သစ္စာဖောက်သော ခါငှက်
တခါက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့် ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ်။ တနေ့သော အခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက် တကောင် ဖမ်းမိပါတယ်။ အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ်။
"အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန် ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေး ပါမည်" လို့ ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ်။
ထိုအခါ သိမ်းငှက်ဆရာက "မလွှတ်ပေးဘူး။ သင့်ကို ငါ လွှတ်ပေးဖို့ မရည်ရွယ်ဘူး။ သို့သော် ယခု သင့်ကို ငါက လွှတ်ပေးလိုက်မည် ဆိုလျှင် သင့်ရဲ့ ပြောစကား အရ သင့်ရဲ့ ပြစ်ဒဏ်ကို သင်ကိုယ်တိုင် မခံယူဘဲ
သင့်ရဲ့ ပြစ်ဒဏ်ကို သင့်ရဲ့ မိတ်ဆွေတွေ အပေါ် သစ္စာဖောက်ပြီး ကိုယ့်အသက်ကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ ကလိမ်ကကျစ် သင်ဟာ သေတာထက် ပိုဆိုးတဲ့ အရာနဲ့ ထိုက်တန်တယ်" လို့ ပြန်ပြောလိုက် ပါတော့တယ်။
ဒီပုံပြင်လေးလိုပဲ ကျွန်တော်တို့ လူ့လောကမှာလည်း ဖြစ်ပျက်နေ ကြပါတယ်။ ကိုယ်ကောင်းစားဖို့၊ လွတ်မြောက်ဖို့ အတွက် သူတပါးကို အပြစ်ပုံချ၊ ဒုက္ခတွင်းထဲ ဆွဲခေါ်ကြတဲ့ လူတွေလည်း ရှိနေကြ ပါတယ်။ Crd
Zawgyi
သစ္စာဖောက်သော ခါငှက်
Post a Comment
0 Comments