အခက်အခဲတွေကို အသုံးချလိုက်ပါ

တခါတုန်းက လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျ ပါရော။ မြည်းက စနားစဖွယ် ငိုကြွေးနေ ခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လို လုပ်ရမလဲ ဆိုတာ အကြံထုတ် နေခဲ့တယ်။

မြည်းဟာ အိုနေပြီ ရေတွင်းဟောင်း ကလည်း ဟောင်းနေလို့ မြေဖို့ပစ်ဖို့ လိုနေပြီ။ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန် တော့ဘူးလို့ လယ်သမားက ဆုံးဖြတ် လိုက်တယ်။

လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ်။ အိမ်နီးချင်း တွေလည်း ဂေါ်ပြား ကိုယ်ဆီ ကိုင်ပြီး ရောက်လာ ကြတယ်။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင် ဖို့ကြတယ်။

ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာ သိပြီး တုန်လှုပ် ငိုကြွေး ပါတော့တယ်။ နောက်တော့ မြည်းဟာ ငြိမ်သက်သွားတယ်။

မြေကြီးတွေ အတော် ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ်။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့် သွားတယ်။

မြည်းဟာ သူ့ရဲ့ ကျောပေါ် ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက် လာတဲ့ မြေသားနဲ့ အတူ အပေါ်ကို တဖြည်း ဖြည်း ရောက်လာတယ်။

နောက်ဆုံးမှာ မြည်းဟာ သူ့ကို ဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာ ခဲ့ပါတယ်။

လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ် ကျရောက်ပါစေ ဒါတွေကို ခါချပြီး ဘဝတက်လမ်း အတွက် အသုံးချ လိုက်ပါ။

တကယ်တော့ ဒုက္ခဆိုတာ ဘဝ အောင်မြင်ဖို့ အတွက် ခုတုံးတွေ လှေခါးထစ် တွေပဲ ဖြစ်ပါတယ်။

ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ အရှုံးမပေး ပါနဲ့။ ဒုက္ခတွေကို ခါထုတ် ပစ်လိုက်ပြီး လှေခါးထစ်လို အသုံးချ လိုက်ပါ။ Crd

Post a Comment

0 Comments