လေ့လာချက်တွေအရ အမျိုးသားတွေက ဆံပင်အရောင်ဆိုးထားတဲ့ အမျိုးသမီးတွေကို ပိုပြီးစိတ်ဝင်စားကြောင်း တွေ့ရပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်အရောင်ပေါ်မူတည်ပြီး အဲဒီမိန်းကလေးရဲ့ စိတ်နေစိတ်ထားကို အမျိုးသားတွေက ခန့်မှန်းနိုင်ပါတယ်။
၁။ ရွှေအိုရောင်
အမျိုးသားတွေရဲ့စိတ်ထဲမှာ ဆံပင်ရွှေအိုရောင်ဆိုးထားတဲ့အမျိုးသမီးတွေကို စွန့်စားသွားလာရတာကို ကြိုက်တယ်လို့ ထင်ကြပါတယ်တဲ့။ ရွှေအိုရောင်ဆံပင်ရှိတဲ့အမျိုးသမီးတွေက ပိုမိုဆွဲဆောင်မှုရှိကြပြီး စကားပြောရတာလည်း အဆင်ပြေတယ်လို့ ယူဆကြပါတယ်။
နေရောင်ထဲမှာ တောက်ပနေတဲ့ ရွှေအိုရောင်ဆံပင်လေးတွေကို အမျိုးသားတွေက အရမ်းသဘောကျကြပါတယ်။
၂။ အညိုရောင်
အညိုရောင်ဆံပင်ရှိတဲ့အမျိုးသမီးတွေကိုတော့ အမျိုးသားတွေက ရိုးသားမှုရှိတယ်လို့ ထင်ကြပါတယ်။ ဆံပင်အညိုရောင်ကို ရွေးချယ်သူတွေရဲ့စိတ်နေစိတ်ထားကတော့ ရိုးသားပြီး သစ္စာရှိတာပါ။ အညိုရောင်က သဘာဝဆန်တဲ့အရောင်ပါပဲ။
၃။ အနီရောင်
အနီရောင်ဆံပင်ဆိုးထားတဲ့ အမျိုးသမီးတွေကတော့ အများကြားထဲမှာ ထင်းကနဲပါပဲ။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဆံပင်အနီရောင်ကတော့ ရှားပါးပါတယ်။ အမျိုးသားတွေက အနီရောင်ဆံပင်ရှိတဲ့ အမျိုးသမီးတွေကို ပွင့်လင်းတယ်လို့ ထင်မြင်ကြပါတယ်။
၄။ အနက်ရောင်
အနက်ရောင်ဆံပင်ရှိတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှုအရှိဆုံးလို့ အမျိုးသားတွေက ယူဆထားကြပါတယ်။ လေ့လာချက်တွေအရ အမျိုးသားအများစုဟာ အနက်ရောင်ဆံပင်ရှိတဲ့ အမျိုးသမီးတွေကို မြင်မြင်ချင်းချစ်မိသွားတယ်လို့ ခံစားရကြောင်း ဖော်ပြထားပါတယ်။
အမျိုးသားတွေရဲ့စိတ်ထဲမှာ ဆံပင်အနက်ရောင်ရှိတဲ့အမျိုးသမီးတွေက စိတ်သဘောထားကောင်းသူလို့ တွေးထင်ကြပါတယ်။
Zombie (lovemedia)
0 Comments