နာရီပေါင်းများစွာ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရသူတွေအတွက် ခြေထောက်ညောင်းသက်သာစေမယ့်နည်းလမ်း (၇) ခု

လူသားတွေရဲ့ခြေထောက်မှာ ကြွက်သား ၂၉ ခုရှိပါတယ်။ တစ်နေကုန် မတ်တပ်ရပ်ရတဲ့အခါ၊ နာရီပေါင်းများစွာ မတ်တပ်ရပ်ပြီးအလုပ်လုပ်ရတဲ့အခါ ခြေထောက်က အရမ်းပင်ပန်းလာပါတယ်။

အဲဒါကြောင့် အချိန်အကြာကြီး မတ်တပ်ရပ်ပြီးနောက် ခြေထောက်ကို ဘယ်လိုဂရုစိုက်ပေးနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မတူညီတဲ့မျက်နှာပြင်တွေပေါ်မှာ လမ်းလျှောက်ပါ။

ခြေဗလာနဲ့ သစ်ခေါက်ခွံ၊ သစ်ရွက်၊ ကျောက်တုံး၊ မြက်ခင်းတွေပေါ်မှာ လမ်းလျှောက်ကြည့်ပါ။ အဲဒီအခါ ခြေထောက်က မတူညီတဲ့ အာရုံခံစားမှုကို ရရှိစေပါတယ်။ မတူညီတဲ့မျက်နှာပြင်တွေပေါ်မှာ လမ်းလျှောက်တာက ခြေထောက်ကို နှိပ်ပေးသလိုဖြစ်ပြီး တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေပါတယ်။

၂။ ခြေထောက်ကို ကြေးချွတ်ပါ။

ခြေထောက်လေး ချောမွေ့နေစေဖို့ အရင်ဆုံး ခြေထောက်ကို နှိပ်နယ်ပေးပါ။ အဲဒီနောက် ခြေထောက်ကို scrub တစ်မျိုးမျိုး၊ ရေမြှုပ်ကျောက်တို့နဲ့ ညင်ညင်သာသာ ပွတ်တိုက်ပြီး ကြေးချွတ်ပေးပါ။ ဒီနည်းက ခြေထောက်မှာ အသားမာတက်တာ၊ ခြေဖနောင့်ကွဲတာကို မဖြစ်စေပါဘူး။ ခြေထောက်ကို ကြေးချွတ်ပြီးတဲ့နောက်မှာတော့ ရေနွေးနဲ့ ဆေးချပြီး ရေဓာတ်ဖြည့်ခရင်မ် လိမ်းထားနိုင်ပါတယ်။

၃။ တင်းနစ်ဘောလုံးနဲ့ နှိပ်နယ်ပေးပါ။

ညောင်းနေတဲ့ခြေဖဝါးကို သက်သာစေဖို့အတွက် တင်းနစ်ဘောလုံးလေးကို အသုံးပြုနိုင်ပါတယ်။ တင်းနစ်ဘောလုံးလေးကို ခြေဖဝါးအောက်မှာထားပြီး ရှေ့တိုးနောက်ဆုတ်လှိမ့်ပေးပါ။ ခြေဖဝါးကြွက်သားတင်းမာနေတာတွေကို အချိန်အနည်းငယ်အတွင်းမှာ သက်သာသွားစေနိုင်ပါတယ်။

၄။ ခြေဖဝါးလေ့ကျင့်ခန်းလုပ်ပါ။

ခြေထောက်ကြွက်သားတွေ အနားရဖို့အတွက် ရိုးရှင်းတဲ့‌ခြေဖဝါး လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။

- ကြမ်းပြင်ပေါ်မှာ တဘက်တစ်ထည်ထားပါ။

- တဘက်ပေါ်ကို ခြေဖဝါးနဲ့နင်းလိုက်ပါ။ အဲဒီနောက် ခြေချောင်းလေးတွေရဲ့အားကို အသုံးပြုပြီး တဘက်ကို ခြေချောင်းနဲ့ ကုပ်ယူလိုက်၊ ဆန့်လိုက် ပြုလုပ်ပေးပါ။

၅။ ရေခဲကပ်ပါ။

ခြေထောက်က ရောင်နေရင်၊ အရမ်းညောင်းနေရင် အလွယ်ဆုံးနည်းကတော့ ရေခဲကပ်တာပါ။ ရေခဲကို ခြေဖဝါးမှာ တိုက်ရိုက်မကပ်ဘဲ ရေခဲကို တဘက်နဲ့ ထုပ်လိုက်ပါ။ အဲဒီနောက်မှာမှ ခြေထောက်ကို ၁၅ မိနစ်ကြာအောင် ကပ်ပေးပါ။

၆။ ငှက်ပျောသီး

ခြေထောက်တွေက အရမ်းပင်ပန်းနေတဲ့အခါ ငှက်ပျောသီးကို အသုံပြုလို့ရပါတယ်။ ငှက်ပျောသီးတစ်လုံးကို အနှစ်ရတဲ့အထိ ချေပါ။ ရေထောက်ကို ရေနွေးထဲမှာ ခဏစိမ်ထားပါ။

ခြေထောက်ကို ရေနွေးထဲကနေ ထုတ်ယူလိုက်ပြီး ငှက်ပျောသီးအနှစ်ကို ခြေထောက်မှာ လိမ်းပေးပါ။ အဲဒီနောက် ဖြည်းဖြည်းချင်း စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ ပြီးနောက်မှာတော့ ရေလောင်းချလိုက်လို့ရပါပြီ။

၇။ ခြေသည်းညှပ်ပါ။

ခြေသည်းတွေ အရမ်းရှည်နေရင်လည်း ခြေဖဝါးတွေညောင်းတယ်လို့ ခံစားရတတ်ပါတယ်။ အဲဒါကြောင့် ခြေသည်းလေးတွေကို ပုံမှန်ညှပ်ပေးပါ။ ခြေသည်းလေးတွေကို ညှပ်ပေးရင် ခြေချောင်းလေးတွေကို နှိပ်နယ်တာက ခြေထောက်ညောင်းတာတွေကို သက်သာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments