မျက်နှာမှာ ဝက်ခြံတွေပေါက်ပြီးတဲ့အခါမှာ ဝက်ခြံအမာရွတ်တွေ၊ အမည်းစက်တွေ ကျန်နေတတ်ပါတယ်။ ခန္ဓာကိုယ်က ဝက်ခြံကြောင့် အသားအရေ မညီမညာဖြစ်တာတွေကို ပြုပြုဖို့ ကော်လဂျင် ထုတ်လုပ်ပါတယ်။
ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှု အရမ်းများတဲ့အခါ သို့မဟုတ် အရမ်းနည်းတဲ့အခါမှာ ဝက်ခြံအမာရွတ်တွေက ဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ဝက်ခြံအမာရွတ်တွေကို ပါးသွားစေတဲ့ သဘာဝအစားအစာတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရွှေဖရုံသီး
ရွှေဖရုံသီးမှာ niacin, folate, ဗီတာမင် အေနဲ့ ဘီ၊ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။ အဲဒါကြောင့် သွေးလည်ပတ်မှုအားကောင်းပြီး ဆဲလ်တွေကို အသစ်ပြုပြင်ပေးပါတယ်။ ဝက်ခြံအမာရွတ်တွေ ပျောက်ဖို့ဆိုရင် ရွှေဖရုံသီးက တကယ်ကို ထိရောက်တဲ့အစားအစာပါ။
ရွှေဖရုံစေ့မှာ ဇင့်ဓာတ်ပါတာကြောင့် ဟော်မုန်းနဲ့ အဆီထုတ်လုပ်မှုကို ထိန်းချုပ်ပေးပါတယ်။ အဲဒါကြောင့် မျက်နှာမှာ အဆီပြန်တာတွေ နည်းသွားပြီး ဝက်ခြံတွေလည်း နည်းသွားမှာပါ။
၂။ ကိုက်လန်
ကိုက်လန်မှာ ဗီတာမင် စီနဲ့ ကေ၊ ကော့ပါးနဲ့ သံဓာတ်လည်း ပါဝင်ပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အသားအရေကို ညီညာစေပါတယ်။ သံဓာတ်က ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်ကို ပါးသွားအောင် ကူညီပေးပါတယ်။
၃။ သံပုရာသီး
အလှအပအတွက်ဆိုရင် သံပုရာသီးက မပါမဖြစ်ပါပဲ။ သံပုရာသီးက အသားအရေကို တင်းရင်းစေပြီးတော့ မညီမညာဖြစ်နေတဲ့အသားအရေကိုလည်း ညီညာအောင် ပြုလုပ်ပေးပါတယ်။
မနက်ခင်းပိုင်းမှာ သံပုရာသီးကို ရေနွေးနဲ့ သောက်ပေးလို့ရသလို အသုတ်တွေထဲမှာလည်း သံပုရာသီးကို ထည့်သွင်းစားသုံးလို့ရပါတယ်။ ဒါပေမယ့် သွေးပေါင်ကျတတ်သူ၊ အစာအိမ်ရောဂါရှိသူတွေကတော့ သံပုရာသီးရေနွေးစိမ်ကို မသောက်သင့်ပါဘူး။
၄။ ကန်စွန်းဥ
ဈေးသက်သာပြီး အာဟာရပြည့်တဲ့ ကန်စွန်းဥမှာ retionl နဲ့ beta-cartoene ပါဝင်ပါတယ်။ beta-cartoene က အသားအရေမညီမညာဖြစ်တာ၊ ချွေးပေါက်ပိတ်တာတွေကို ကုသပေးနိုင်တဲ့အစွမ်းရှိပါတယ်။
retionl ကတော့ ဝက်ခြံအမာရွတ်အတွေနဲ့ အမည်းစက်တွေကို လျော့ပါးစေတာပါ။ ကန်စွန်းဥကို ပုံမှန်စားပေးရုံနဲ့ မျက်နှာအလှအပအတွက် အများကြီးအကျိုးရှိစေမှာပါ။
၅။ သင်္ဘောသီး
သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းပါဝင်ပါတယ်။ papain က မျက်နှာက ဆဲလ်သေတွေ၊ ချွေးပေါက်ပိတ်နေတာတွေကို ဖယ်ရှားပေးပြီး ဝက်ခြံအမာရွတ်တွေကို မှေးမှိန်သွားစေပါတယ်။ သင်္ဘောသီးက အသားအရေကို ရေဓာတ်ပြည့်အောင်လည်း ပြုလုပ်ပေးတာကြောင့် နောက်ထပ်ဝက်ခြံတွေလည်း ဖြစ်မလာစေတော့ပါဘူး။
၆။ ပန်းမုံလာ
ပန်းမုံလာမှာ ဗီတာမင်စီနဲ့ histidine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်ပါဝင်ပါတယ်။ histidine က မျက်နှာအသားအရေကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။
ဗီတာမင်စီကတော့ ဝက်ခြံအမာရွတ်တွေကို အချိန်တိုအတွင်း နည်းပါးသွားစေတာပါ။ ပန်းမုံလာက အရသာရှိတဲ့အပြင် မျက်နှာအသားအရေအတွက်ပါ အကျိုးပြုပါတယ်။
၇။ ခင်းဝါ
ခင်းဝါမှာ ဗီတာမင် B3 တွေ ပေါပေါများများ ပါဝင်နေပါတယ်။ ခင်းဝါက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံအပြင် နှင်းခူနာကိုပါ ပျောက်စေပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပါးစေဖို့၊ အသားအရေညီညာဖို့ ခင်းဝါကို မကြာခဏ စားသုံးပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments