အမှားတွေဆီက သင်ယူတတ်တဲ့ သူက ပိုတော်လာတယ်။ နာကျင်မှုတွေကို ခံနိုင်ရည် ရှိသွားတဲ့ သူတွေက ပိုရင့်ကျက် လာတယ်။
မျက်ရည်ကို ဆေးဖက် ဝင်အောင် အသုံးချတတ် သူတွေက ခံစား မလွယ်တော့ဘဲနဲ့ ပိုမာကျော သွားတယ်။ ပျော့ညံ့တဲ့ စိတ်ဓာတ်ကို မခံချင်စိတ် အဖြစ် ပြောင်းလဲ လိုက်တဲ့အခါ အဲ့ဒီသူရဲ့ အနာဂတ်ဟာ ပိုတောက်ပ လာတယ်။
လဲကျတာကို အရှုံးလို့ မသတ်မှတ်တဲ့ သူတွေက အောင်မြင်မှုနဲ့ ပိုနီးသွားတယ်။ နားလည်ပေးတတ်တဲ့ သူက အမုန်းနဲ့ ဒေါသတွေကင်းပြီး ပိုအေးချမ်းတယ်။
ခွင့်လွှတ်ပေးတတ်တဲ့ သူက ပိုပြည့်ဝပြီး လွတ်မြောက်မှုကို ခံစားရတယ်။ သည်းခံတတ်တဲ့ သူက ရန်မများဘဲ ကိုယ့်စိတ်နဲ့ ကိုယ်နေနိုင် သွားတယ်။
သူ့နေရာမှာ ငါသာ ဆိုပြီး ကိုယ်ချင်းစာ ပေးတတ်တဲ့သူက လူပီသသွားတယ်။ "ငါ ဘာယူသွားမလဲ" ဆိုတဲ့ စိတ်နဲ့ မရှင်သန် ပါနဲ့။ "ငါ ဘာပေးခဲ့ရမလဲ" ဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်ပါ။
မတော်လို့ တခုခု လွဲချော်သွားရင် ငါတော့ မှားသွားပြီ လို့ မတွေးပါနဲ့။ တကယ်တော့ ဘဝဆိုတာ အရှုံးတွေနဲ့ ပြိုလဲနေဖို့ မဟုတ်ပါဘူး။ ဘဝဆိုတာ အမှားတွေ ဆီက သင်ယူဖို့ပါ။ Crd
Zawgyi
အမွားေတြဆီက သင္ယူပါ
အမွားေတြဆီက သင္ယူတတ္တဲ့ သူက ပိုေတာ္လာတယ္။ နာက်င္မႈေတြကို ခံႏိုင္ရည္ ရွိသြားတဲ့ သူေတြက ပိုရင့္က်က္ လာတယ္။
မ်က္ရည္ကို ေဆးဖက္ ဝင္ေအာင္ အသုံးခ်တတ္ သူေတြက ခံစား မလြယ္ေတာ့ဘဲနဲ႔ ပိုမာေက်ာ သြားတယ္။ ေပ်ာ့ညံ့တဲ့ စိတ္ဓာတ္ကို မခံခ်င္စိတ္ အျဖစ္ ေျပာင္းလဲ လိုက္တဲ့အခါ အဲ့ဒီသူရဲ႕ အနာဂတ္ဟာ ပိုေတာက္ပ လာတယ္။
လဲက်တာကို အရႈံးလို႔ မသတ္မွတ္တဲ့ သူေတြက ေအာင္ျမင္မႈနဲ႔ ပိုနီးသြားတယ္။ နားလည္ေပးတတ္တဲ့ သူက အမုန္းနဲ႔ ေဒါသေတြကင္းၿပီး ပိုေအးခ်မ္းတယ္။
ခြင့္လႊတ္ေပးတတ္တဲ့ သူက ပိုျပည့္ဝၿပီး လြတ္ေျမာက္မႈကို ခံစားရတယ္။ သည္းခံတတ္တဲ့ သူက ရန္မမ်ားဘဲ ကိုယ့္စိတ္နဲ႔ ကိုယ္ေနႏိုင္ သြားတယ္။
သူ႔ေနရာမွာ ငါသာ ဆိုၿပီး ကိုယ္ခ်င္းစာ ေပးတတ္တဲ့သူက လူပီသသြားတယ္။ "ငါ ဘာယူသြားမလဲ" ဆိုတဲ့ စိတ္နဲ႔ မရွင္သန္ ပါနဲ႔။ "ငါ ဘာေပးခဲ့ရမလဲ" ဆိုတဲ့ စိတ္နဲ႔ပဲ ရွင္သန္ပါ။
မေတာ္လို႔ တခုခု လြဲေခ်ာ္သြားရင္ ငါေတာ့ မွားသြားၿပီ လို႔ မေတြးပါနဲ႔။ တကယ္ေတာ့ ဘဝဆိုတာ အရႈံးေတြနဲ႔ ၿပိဳလဲေနဖို႔ မဟုတ္ပါဘူး။ ဘဝဆိုတာ အမွားေတြ ဆီက သင္ယူဖို႔ပါ။ Crd
0 Comments