ကိုယ့်လောဘနှင့်ကိုယ်

တခါက လယ်သမား တယောက်ဟာ မုန့်ဖုတ်သမား တယောက်ကို ထောပတ် တပေါင်စီ နေ့စဉ် ရောင်းချလေ့ ရှိတယ်။

တနေ့ကျတော့ မုန့်ဖုတ်သမားဟာ လယ်သမား ချိန်ပေးလိုက်တဲ့ ထောပတ် တပေါင် ပြည့် မပြည့် သိချင်လာတဲ့ အတွက် ကိုယ့်ဘာသာ ပြန်ချိန် ကြည့်လိုက်တယ်။

ဒီအခါမှာ ထောပတ်ဟာ တပေါင် မပြည့်ပဲ တော်တော် လိုနေတာကို တွေ့လိုက်ရတဲ့ အတွက် ဒေါသ ထွက်သွားတယ်။ အတော်မရိုးသားတဲ့ လူဘဲ ဆိုပြီး ထောပတ်နဲ့ အတူ လယ်သမားကို တရားသူကြီးထံ သွားတိုင်ပါတယ်။

တရားသူကြီးက လယ်သမားကို ခေါ်စစ်ပါတယ်။ "ခင်ဗျား ဘာလို့ ထောပတ်ကို အလေးပြည့်အောင် မချိန်တာလဲ" လို့ တရားသူ ကြီးက မေးတော့ လယ်သမားက

"ကျနော့်မှာ တပေါင် အလေး မရှိတဲ့ အတွက်ကြောင့်ပါ" လို့ လယ်သမားက ပြန်ဖြေတယ်။

"အလေး မရှိမှတော့ မင်းချိန်တာ မှားပြီပေါ့။ ဘယ်နည်းနဲ့ ချိန်သလဲ" လို့ တရားသူကြီးက ထပ်မေးတော့ လယ်သမားက

"ကျနော့်မှာ အလေး မရှိပေမယ့် မှန်ကန်တဲ့ စံချိန် တခုတော့ ရှိပါတယ်၊ ဒီလိုပါ။ မုန့်ဖုတ်သမား ကျနော့်ဆီ လာတဲ့ မနက်တိုင်းမှာ ကျနော်ဟာ သူ့ဆီ ကနေ ပေါင်မုန့် တလုံး ဝယ်လေ့ ရှိပါတယ်။ အလေးချိန် တပေါင် ရှိတဲ့ ပေါင်မုန့်ပါ။

သူ ကျနော့်ဆီကို ထောပတ် လာဝယ်တော့ တဖက်မှာ သူ့ဆီက ဝယ်ယူလာတဲ့ တပေါင် အလေးချိန်ရှိတဲ့ ပေါင်မုန့်ကို ထည့်ချိန် လိုက်တာပါပဲ။ ဒီအတွက်ကြောင့် အလေးချိန် မပြည့်တာဟာ မုန့်ဖုတ်သမားနဲ့ဘဲ ဆိုင်ပါတယ်" လို့ ပြန်ဖြေလိုက်ပါတယ်။

သူတပါးရဲ့ ရိုးသားမှုကို လိုချင်ရင် ကိုယ့်ဘက်ကလည်း ရိုးသားနေဖို့ လိုအပ်ပါတယ်။ phoomyatchal

Zawgyi

ကိုယ့္ေလာဘနွင့္ ကိုယ္

တခါက လယ္သမား တေယာက္ဟာ မုန႔္ဖုတ္သမား တေယာက္ကို ေထာပတ္ တေပါင္စီ ေန႔စဥ္ ေရာင္းခ်ေလ့ ရွိတယ္။ တေန႔က်ေတာ့ မုန႔္ဖုတ္သမားဟာ လယ္သမား ခ်ိန္ေပးလိုက္တဲ့ ေထာပတ္ တေပါင္ ျပည့္ မျပည့္ သိခ်င္လာတဲ့ အတြက္ ကိုယ့္ဘာသာ ျပန္ခ်ိန္ ၾကည့္လိုက္တယ္။

ဒီအခါမွာ ေထာပတ္ဟာ တေပါင္ မျပည့္ပဲ ေတာ္ေတာ္ လိုေနတာကို ေတြ႕လိုက္ရတဲ့ အတြက္ ေဒါသ ထြက္သြားတယ္။ အေတာ္မ႐ိုးသားတဲ့ လူဘဲ ဆိုၿပီး ေထာပတ္နဲ႔ အတူ လယ္သမားကို တရားသူႀကီးထံ သြားတိုင္ပါတယ္။

တရားသူႀကီးက လယ္သမားကို ေခၚစစ္ပါတယ္။ "ခင္ဗ်ား ဘာလို႔ ေထာပတ္ကို အေလးျပည့္ေအာင္ မခ်ိန္တာလဲ" လို႔ တရားသူ ႀကီးက ေမးေတာ့ လယ္သမားက "က်ေနာ့္မွာ တေပါင္ အေလး မရွိတဲ့ အတြက္ေၾကာင့္ပါ" လို႔ လယ္သမားက ျပန္ေျဖတယ္။

"အေလး မရွိမွေတာ့ မင္းခ်ိန္တာ မွားၿပီေပါ့။ ဘယ္နည္းနဲ႔ ခ်ိန္သလဲ" လို႔ တရားသူႀကီးက ထပ္ေမးေတာ့ လယ္သမားက "က်ေနာ့္မွာ အေလး မရွိေပမယ့္ မွန္ကန္တဲ့ စံခ်ိန္ တခုေတာ့ ရွိပါတယ္၊ ဒီလိုပါ။ မုန႔္ဖုတ္သမား က်ေနာ့္ဆီ လာတဲ့ မနက္တိုင္းမွာ က်ေနာ္ဟာ သူ႔ဆီ ကေန ေပါင္မုန႔္ တလုံး ဝယ္ေလ့ ရွိပါတယ္။ အေလးခ်ိန္ တေပါင္ ရွိတဲ့ ေပါင္မုန႔္ပါ။

သူ က်ေနာ့္ဆီကို ေထာပတ္ လာဝယ္ေတာ့ တဖက္မွာ သူ႔ဆီက ဝယ္ယူလာတဲ့ တေပါင္ အေလးခ်ိန္ရွိတဲ့ ေပါင္မုန႔္ကို ထည့္ခ်ိန္ လိုက္တာပါပဲ။ ဒီအတြက္ေၾကာင့္ အေလးခ်ိန္ မျပည့္တာဟာ မုန႔္ဖုတ္သမားနဲ႔ဘဲ ဆိုင္ပါတယ္" လို႔ ျပန္ေျဖလိုက္ပါတယ္။

သူတပါးရဲ႕ ႐ိုးသားမႈကို လိုခ်င္ရင္ ကိုယ့္ဘက္ကလည္း ႐ိုးသားေနဖို႔ လိုအပ္ပါတယ္။ phoomyatchal

Post a Comment

0 Comments