ကိုယ့်အထုပ် ကိုယ်ထမ်းဖို့လို

ဟိုးရှေးရှေးတုန်းက လိပ်မိသားစု တစုဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ကြ ပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။

နောက်ဆုံးတော့ လိပ်မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့ နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံး နေရာ တခုကို ရှာတွေ့သွား ကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာ တို့ကိုတော့ ၆ လ အကြာမှာ ပြီးစီးသွား ပါတယ်။

အဲဒီအခါ ကျမှ သူတို့ ဆား မေ့ကျန် ခဲ့တာကို သိလိုက်ရ ပါတယ်။ ဆား မပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်တယ်။

အဲဒီကိစ္စကို အကြာကြီး ဆွေးနွေး အပြီးမှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန် ပေးလိုက် ကြပါတယ်။

မိသားစု ထဲမှာ အမြန်ဆုံး ဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယို ပါတော့တယ်။ နောက်တော့ ကတိတခု တောင်းပြီးမှ သွားမယ်လို့ သဘောတူ ပါတယ်။

ကတိကတော့ ဘယ်သူမှ သူ ပြန်မရောက် မချင်း အစားအသောက် တွေကို မစားပါဘူး ဆိုတဲ့ ကတိ ပါပဲ။ တမိသားစု လုံးက သဘောတူ လိုက်တော့မှ လိပ်ကလေး ထွက်သွား ပါတော့တယ်။

သုံးနှစ် ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ငါးနှစ် ခြောက်နှစ် ခုနစ်နှစ်မြောက် ရောက်လာတဲ့ အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ရှာ တော့ပါဘူး။

ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ် ပေါင်မုန့်ထုပ်ကို ဖွင့်လိုက် ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တရက် ထွက်လာပြီး အော်ပြောလိုက် ပါတယ်။

"တွေ့လား၊ သားကို စောင့်ကြမှာ မဟုတ်ဘူး ဆိုတာ သိသားပဲ။ တော်ပြီ ဆား သွားမယူ တော့ဘူး" တဲ့။ လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပစ် တတ်ကြတယ်။

သူများတွေ ဘာလုပ်သလဲ ဆိုတာကို အလေးထား စိတ်ဝင်စား နေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှ မလုပ်ဖြစ် လိုက်ကြပါဘူး။ ဒီပုံပြင်လေးကို အတုယူကာ ကိုယ့်အထုတ် ကိုယ်ထမ်းဖို့ အတွက် ကိုယ်လုပ်စရာရှိတာကို လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ Crd

Post a Comment

0 Comments