သကြားလုံးကပေးသော သင်ခန်းစာ

တခါတုန်းက ကလေးတယောက်နဲ့ သူ့အမေနဲ့က ဈေးဆိုင်တဆိုင်ကို ဈေးသွားဝယ် ပါသတဲ့။ ဈေးဆိုင်ပိုင်ရှင်က ချစ်စရာ ကလေးလေးကို မြင်တော့ သကြားလုံး ထည့်ထားတဲ့ ပုလင်း လေးကို ပြပြီး ပြောတယ်။

"သမီးလေးက ချစ်စရာလေး သကြားလုံး စားမလား။ ယူလိုက်သမီး"

ဒါပေမဲ့ ကလေးမလေးက မယူပါဘူး။ ကလေးလေး ဖြစ်ပြီး ပေးနေတာတောင် မယူဘူး။ ဘာကြောင့်များပါလိမ့် ဆိုပြီး ဆိုင်ပိုင်ရှင်လည်း အံ့သြသွားတာပေါ့၊၊

အဲဒါနဲ့ ထပ်ပြီး ပြောတယ်။ "ယူပါ သမီးရဲ့ ယူပါ" သူ့ရဲ့ အမေကလည်း ထပ်ပြီး ပြောတယ်။ "သမီး ဦးက ချစ်လို့ ကျွေးတာ ယူလိုက်လေ သမီးရဲ့"

ကောင်မလေးက လုံးဝ မယူပါဘူး ပြုံးပြုံးလေး ကြည့်နေပါတယ်။ အဲဒီလိုနဲ့ ဆိုင်ပိုင်ရှင်က သူ့ဘာသာသူ ပုလင်းထဲက သကြားလုံးလေးတွေ လက်နဲ့ နိုက်ပေးလိုက်ပါတယ်။

ဒီတော့မှ ကောင်မလေးက ပျော်ရွှင်စွာ လက်ကလေး နှစ်ဖက်နဲ့ ခံယူလိုက်ပါတယ်။ အိမ်အပြန်လမ်းမှာ မိခင်ဖြစ်သူက ကောင်မလေးကို မေးပါတယ်။ "သမီး၊ ဟိုဦးက သမီးကို သကြားလုံး ယူဆိုတုန်းက ဘာလို့ မယူတာလဲ"

သူငယ်ချင်းတို့ ကလေးလေးက ဘာပြန်ပြောမယ် ထင်ပါသလဲ။ ကလေးလေးက ပြန်ဖြေပါတယ်။ "မေမေကလည်း၊ သမီးလက်ကလေးက သေးသေးလေးလေ သမီး ယူလိုက်ရင် နဲနဲပဲ ရမှာပေါ့။

ခုတော့ တွေ့တယ် မဟုတ်လား။ ဟိုဦးက သူ့လက် အကြီးကြီးနဲ့ ယူပေးတော့ သကြားလုံးတွေ အများကြီး ရတယ်" လေတဲ့။

သူငယ်ချင်းတို့ရေ၊ ကိုယ်ကိုယ်တိုင် ယူရတာထက် သူက လိုလိုလားလား ပေးတဲ့အခါ ပိုရပါတယ်။ နောက်ပြီး လောက သဘာဝတခု ရှပါသေးတယ်။ "လိုချင်နေရင် မပေးချင်ကြဘူး မလိုချင်ရင် ပေးချင်ကြတယ်"

ဒါကြောင့် ကိုယ့်အလိုရမက်ကို လူသိအောင် မပြပါနဲ့။ သူ့ဘက်က လိုလိုလားလား ပေးလာခဲ့ရင်တောင် ကိုယ့်ဘက်က "ဟင့်အင်း" လို့ တခါလောက် ငြင်းလိုက်ပါ၊ နောက်တခုပါ လက်ဆောင် ပေးလာပါလိမ့်မယ်။ phoomyatchal

