ကိုယ့်မယား သူများကို မပေးနှင့်

ဒီစကားလုံး လေးတွေက ထူးဆန်းသလို ရှိပြီး ရိုင်းသလိုလည်း ဖြစ်နေ မှာပါ။ အမှန် ကတော့ ကုသိုလ်ရေး တွေမှာ မင်းလုပ် လိုက်ပါကွာ ဆိုတဲ့ အမျိုးသား တွေကို သတိပေးတဲ့ စကားလေးပါ။

တချို့သော အမျိုးသားတွေက ဘုန်းကြီးတွေ အိမ်ကို ဆွမ်းခံ ကြွလာရင် "မိန်းမရေ ဒီမှာ ဆွမ်းခံ ကြွလာပြီ" ဆိုပြီး စာဖတ် မပျက်၊ တီဗွီကြည့် မပျက်ကြပါဘူး။

ဥပုသ်ရက် တွေမှာ ဇနီးသည်က ဆရာတော်ကျောင်း သွားပေမယ့် သူတို့က အလုပ်တွေကို အကြောင်းပြပြီး မသွားတာ၊ မိတ်ဆွေ တွေစုပြီး ဝိုင်းဖွဲ့နေတတ် တာက များပါတယ်။ တရားပွဲတို့၊ တရားစခန်း တို့ကို ကြည့်ရင် လူတထောင်မှာ အမျိုးသားက တရာပြည့်ဖို့ မလွယ်ပါဘူး။

တူညီသော သဒ္ဓါတရား၊ တူညီသော သီလ၊ တူညီသော စာဂ၊ တူညီသော ပညာ စတာတွေနဲ့ ပြည့်စုံမှသာ သံသရာမှာ မခွဲမခွာ နေကြရမှာ လို့ ဘုရားရှင် က သုသုမာရဂီရမြို့မှာ နေတဲ့ နကုလမာတာနဲ့ နကုလပီတာ အဖိုးအဖွား ဇနီးမောင်နှံကို အကြောင်းပြုပြီး ဟောကြား ခဲ့ပါတယ်။

ကုသိုလ် ဖြစ်ဖြစ်၊ အကုသိုလ် ဖြစ်ဖြစ် ပြုလုပ်သူကသာ ခံရ စံရ တာပါ။ ကုသိုလ်ရေး တွေမှာ အတူ မလုပ်ပဲ၊ အတူ ကျေနပ် ဝမ်းမြောက်မှု မရှိပဲ မင်းလုပ်လိုက်ပါကွာ ဆိုရင်တော့ မိမိခံစား ရမှာ မဟုတ်တော့ဘူးလေ။

အဲဒီလိုနဲ့ မိန်းမဖြစ်သူက နတ်ပြည်ရောက်ပြီး နတ်သားကတော် သွားဖြစ်တော့ ကိုယ့်မယားက သူများမယား ဖြစ်သွားပြီပေါ့။

ဒါကြောင့် အိမ်ဦးနတ် တို့ရေ ဘာလုပ်လုပ် အတူတူ လုပ်ကြပါလို့ သတိပေး လိုက်ပါရစေ။ ကိုယ်ကျန်နေခဲ့ရင် တော့ ကိုယ့်မယား သူများကို ပေးလိုက်ရလိမ့် မယ်နော်။ Thet Khaing Win

Zawgyi

ကိုယ့္မယား သူမ်ားကို မေပးနွင့္

ဒီစကားလုံး ေလးေတြက ထူးဆန္းသလို ရွိၿပီး ႐ိုင္းသလိုလည္း ျဖစ္ေန မွာပါ။ အမွန္ ကေတာ့ ကုသိုလ္ေရး ေတြမွာ မင္းလုပ္ လိုက္ပါကြာ ဆိုတဲ့ အမ်ိဳးသား ေတြကို သတိေပးတဲ့ စကားေလးပါ။

တခ်ိဳ႕ေသာ အမ်ိဳးသားေတြက ဘုန္းႀကီးေတြ အိမ္ကို ဆြမ္းခံ ႂကြလာရင္ "မိန္းမေရ ဒီမွာ ဆြမ္းခံ ႂကြလာၿပီ" ဆိုၿပီး စာဖတ္ မပ်က္၊ တီဗြီၾကည့္ မပ်က္ၾက ပါဘူး။

ဥပုသ္ရက္ ေတြမွာ ဇနီးသည္က ဆရာေတာ္ေက်ာင္း သြားေပမယ့္ သူတို႔က အလုပ္ေတြကို အေၾကာင္းျပၿပီး မသြားတာ၊ မိတ္ေဆြ ေတြစုၿပီး ဝိုင္းဖြဲ႕ေနတတ္ တာက မ်ားပါတယ္။ တရားပြဲတို႔၊ တရားစခန္း တို႔ကို ၾကည့္ရင္ လူတေထာင္မွာ အမ်ိဳးသားက တရာျပည့္ဖို႔ မလြယ္ပါဘူး။

တူညီေသာ သဒၶါတရား၊ တူညီေသာ သီလ၊ တူညီေသာ စာဂ၊ တူညီေသာ ပညာ စတာေတြနဲ႔ ျပည့္စုံမွသာ သံသရာမွာ မခြဲမခြာ ေနၾကရမွာ လို႔ ဘုရားရွင္ က သုသုမာရဂီရၿမိဳ႕မွာ ေနတဲ့ နကုလမာတာနဲ႔ နကုလပီတာ အဖိုးအဖြား ဇနီးေမာင္ႏွံကို အေၾကာင္းျပဳၿပီး ေဟာၾကား ခဲ့ပါတယ္။

ကုသိုလ္ ျဖစ္ျဖစ္၊ အကုသိုလ္ ျဖစ္ျဖစ္ ျပဳလုပ္သူကသာ ခံရ စံရ တာပါ။ ကုသိုလ္ေရး ေတြမွာ အတူ မလုပ္ပဲ၊ အတူ ေက်နပ္ ဝမ္းေျမာက္မႈ မရွိပဲ မင္းလုပ္လိုက္ပါကြာ ဆိုရင္ေတာ့ မိမိခံစား ရမွာ မဟုတ္ေတာ့ဘူးေလ။

အဲဒီလိုနဲ႔ မိန္းမျဖစ္သူက နတ္ျပည္ေရာက္ၿပီး နတ္သားကေတာ္ သြားျဖစ္ေတာ့ ကိုယ့္မယားက သူမ်ားမယား ျဖစ္သြားၿပီေပါ့။ ဒါေၾကာင့္ အိမ္ဦးနတ္ တို႔ေရ ဘာလုပ္လုပ္ အတူတူ လုပ္ၾကပါလို႔ သတိေပး လိုက္ပါရေစ။ ကိုယ္က်န္ေနခဲ့ရင္ ေတာ့ ကိုယ့္မယား သူမ်ားကို ေပးလိုက္ရလိမ့္ မယ္ေနာ္။ Thet Khaing Win

Post a Comment

0 Comments