တခါက ပျားတကောင်သည် ပျံသန်းနေရင်းမှာ ကံမကောင်းစွာနှင့် ရေစီးဆင်းနေသည့် မြစ်ထဲသို့ ပြုတ်ကျသွား လေသည်။ ရေစီးက မြန်သောကြောင့် ပျားသည် မည်သို့မျှ မတတ်နိုင်ပဲ ရေစီးနဲ့ ပါသွားသည်။
ထိုအချိန်တွင် ချိုးငှက် တကောင်သည် ကောင်းကင်မှာ ပျံသန်းနေရင်း မြစ်ထဲတွင် ဒုက္ခရောက်နေသော ပျားကို မြင်မိပြီး ကူညီမည်ဟု ဆုံးဖြတ်လိုက် လေသည်။
ချိုးငှက်ဟာ သစ်ပင် တပင်မှ သစ်ရွက် တရွက်အား ခူး၍ ပျားနားသို့ သွားချပေး လိုက်ရာ ပျားသည် ထိုသစ်ရွက်ပေါ်သို့ တက်၍ သူ၏ ရေစိုနေသော အတောင်များကို ခါကာ ကောင်းကင်သို့ ပျံသန်း သွားလေသည်။
ရက်အနည်းငယ် ကြာသောအခါ ပျားသည် သေနတ်ကိုင်လာသော မုဆိုးများကို တွေ့လိုက်ရ လေသည်။ မုဆိုးများသည် ချိုးငှက်၏ အကြီးမားဆုံး အန္တရာယ် ဖြစ်ကြောင်း သိရှိလေသည်။ ချိုးငှက်အား သွားရောက် ပြောကြားရန်လည်း အချိန် မမှီတော့ပေ။
ထို့နောက် ပျားသည် မုဆိုး၏ သေနတ် ကိုင်ထားသော လက်ကို သူ၏ အပေါင်းအဖော် ပျားများဖြင့် ဝိုင်း၍ တိုက်ခိုက်ကြ လေရာ မုဆိုးသည် အလွန် နာကျင်လွန်း လှသဖြင့် တောထဲမှ ထွက်ပြေး သွားလေသည်။
ထိုအခါ ချိုးငှက်သည် မုဆိုး၏ အန္တရယ်ပေးမည့် ဘေးမှ လွတ်မြောက် သွားလေသည်။
တချို့က ကျေးဇူးဆပ်တယ်၊ တချို့က ကျေးဇူးကန်းတယ်၊ တချို့က ကျေးဇူး ဆပ်မှန်း မသိအောင် ဆပ်တယ်။ တချို့ကတော့ ကျေးဇူးကို ရှယ်ပက်ကေ့ချ်နဲ့ပါ ကန်းတယ်။
မိမိအပေါ် ကျေးဇူးရှိသူအား ကျေးဇူးမကန်းပဲ အခွင့်အခါ ကြုံတိုင်း ကူညီပေးခြင်းသည် မင်္ဂလာ တပါးပင် ဖြစ်သည်။ Crd
Zawgyi
ေက်းဇူးသိေသာ ပ်ား
တခါက ပ်ားတေကာင္သည္ ပ်ံသန္းေနရင္းမွာ ကံမေကာင္းစြာႏွင့္ ေရစီးဆင္းေနသည့္ ျမစ္ထဲသို႔ ျပဳတ္က်သြား ေလသည္။ ေရစီးက ျမန္ေသာေၾကာင့္ ပ်ားသည္ မည္သို႔မွ် မတတ္ႏိုင္ပဲ ေရစီးနဲ႔ ပါသြားသည္။
ထိုအခ်ိန္တြင္ ခ်ိဳးငွက္ တေကာင္သည္ ေကာင္းကင္မွာ ပ်ံသန္းေနရင္း ျမစ္ထဲတြင္ ဒုကၡေရာက္ေနေသာ ပ်ားကို ျမင္မိၿပီး ကူညီမည္ဟု ဆုံးျဖတ္လိုက္ ေလသည္။
ခ်ိဳးငွက္ဟာ သစ္ပင္ တပင္မွ သစ္႐ြက္ တ႐ြက္အား ခူး၍ ပ်ားနားသို႔ သြားခ်ေပး လိုက္ရာ ပ်ားသည္ ထိုသစ္႐ြက္ေပၚသို႔ တက္၍ သူ၏ ေရစိုေနေသာ အေတာင္မ်ားကို ခါကာ ေကာင္းကင္သို႔ ပ်ံသန္း သြားေလသည္။
ရက္အနည္းငယ္ ၾကာေသာအခါ ပ်ားသည္ ေသနတ္ကိုင္လာေသာ မုဆိုးမ်ားကို ေတြ႕လိုက္ရ ေလသည္။ မုဆိုးမ်ားသည္ ခ်ိဳးငွက္၏ အႀကီးမားဆုံး အႏၲရာယ္ ျဖစ္ေၾကာင္း သိရွိေလသည္။ ခ်ိဳးငွက္အား သြားေရာက္ ေျပာၾကားရန္လည္း အခ်ိန္ မမွီေတာ့ေပ။
ထို႔ေနာက္ ပ်ားသည္ မုဆိုး၏ ေသနတ္ ကိုင္ထားေသာ လက္ကို သူ၏ အေပါင္းအေဖာ္ ပ်ားမ်ားျဖင့္ ဝိုင္း၍ တိုက္ခိုက္ၾက ေလရာ မုဆိုးသည္ အလြန္ နာက်င္လြန္း လွသျဖင့္ ေတာထဲမွ ထြက္ေျပး သြားေလသည္။ ထိုအခါ ခ်ိဳးငွက္သည္ မုဆိုး၏ အႏၲရယ္ေပးမည့္ ေဘးမွ လြတ္ေျမာက္ သြားေလသည္။
တခ်ိဳ႕က ေက်းဇူးဆပ္တယ္၊ တခ်ိဳ႕က ေက်းဇူးကန္းတယ္၊ တခ်ိဳ႕က ေက်းဇူး ဆပ္မွန္း မသိေအာင္ ဆပ္တယ္။ တခ်ိဳ႕ကေတာ့ ေက်းဇူးကို ရွယ္ပက္ေက့ခ်္နဲ႔ပါ ကန္းတယ္။ မိမိအေပၚ ေက်းဇူးရွိသူအား ေက်းဇူးမကန္းပဲ အခြင့္အခါ ႀကဳံတိုင္း ကူညီေပးျခင္းသည္ မဂၤလာ တပါးပင္ ျဖစ္သည္။ Crd
0 Comments