အချိန်နှင့် တန်ဖိုး

တချိန်တုန်းက ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ လမ်းမကြီး ဘေးနားက ကဖီးဆိုင် တခုမှာ ပန်းချီဆွဲ ဖို့ ပြင်ဆင်နေ ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ ပုံတပုံ ဆွဲဖို့ ပုံကြမ်း ရေးခြစ်နေတဲ့ အချိန် ဖြစ်ပါတယ်။

ကဖီးဆိုင်ကို လာတဲ့ အမျိုးသမီး တယောက်က ပီကာဆိုကို တွေ့သွားတယ်။ အမျိုးသမီးရဲ့ စိတ်ထဲမှာ လမ်းဘေးက ပုံတူဆွဲတဲ့ ပန်းချီဆရာ တယောက်လို့ပဲ ထင်ဟန် တူပါ တယ်။ ဒါကြောင့် သူ့ဖို့ ပုံတူ ဆွဲပေးဖို့ ပြောပါတယ်။ ပီကာဆို ကလည်း သဘောတူ ခဲ့တယ်။

မိနစ်ပိုင်း အတွင်းမှာပဲ အမျိုးသမီးရဲ့ ပုံတူကို ပန်းချီဆွဲလို့ ပြီးသွား ခဲ့တယ်။ သဘောကျသွားတဲ့ အတွက် အမျိုးသမီးက ပီကာဆိုကိုမေးတယ်။ "ပန်းချီဆရာရှင့် ဘယ်လောက် ကျပါသလဲ"

ဒီတော့ ပီကာဆိုက လေအေးအေးလေးနဲ့ ပြောလိုက်တယ်။ "ငါးထောင် ကျပါတယ်" အမျိုးသမီးက အံ့သြသွားတဲ့အရိပ်အယောင်နဲ့ မိနစ် ပိုင်းလေး အချိန်ပေး ရတာကို ငွေငါးထောင်တောင် ယူတဲ့အတွက် မကျေမနပ် ဖြစ်သွားတယ်။

ဒီတော့ အမျိုးသမီးက ပီကာဆိုကို ပြောတယ်။ "သုံးမိနစ်လောက်လေး အချိန် ပေးရတာနဲ့ ငွေငါးထောင်တောင် ယူရသလား" ထိုအခါ ပီကာဆိုက အမျိုးသမီးကို တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။ "သုံးမိနစ် မဟုတ်ပါဘူး တဘဝလုံး အချိန်ပေးခဲ့ ရတာပါ" တဲ့။

တန်ဖိုး ဆိုတာ ပေးဆပ်ခဲ့ ရတဲ့ အချိန်ကာလနဲ့ ထပ်တူညီ ပါတယ်။ အောင်မြင်မှုတခု ရဖို့၊ အတတ်ပညာ တခု ကျွမ်းကျင်ဖို့အတွက် အချိန်အများကြီး ပေးဆပ်ခဲ့ရ သလို ဖြစ်ပေါ်လာတဲ့ တန်ဖိုးကလည်း လတ်တလော ပေးလိုက်ရတဲ့ အချိန်ပေါ် မူတည်ပြီး တွက်ချက်လို့ မရပါဘူး။ ပေးဆပ်ခဲ့ ရတဲ့ အချိန်ကာလ အရင်းအနှီး ကြီးလေလေ တန်ဖိုး တက်လေလေ ပါပဲ။ သက်တန့်ချို

Zawgyi

အခ်ိန္နွင့္ တန္ဖိုး

တခ်ိန္တုန္းက ကမာၻေက်ာ္ ပန္းခ်ီဆရာႀကီး ပီကာဆိုဟာ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရဲ႕ လမ္းမႀကီး ေဘးနားက ကဖီးဆိုင္ တခုမွာ ပန္းခ်ီဆြဲ ဖို႔ ျပင္ဆင္ေန ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူဟာ ပုံတပုံ ဆြဲဖို႔ ပုံၾကမ္း ေရးျခစ္ေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။

ကဖီးဆိုင္ကို လာတဲ့ အမ်ိဳးသမီး တေယာက္က ပီကာဆိုကို ေတြ႕သြားတယ္။ အမ်ိဳးသမီးရဲ႕ စိတ္ထဲမွာ လမ္းေဘးက ပုံတူဆြဲတဲ့ ပန္းခ်ီဆရာ တေယာက္လို႔ပဲ ထင္ဟန္ တူပါ တယ္။ ဒါေၾကာင့္ သူ႔ဖို႔ ပုံတူ ဆြဲေပးဖို႔ ေျပာပါတယ္။ ပီကာဆို ကလည္း သေဘာတူ ခဲ့တယ္။

မိနစ္ပိုင္း အတြင္းမွာပဲ အမ်ိဳးသမီးရဲ႕ ပုံတူကို ပန္းခ်ီဆြဲလို႔ ၿပီးသြား ခဲ့တယ္။ သေဘာက်သြားတဲ့ အတြက္ အမ်ိဳးသမီးက ပီကာဆိုကိုေမးတယ္။ "ပန္းခ်ီဆရာရွင့္ ဘယ္ေလာက္ က်ပါသလဲ"

ဒီေတာ့ ပီကာဆိုက ေလေအးေအးေလးနဲ႔ ေျပာလိုက္တယ္။ "ငါးေထာင္ က်ပါတယ္" အမ်ိဳးသမီးက အံ့ၾသသြားတဲ့အရိပ္အေယာင္နဲ႔ မိနစ္ ပိုင္းေလး အခ်ိန္ေပး ရတာကို ေငြငါးေထာင္ေတာင္ ယူတဲ့အတြက္ မေက်မနပ္ ျဖစ္သြားတယ္။

ဒီေတာ့ အမ်ိဳးသမီးက ပီကာဆိုကို ေျပာတယ္။ "သုံးမိနစ္ေလာက္ေလး အခ်ိန္ ေပးရတာနဲ႔ ေငြငါးေထာင္ေတာင္ ယူရသလား" ထိုအခါ ပီကာဆိုက အမ်ိဳးသမီးကို တည္ၿငိမ္စြာနဲ႔ ေျပာလိုက္တယ္။ "သုံးမိနစ္ မဟုတ္ပါဘူး တဘဝလုံး အခ်ိန္ေပးခဲ့ ရတာပါ" တဲ့။

တန္ဖိုး ဆိုတာ ေပးဆပ္ခဲ့ ရတဲ့ အခ်ိန္ကာလနဲ႔ ထပ္တူညီ ပါတယ္။ ေအာင္ျမင္မႈတခု ရဖို႔၊ အတတ္ပညာ တခု ကြၽမ္းက်င္ဖို႔အတြက္ အခ်ိန္အမ်ားႀကီး ေပးဆပ္ခဲ့ရ သလို ျဖစ္ေပၚလာတဲ့ တန္ဖိုးကလည္း လတ္တေလာ ေပးလိုက္ရတဲ့ အခ်ိန္ေပၚ မူတည္ၿပီး တြက္ခ်က္လို႔ မရပါဘူး။ ေပးဆပ္ခဲ့ ရတဲ့ အခ်ိန္ကာလ အရင္းအႏွီး ႀကီးေလေလ တန္ဖိုး တက္ေလေလ ပါပဲ။ သက္တန႔္ခ်ိဳ

Post a Comment

0 Comments