တန်ဖိုးသိတဲ့သူ

တခါတုန်းက ကလေးတယောက်ဟာ တောထဲမှာ ဆော့ကစားရင်း ကျောက်တုံးလေးတွေကို တွေ့တယ်။ အဲဒီကျောက်တုံးလေး တွေကို လှလို့ ဆိုပြီး အိမ်ယူလာ ခဲ့တယ်။ ပြီးတော့ ရေကန်ထဲ ပစ်ထည့်ထား လိုက်တယ်။

တနေ့ ကျတော့ သူ့အိမ်ကို အလှမွေးငါး ရောင်းတဲ့လူတယောက် လာရင်း ကျောက်တုံးလေး တွေကို တွေ့သွားတယ်။ ပြီးတော့ သဘောကျလို့ နှစ်တုံးကို တထောင် ပေးပြီး ယူသွားတယ်။

နောက်တနေ့ မှာတော့ သူ့အိမ်ကို စီးပွားရေးသမားတယောက် ရေတောင်း သောက်ရင်း ကျောက်တုံးလေး တွေကို ကြည့်ရင်း အဖိုးတန်မှန်း သိလို့ နှစ်တုံးကို တသောင်းနဲ့ ပေးယူ သွားတယ်။

နောက် သိပ်မကြာခင်မှာ ရတနာကုန်သည် တယောက် ရောက်လာပြီး၊ ခဏနား ခြေလက် ဆေးရင်း အဲ့ဒီ ကျောက်တုံးလေးတွေကို တွေ့သွားတယ်။ ဒါဟာ စိန်ရိုင်းတုံးတွေမှန်း သိတော့ ဆယ်သိန်း ပေးပြီး နှစ်တုံး ယူသွားတယ်။

အဲ့လိုနဲ့ တနေ့မှာ ပန်းထိမ် ဆရာတဦးဟာ သူ့တို့အိမ်မှာ ခဏ ဝင်နားရင်း အဲ့ဒီ စိန်ရိုင်းတုံးလေးကို တွေ့မြင်သွား ပြန်တယ်။ အဖိုးတန်တဲ့ အရာလို့ အကျိုးအကြောင်း ပြောပြီး သိန်းတရာနဲ့ လဲယူသွားတယ်။

တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့ လူရဲ့ လက်ထဲမှာပဲ တန်ဖိုးဟာ ထိုးတက် သွားတယ်။ ဘဝ ဆိုတာလည်း အဲဒီလိုပါပဲ။

ကိုယ့်ကို တန်ဖိုးထား သူတွေရဲ့ ရင်ထဲမှာ ကိုယ်ဟာ တန်ဖိုးရှိနေပြီး ကိုယ့်တန်ဖိုးကို နားမလည် သူတွေရဲ့ အမြင် မှာတော့ ကိုယ်ဟာ ရေထဲ ပစ်ထည့် ခံရသူလို ပါပဲ။

သူဘယ်လောက်ပဲ တန်ဖိုးရှိ နေပါစေ ကိုယ်တိုင် တန်ဖိုးရှိအောင် နေပါ။ ဘဝမှာ ကိုယ်က တန်ဖိုးထားပေမယ့် ကိုယ့်ဆီက ထွက်သွားသူတွေ အတွက် ဝမ်းနည်းနေမယ့် အစား ကိုယ့်ကို တန်ဖိုးထား သူတွေအတွက် အချိန်ပိုပေး လိုက်ပါ။

တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့ လူတွေအတွက်မို့ ကိုယ့်တန်ဖိုးကို ကိုယ်မဖျက်ဆီး ပါနဲ့။ သူများက ယုံကြည်လို့ ပေးအပ်ထားတဲ့ တန်ဖိုးကိုလည်း မဖျက်ဆီးလိုက် ပါနဲ့။

ဘဝမှာ ယုံကြည်သူရဲ့ သစ္စာဖောက်ခြင်း ခံရတာလောက် ခံရခက်တာ မရှိတာမို့ ကိုယ့်က သူ့ယုံကြည်မှုကို နင်းမယ် တွေးမိတိုင်းငါအလှည့် ဆိုတာကို တွေးကြည့်လိုက်ပါ။ တန်ဖိုးကို မဖျက်ဆီးလိုက် ပါနဲ့။ Crd

Post a Comment

0 Comments