ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပါ

စီးပွားရေးမှာ သိပ်အားကျရတဲ့သူ တယောက် ရှိတယ်။ သူပြောဖူးတဲ့ စကားတခု။ လူတယောက်က တလ ဝင်ငွေ ၁ သိန်း ရတယ် ဆိုပါတော့။ တလ ကို ၅ သောင်း သုံးတယ်။ သူ တလ ဝင်ငွေ ၅ သောင်းပဲ ရတော့တဲ့အခါ ဘာလုပ်မလဲ တဲ့။

ကိုယ်ထင်ခဲ့တာ အသုံးစရိတ်ကို တဝက် လျှော့သုံးမယ်ပေါ့။ သူက ရယ်တယ်။ အဲ့ဒီလို တွေးရင် သူဌေး မဖြစ်တော့ဘူး။ တလကို ၅ သောင်း အသုံးစားရိတ် ရှိနေရင် ငါအမြဲ ဒီလို သုံးနိုင်အောင် ဘယ်လို ရှာရမလဲ တွေးရတယ်။ လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့။

စောစောက ပြောတော့ ဝင်ငွေက တဝက် ကျသွားတာ ဆိုလို့ ပြန်မေးတော့ သူ ထပ်ရယ်တယ်။ ဒီစီးပွားက ငွေဝင်နည်းရင် အခြားတခုကို ရအောင်ကြံပေါ့။ အချိန်တိုင်း ကြံစည်နေရမှာ ပဲလေ။

လူဆိုတာ မွေးစကနေ သေသည် အထိ ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ ပူလောင်လိုက်တာ မညည်းနဲ့။ အေးချမ်းချင် တရားရိပ် ခိုလိုက်တဲ့။

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေ အစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ။ သူငယ်ငယ်က သူ့မိသားစုက စက်လှေ ၁ စီး ထဲနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ခဲ့သူတွေ။

သူ့ဘဝမှာ ရုပ်ရှင်ရုံလည်း မသိဘူး၊ ပန်းခြံလည်း မသိဘူး၊ အချစ်ကိုလည်း ဦးစားမပေးခဲ့ဘူး။ အလုပ်ချိန် ချစ်သူကို သတိရမိ ရင်တောင် မင်းကြောင့် ငါ အာရုံစိုက်မရ ဖြစ်တယ်ကွ ဆိုပြီး လှမ်းဆဲတတ်တဲ့ သူမျိုး။ သူ့မှာ လူငယ်ဘဝလည်း ဆုံးရှုံးတယ်။ ပျော်စရာ ဆိုတာ မရှိသလောက်ပဲ။

ဒီလို နေရတာ ပျော်ရဲ့လား၊ ဘဝက ဘာအဓိပ္ပါယ် ရှိမလဲလို့ ကိုယ်မေးတော့ အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်။

ဆင်းရဲသူတွေကို ပေးနိုင် လှူနိုင်တယ်၊ မကျန်းမာတဲ့အခါ ကုနိုင်တယ်၊ ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်။ တနေ့ သားသမီး ရှိလာရင် ပြည့်စုံမှု ပေးနိုင်တယ်လေ။

ငွေမရှိပဲ ငယ်ဘဝကို ပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့။ ဘဝမှာ တခုပဲ ရမယ် အောင်မြင်မှုလား အေးချမ်းမှုလား နှစ်ခုလုံး လိုချင်လို့တော့ မရဘူး။ ကြာလာလေ သဘောပေါက်လာလေပဲ။

ထမင်းကြမ်းကို ယပ်ခပ် စားရတာ ပြဿနာ မဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံ ဖြစ်တာ ထိုင်ကြည့်ရတဲ့ အခါတော့ အတော့်ကို နာကျင်ရတယ်။

သူများစားရင် ကျွေးချင်တယ် သူများဝတ်ရင် ဆင်ချင်တယ် သူများပေးရင် ကိုယ်လည်း ပေးချင်တယ်။ ဒါဟာ လောဘ ဆိုရင် ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ။ Crd

Post a Comment

0 Comments