အားနည်းချက်ဆိုတာ ရှိကြတာပဲ

တခါက ခြင်္သေ့ တကောင်ဟာ ရေစပ်မှာ ရေသာက်နေတဲ့ သမင်တကောင်ကို လိုက်ရင်း လွတ်သွားတယ်။ ဒါကို ကောင်းကင်မှာ ဝဲနေတဲ့ သိန်းငှက်က မြင်တော့ ခြင်္သေ့ကို ပြောတယ်။

"ဒီမှာ အဆွေ၊ အဆွေမှာ ကြံ့ခိုင် သန်စွမ်းတဲ့ ခြေတွေလက်တွေ ရှိတယ်၊ ပြည့်ဝတဲ့ ခွန်အားတွေ ရှိတယ်၊ အစွမ်း ထက်လှတဲ့ ခြေသည်း လက်သည်းတွေ ရှိတယ်။

ဒါပေမယ့် ကျုပ်လို မပျံသန်းနိုင်တော့ အခုလို မျက်ခြေ ပြတ်သွားတဲ့ သားကောင်ကို အဆွေ ရှာမတွေ့တော့ ဖူးပေါ့။ ကျုပ်ဆို ခဏလေး ကောင်းကင်ပေါ် ဝဲလိုက်တာနဲ့ သားကောင်ကို မြင်နိုင်စွမ်း ရှိတယ်"

ခြင်္သေ့က ဘာမှမပြောပဲ ရေထဲ ဆင်းသွားတယ်။ ပြီးတော့မှ "အဆွေသိန်းငှက် ကျုပ်လို ရေထဲ ဆင်းပြပါ" ဆိုတော့ သိန်းငှက်က ပြောတယ်။ "ကျုပ် ရေနေသတ္တဝါ မဟုတ်ပါဘူး။ ကျုပ်အတောင်တွေ ရေစိုသွားရင် ပျံသန်းရ ခက်တယ်"

ထိုအခါ ခြင်္သေ့က ပြောတယ်။ "ဒီ သဘောတရားကို သိရင် ရပါပြီ။ အဆွေသိန်းငှက် လောကမှာ အလွယ်ကူဆုံးက သူတပါးရဲ့ အပြစ်ကို ကြည့်တတ်ခြင်း ဖြစ်ပြီး အခက်ခဲဆုံးက ကိုယ့်ကိုယ်ကို နားလည်ခြင်း ဖြစ်တယ်။

တချို့ က သူတပါးရဲ့ အပြစ်နဲ့ အားနည်းချက်ကို သိတယ်။ ကိုယ့်ရဲ့ အားနည်းချက် အပြစ်ကို မေ့နေကြတယ်။ တချို့က သူ့တပါးရဲ့ စွမ်းအင်ကို အားကျ ကြတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို လျစ်လျူရှု ထားကြတယ်။

ကျုပ်က တောဘုရင် ခြင်္သေ့ ဒါပေမယ့် ကျုပ်ရဲ့ လည်ဆံမွှေးထဲက သန်းကို ကျုပ်မနိုင်ဘူး။ ဘဝမှာ တခါတလေ ကိုယ့်ရဲ့အားနည်းချက်ကို သိသော်ငြားလည်း ဖြည့်ဆည်းရန် ခက်တယ်။

အဆွေသိန်းငှက် ပြောသလိုပေါ့ ကျုပ်သာ ခင်ဗျားလို ပျံသန်းနိုင်ရင် တောဘုရင် ဘယ်ဟုတ်တော့မလဲဗျာ။

လူတိုင်းလူတိုင်းမှာလည်း အားသာချက် အားနည်းချက်ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်အတွက် စိတ်ညစ်၊ စိတ်ပျက်ပြီး စိတ်အားငယ်နေမယ့် အစား အားသာချက်ကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုပါတယ်။ Crd

Zawgyi

အားနည္းခ်က္ဆိုတာ ရွိၾကတာပဲ

တခါက ျခေသၤ့ တေကာင္ဟာ ေရစပ္မွာ ေရသာက္ေနတဲ့ သမင္တေကာင္ကို လိုက္ရင္း လြတ္သြားတယ္။ ဒါကို ေကာင္းကင္မွာ ဝဲေနတဲ့ သိန္းငွက္က ျမင္ေတာ့ ျခေသၤ့ကို ေျပာတယ္။

