အသက် ၃၅ နှစ် ပြည့်တဲ့ အချိန်ထိ သင်ဟာ ဘာတခုမျှ မပိုင်သေးတဲ့ အခါ ဘယ်သူမှ သင့်ကို သနားနေ လိမ့်မယ် မထင်ပါနဲ့။
ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် သင် ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက် ကမှ သင့်ကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ လျှော့ပေးလိမ့်မယ် မထင်ပါနဲ့။ ကလေးကွက် နင်းနေတဲ့လူ စီးပွားရေး လောကမှာ တယောက်မှ မပါ ပါဘူး။
ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့ အခါရော။ ဘယ်သူကမှ သင့်ကို စာနာလို့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာ ဆောင်ပေးမယ်လို့ မထင်ပါနဲ့။
မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကု ချင်တယ်။ ဘယ်သူကမှ သင့်ကို ချစ်လို့ ဆိုပြီးတော့ သင့်မိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်ပါနဲ့။
မိသားစု ဆင်းရဲလို့ မချမ်းသာ လာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲစမ်း ပါနဲ့။ ဆင်ခြေတွေ အလီလီ ပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံ လာပေးတုန်း။ မပေးဘူးနော်။
ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။ စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။ ချမ်းသာချင်စိတ် မပြင်းပြတဲ့ လူဟာ ဆင်းရဲမှာပဲ။
အသွေးထဲ အသားထဲ ကနေ ချမ်းသာချင် လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့်ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။
အသွေးထဲ အသားထဲ ကနေ ချမ်းသာချင် လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင်မွတ်သိပ် လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့ အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
အသွေးထဲ အသားထဲ ကနေ ချမ်းသာချင် လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီ ကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။
ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါ။ သင်ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိပါတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နှစ်ခု ထဲက တခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ သင်ဟာ အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။ Crd
0 Comments