားကစားလေ့ကျင့်ခန်းတွေ၊ အလုပ်တွေကို နှောင့်နှေးသွားတတ်ပါတယ်။ ခါးနာတဲ့အခါ တစ်ခါတရံ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါပေမယ့် ခါးနာလာတဲ့အခါမှာ အချိန်တိုအတွင်း သက်သာစေမယ့်နည်းလမ်းတွေလည်း ရှိပါတယ်။
၁။ ခြေထောက်ကို နှိပ်နယ်ပေးခြင်း
ခြေထောက်ကို နှိပ်နယ်ပေးတာက ခါးနာတာကို သက်သာစေပါတယ်။ ခြေဖဝါးနဲ့ ကျောရိုးက ဆက်စပ်နေတာကြောင့် ခြေဖဝါးကို နှိပ်နယ်ပေးရင် ခါးနာတာ လျော့ပါးသွားစေပါတယ်။
ခြေထောက်အတွင်းဖက်ကို လက်မနဲ့ဖိပြီးနှိပ်နယ်ပေးပါ။ ခြေဖဝါးကို နှိပ်နယ်ပေးရင် ခါးရဲ့နာဗ်ကြောတွေဆီကို သွေးလည်ပတ်မှု တိုးတက်စေပါတယ်။
၂။ နနွင်းနဲ့နွားနို့
ရောင်ရမ်းတာကို သက်သာစေတဲ့ အစားသောက်တွေနဲ့လည်း ခါးနာတာကို လျှော့ချလို့ရပါတယ်။ နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ နွားနို့တစ်ခွက်ကို ရောသောက်ပါ။ အိပ်ရာမဝင်ခင်မှာ သောက်ပေးရင် အိပ်ရာနိုးတဲ့အခါ ခါးနာတာက သိသိသာသာ သက်သာနေပါတယ်။
၃။ ရေနွေးနဲ့ ရေချိုးခြင်း
အလုပ်များပြီး ပင်ပန်းတဲ့နေ့မှာ ရေနွေးနဲ့ရေချိုးတာက ပင်ပန်းတာတွေကို လျော့သွားစေပါတယ်။ မအိပ်ခင်မှာ ရေနွေးနဲ့ရေချိုးရင် ကြွက်သားတင်းနေတာတွေ သက်သာပြီး မြန်မြန်အိပ်ပျော်စေပါတယ်။ ခါးနာတာ သက်သာဖို့အတွက် ရေနွေးနဲ့ ရေချိုးပေးလို့ရပါတယ်။
၄။ အိပ်ရာစောစောဝင်ခြင်း
ကောင်းကောင်းအနားယူပြီး အိပ်လိုက်တာက နောက်တစ်နေ့နိုးလာချိန်မှာ အားအင်တွေ ပြည့်နေစေပါတယ်။ ခါးနာတာ သက်သာဖို့အတွက် စောစောအိပ်သင့်ပါတယ်။ အိပ်နေတဲ့အခါမှာ ခန္ဓာကိုယ်ကတစ်ရှူးတွေက ပြန်လည်ကုစားပေးတာကြောင့်ပါ။
၅။ ကာဖိန်းပါဝင်တဲ့အရာတွေကို လျှော့ချခြင်း
ကော်ဖီက တစ်နေ့တာလုံး လန်းဆန်းနေစေပေမယ့် သင်က ခါးနာနေတယ်ဆိုရင်တော့ ကာဖိန်းပါဝင်တဲ့သောက်စရာတွေကို လျှော့သောက်သင့်ပါတယ်။ ကာဖိန်းဓာတ်က ကြွက်သားတွေကို ပိုမိုတင်းမာစေပါတယ်။
အဲဒါကြောင့် ခါးနာနေတဲ့အချိန်မှာတော့ ကော်ဖီနဲ့ ကာဖိန်းပါဝင်တဲ့သောက်စရာတွေကို ခဏလောက်လျှော့ချလိုက်ပါ။
၆။ ဖိနပ်အမြင့်တွေကို မစီးခြင်း
ဖိနပ်အမြင့်တွေက ကြည့်ရတာကောင်းပေမယ့် အချိန်ကြာကြာစီးတဲ့အခါမှာတော့ ခါးနာလာမှာပါ။ ဖိနပ်အမြင့်တွေစီးတဲ့အခါ ဖိအားတွေက ကျောရိုးမှာ ဖြစ်ပေါ်စေပါတယ်။
အဲဒီကနေ ခါးနာလာစေပါတယ်။ ခါးနာတာကို သက်သာစေဖို့အတွက် ကျောရိုးမှာ ဖိအားမဖြစ်စေတဲ့ဖိနပ်တွေကိုသာ ရွေးချယ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments