တန်ဖိုးသိကြပါစေ

တခါက လှည်းကုန်သည် တစုဟာ ညမှောင်မှောင်မှာ စမ်းချောင်းလေး တခုကို ဖြတ်သန်းကြ ရသတဲ့။ စမ်းချောင်း တဝက်လောက် အရောက်မှာ "အားလုံးရပ်ကြစမ်း" ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီး တသံက အမှောင်ထဲက ထွက်ပေါ်လာ ခဲ့တယ်။

အမှောင်ထဲက ထွက်ပေါ်လာတဲ့ အသံကြီးဟာ သြဇာ ကြီးမားတဲ့ အသံကြီးတသံ ဖြစ်နေတော့ လှည်းကုန်သည် တွေလည်း ကြောက်လန့်ပြီး လှည်းတွေကို ရပ်ထားလိုက် ကြပါတယ်။

ထိုအချိန်မှာ အမှောင်ထဲမှ အသံကြီးက ဆက်လက်ပြီး အမိန့်ပေးလိုက်တယ်။ "လူတွေ တယောက်မကျန် စမ်းချောင်းထဲ ဆင်းကြစမ်း။ စမ်းချောင်းထဲမှာ ရှိတဲ့ ကျောက်ခဲတွေကို လှည်းပေါ်ကို အပြည့်တင်ကြ။

ကျောက်ခဲတွေ လှည်းအပြည့် တင်ပြီးရင် သင်တို့ လိုရာခရီး ဆက်သွားနိုင်တယ်" လို့ အမိန့်ပေးပြီး အသံရှင်ဟာ ပျောက်ကွယ်သွား လေတော့တယ်။

တချို့ လှည်းကုန်သည် တွေက အသံရှင်ကို ကြောက်လို့သာ တခဲနှစ်ခဲ ကောက်ပြီး လှည်းပေါ် တင်ကြတယ်။ တချို့လှည်းကုန်သည် တွေက အမှောင်ထဲ သူမြင်ရတာမှတ်လို့ ဆိုပြီး တခဲမှ ကောက်မတင်ခဲ့ ကြဘူးတဲ့။

ဒီလိုနဲ့ ခရီးဆက်ကြရင်း တဖြည်းဖြည်း အလင်းရောင် ရလာဖို့ ညက တင်လာခဲ့တဲ့ ကျောက်ခဲတွေကို လှည်းပေါ်က ပစ်ချမလို့ကြည့်လိုက်တော့ စမ်းချောင်းထဲက ကောက်လာတာတွေဟာ ကျောက်ခဲတွေ မဟုတ်ဘဲ ရတနာတွေ ဖြစ်နေလေ တော့တယ်။

တချို့လှည်းကုန်သည် တွေလည်း ရတနာတွေ မှန်းသိရင် လှည်းအပြည့် တင်ခဲ့ပါတယ်ပေါ့။ တခဲမှ ကောက်မလာတဲ့လှည်းကုန်သည် တွေလည်း ရှေ့ကို ခရီးမဆက်နိုင် လောက်အောင်ဘဲ ဝမ်းနည်းပူဆွေး နောင်တတွေ ရင်မှာ ပိုက်ထားပြီး ချုံးချုံးချ ငိုကြွေးနေ ကြရရှာတယ်။

ဒီလိုပါဘဲ။ ကျနော်တို့ ဆက်ဆံနေကြတဲ့ လူတဦးချင်းစီ မှာလည်း တယောက်တမျိုး တန်ဖိုးတွေ ရှိနေကြ ပါတယ်။ လူတဦးချင်းစီ တန်ဖိုး ဆိုတာ ညမှောင်မှောင် စမ်းချောင်းထဲ မြုပ်နေတဲ့ ကျောက်ခဲတွေလို ပါဘဲ။

ဆက်ဆံနေချိန် အတွင်းမှာ မသိကြပေမဲ ခွဲခွာသွားချိန် ဆုံးရှုံးသွားရချိန် မှာသာ တန်ဖိုးသိပြီး နောင်တတွေ ရင်မှာ ပိုက်ပြီး ဝမ်းနည်းပူဆွေး နေတတ်ကြ ရပါတယ်။

ရေစက် ပါမလာရင် တဦးကို တဦး ပခုံးချင်း တိုက်သွားတောင် ဆုံဆည်းခွင့် မရှိပါဘူး။ ရေစက် ပါလာရင် ကမ္ဘာတဘက်ခြမ်း ရှိနေပါစေ ဆုံဆည်းရတတ် ပါတယ်။

ဆုံဆည်းခွင့် ရလိုက်ကြတာ ကိုက တန်ဖိုး တခုပါ။ ဒါကြောင့် ကံကြုံလို့ ဆုံဆည်းခိုက်မှာ တဦးတန်ဖိုးကို တဦး နားလည်နိုင်တဲ့တန်ဖိုးရှိတဲ့ လူသားတွေ ဖြစ်ကြပါစေ။ Crd

Post a Comment

0 Comments