Zawgyi

သၾကားလုံး

တခါတုန္းက ကေလးတေယာက္နဲ႔ သူ႔အေမနဲ႔က ေဈးဆိုင္တဆိုင္ကို ေဈးသြားဝယ္ ပါသတဲ့။ ေဈးဆိုင္ပိုင္ရွင္က ခ်စ္စရာ ကေလးေလးကို ျမင္ေတာ့ သၾကားလုံး ထည့္ထားတဲ့ ပုလင္း ေလးကို ျပၿပီး ေျပာတယ္။ "သမီးေလးက ခ်စ္စရာေလး သၾကားလုံး စားမလား။ ယူလိုက္သမီး"

ဒါေပမဲ့ ကေလးမေလးက မယူပါဘူး။ ကေလးေလး ျဖစ္ၿပီး ေပးေနတာေတာင္ မယူဘူး။ ဘာေၾကာင့္မ်ားပါလိမ့္ ဆိုၿပီး ဆိုင္ပိုင္ရွင္လည္း အံ့ၾသသြားတာေပါ့၊၊ အဲဒါနဲ႔ ထပ္ၿပီး ေျပာတယ္။ "ယူပါ သမီးရဲ႕ ယူပါ" သူ႔ရဲ႕ အေမကလည္း ထပ္ၿပီး ေျပာတယ္။ "သမီး ဦးက ခ်စ္လို႔ ေကြၽးတာ ယူလိုက္ေလ သမီးရဲ႕"

ေကာင္မေလးက လုံးဝ မယူပါဘူး ၿပဳံးၿပဳံးေလး ၾကည့္ေနပါတယ္။ အဲဒီလိုနဲ႔ ဆိုင္ပိုင္ရွင္က သူ႔ဘာသာသူ ပုလင္းထဲက သၾကားလုံးေလးေတြ လက္နဲ႔ ႏိုက္ေပးလိုက္ပါတယ္။

ဒီေတာ့မွ ေကာင္မေလးက ေပ်ာ္႐ႊင္စြာ လက္ကေလး ႏွစ္ဖက္နဲ႔ ခံယူလိုက္ပါတယ္။ အိမ္အျပန္လမ္းမွာ မိခင္ျဖစ္သူက ေကာင္မေလးကို ေမးပါတယ္။ "သမီး၊ ဟိုဦးက သမီးကို သၾကားလုံး ယူဆိုတုန္းက ဘာလို႔ မယူတာလဲ"

သူငယ္ခ်င္းတို႔ ကေလးေလးက ဘာျပန္ေျပာမယ္ ထင္ပါသလဲ။ ကေလးေလးက ျပန္ေျဖပါတယ္။ "ေမေမကလည္း၊ သမီးလက္ကေလးက ေသးေသးေလးေလ သမီး ယူလိုက္ရင္ နဲနဲပဲ ရမွာေပါ့။ ခုေတာ့ ေတြ႕တယ္ မဟုတ္လား။ ဟိုဦးက သူ႔လက္ အႀကီးႀကီးနဲ႔ ယူေပးေတာ့ သၾကားလုံးေတြ အမ်ားႀကီး ရတယ္" ေလတဲ့။

သူငယ္ခ်င္းတို႔ေရ၊ ကိုယ္ကိုယ္တိုင္ ယူရတာထက္ သူက လိုလိုလားလား ေပးတဲ့အခါ ပိုရပါတယ္။ ေနာက္ၿပီး ေလာက သဘာဝတခု ရွပါေသးတယ္။ "လိုခ်င္ေနရင္ မေပးခ်င္ၾကဘူး မလိုခ်င္ရင္ ေပးခ်င္ၾကတယ္"

ဒါေၾကာင့္ ကိုယ့္အလိုရမက္ကို လူသိေအာင္ မျပပါနဲ႔။ သူ႔ဘက္က လိုလိုလားလား ေပးလာခဲ့ရင္ေတာင္ ကိုယ့္ဘက္က "ဟင့္အင္း" လို႔ တခါေလာက္ ျငင္းလိုက္ပါ၊ ေနာက္တခုပါ လက္ေဆာင္ ေပးလာပါလိမ့္မယ္။ phoomyatchal

Post a Comment

0 Comments