လုပ်နိုင်စွမ်းကို ကန့်သတ် မထားပါနဲ့

ကျနော်တို့တတွေက တခါတရံမှာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို ကန့်သတ်ထားတတ် ကြပါတယ်။

ကျနော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို တခါတရံမှာ သူများတွေက လာပြီး ကန့်သတ်တာ ရှိသလို ကိုယ်တိုင် ကန့်သတ်နေမိ တာလည်း ဖြစ်တတ် ပါတယ်။ ဘေးပတ်ဝန်းကျင် ကနေ ကိုယ့်ကို ဒီလောက်ထိ မလုပ်နိုင်ပါဘူး။

ဒါတွေကို မဆောင်ရွက် နိုင်ပါဘူး ဆိုပြီး သူများပြောတဲ့ စကားတွေကို ကျနော်တို့က ကိုယ်တကယ် မလုပ်နိုင်ဘူး ဆိုပြီး ခံယူလိုက်တာက သူများက ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို လာကန့်သတ်တာကို ကျနော်တို့ လက်ခံလိုက် တာပါ။

တခါတရံ ကျတော့လည်း ကိုယ်တိုင်က ဒါမျိုးတွေ မလုပ်နိုင် ပါဘူးလေ၊ ဒါတွေက ကိုယ်နဲ့မှ မသက်ဆိုင်တာ၊ လက်လှမ်းမှ မမှီတာ၊ ကိုယ်လုပ်ရင် မဖြစ်နိုင်လောက်ဘူး ဆိုပြီး လက်ခံနေလိုက် တာပါ။

အဲဒီလိုအခြေမျိုး ကျတော့ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကိုယ်တိုင်က ကန့်သတ်လိုက်တာ မျိုးပါ။ ကျနော် လေ့လာဖူးတဲ့ ပုံပြင်လေးတပုဒ်ရှိပါတယ်။

ဆင်အကြီးကြီး တွေကို တိုင်ငယ်လေးမှာ ကြိုးသေးသေးလေးနဲ့ ချည်ထားလို့ ရတဲ့ အကြောင်းအရင်းက သူတို့ ငယ်ရွယ်စဉ်မှာ အရွယ်အစားနဲ့ လိုက်တဲ့ တိုင်ငယ်လေးမှာ ကြိုးသေးသေးလေးနဲ့ ဆင်ထိန်းတွေက ချည်နှောင်ထား ကြပါတယ်။

ဒီအခါမှာ ဆင်ငယ်လေး တွေက ရုန်းကြည့်တဲ့ အခါမှာ ရုန်းလို့ မရတော့ တသက်လုံး ရုန်းလို့ မရတော့ဘူးလို့ ထင်ပြီး တသက်လုံး ထပ်ပြီး မရုန်းတော့ တာပါ။

ဒါကြောင့် ဆင်တွေ ကြီးလာသည့် တိုင်အောင် တိုင်ငယ်လေးမှာ ကြိုးသေးသေးလေးတွေ နဲ့ပဲ ချည်ထားလို့ ရနေတာပါ။ ကျနော်တို့ ကရော တခါမှ မစမ်းသပ်ကြည့် ပဲနဲ့ မဖြစ်နိုင်ဘူးလို့ တွေးနေမှာလား။

တခါလေး ကြိုးစားကြည့်ဖူး ရုံနဲ့၊ တခါလေး ရှုံးနိမ့်ဖူးရုံနဲ့ ဆက်မကြိုးစား ကြည့်ဘဲ ရပ်တန့်လိုက် မှာလား။ ပထမတခါ ကိုယ်မအောင်မြင်ခဲ့တဲ့ အရာက တသက်လုံး မအောင်မြင်နိုင်ဘူးလို့ ဆိုလို့ မရပါဘူး။

ကျနော်တို့ရဲ့ အထင်အမြင် တွေထက် ကျနော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေက ပိုပြီး ကြီးမားနေတတ် ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့လည်း ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို မကန့်သတ်မိ စေဖို့ ဂရုပြုဖို့အတွက် အကြံပြုလိုက် ပါတယ်နော်။ Crd

Post a Comment

0 Comments