"ဒီမွာ အေဆြ၊ အေဆြမွာ ႀကံ့ခိုင္ သန္စြမ္းတဲ့ ေျခေတြလက္ေတြ ရွိတယ္၊ ျပည့္ဝတဲ့ ခြန္အားေတြ ရွိတယ္၊ အစြမ္း ထက္လွတဲ့ ေျခသည္း လက္သည္းေတြ ရွိတယ္။ ဒါေပမယ့္ က်ဳပ္လို မပ်ံသန္းႏိုင္ေတာ့ အခုလို မ်က္ေျခ ျပတ္သြားတဲ့ သားေကာင္ကို အေဆြ ရွာမေတြ႕ေတာ့ ဖူးေပါ့။ က်ဳပ္ဆို ခဏေလး ေကာင္းကင္ေပၚ ဝဲလိုက္တာနဲ႔ သားေကာင္ကို ျမင္ႏိုင္စြမ္း ရွိတယ္"

ျခေသၤ့က ဘာမွမေျပာပဲ ေရထဲ ဆင္းသြားတယ္။ ၿပီးေတာ့မွ "အေဆြသိန္းငွက္ က်ဳပ္လို ေရထဲ ဆင္းျပပါ" ဆိုေတာ့ သိန္းငွက္က ေျပာတယ္။ "က်ဳပ္ ေရေနသတၱဝါ မဟုတ္ပါဘူး။ က်ဳပ္အေတာင္ေတြ ေရစိုသြားရင္ ပ်ံသန္းရ ခက္တယ္"

ထိုအခါ ျခေသၤ့က ေျပာတယ္။ "ဒီ သေဘာတရားကို သိရင္ ရပါၿပီ။ အေဆြသိန္းငွက္ ေလာကမွာ အလြယ္ကူဆုံးက သူတပါးရဲ႕ အျပစ္ကို ၾကည့္တတ္ျခင္း ျဖစ္ၿပီး အခက္ခဲဆုံးက ကိုယ့္ကိုယ္ကို နားလည္ျခင္း ျဖစ္တယ္။

တခ်ိဳ႕ က သူတပါးရဲ႕ အျပစ္နဲ႔ အားနည္းခ်က္ကို သိတယ္။ ကိုယ့္ရဲ႕ အားနည္းခ်က္ အျပစ္ကို ေမ့ေနၾကတယ္။ တခ်ိဳ႕က သူ႔တပါးရဲ႕ စြမ္းအင္ကို အားက် ၾကတယ္။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းအားကို လ်စ္လ်ဴရႈ ထားၾကတယ္။

က်ဳပ္က ေတာဘုရင္ ျခေသၤ့ ဒါေပမယ့္ က်ဳပ္ရဲ႕ လည္ဆံေမႊးထဲက သန္းကို က်ဳပ္မႏိုင္ဘူး။ ဘဝမွာ တခါတေလ ကိုယ့္ရဲ႕အားနည္းခ်က္ကို သိေသာ္ျငားလည္း ျဖည့္ဆည္းရန္ ခက္တယ္။ အေဆြသိန္းငွက္ ေျပာသလိုေပါ့ က်ဳပ္သာ ခင္ဗ်ားလို ပ်ံသန္းႏိုင္ရင္ ေတာဘုရင္ ဘယ္ဟုတ္ေတာ့မလဲဗ်ာ။

လူတိုင္းလူတိုင္းမွာလည္း အားသာခ်က္ အားနည္းခ်က္ဆိုတာ ရွိပါတယ္။ ကိုယ့္ရဲ႕ အားနည္းခ်က္အတြက္ စိတ္ညစ္၊ စိတ္ပ်က္ၿပီး စိတ္အားငယ္ေနမယ့္ အစား အားသာခ်က္ကို ေကာင္းေကာင္း အသုံးခ်တတ္ဖို႔ လိုပါတယ္။ Crd

Post a Comment

0 Comments