အင်တာဗျူး တခုမှာ ဘီလ်ဂိတ် ပြောတဲ့ စကားလေးပါ။
"ကျနော် ကျောင်းတက်တုန်းက ဘာသာရပ် အချို့ စာမေးပွဲ ကျပြီး သူငယ်ချင်းတွေက အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင်ရှင် ဖြစ်လာတယ်"
တကယ့် လက်တွေ့ ကမ္ဘာ့အိုင်တီလောက မှာလည်း ဒီအတိုင်း ပါပဲ။ မိန်းကလေးများက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောက်ျားလေးတွေက ကျပါတယ်။
သို့ပေမယ့် ၎င်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆိုင်ဘာလုံခြုံရေး အဖွဲ့အစည်း တွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တချို့တလေကို ပြောတာပါ။
ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။ တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုး မှန်ရင် ထားရမယ့် target က တမျိုး ပြောင်းသွားပါပြီ။
ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ ဆိုတာ တချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်းစားပြီး ကျောင်းတက်ခဲ့တဲ့ သူတွေပါ။
ဒီတော့ အထောက်အပံ့ ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်း မကောင်းတာတို့က ပြစရာ အကြောင်းပြချက် တခု မဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။
သာမန် လုပ်ရိုးလုပ်စဉ် အတိုင်း ဆက်လုပ်မယ်၊ လခစား ဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တသက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ၊ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။
ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တခုကို အတိအကျ ရွေးပြီး အခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ပါတယ်။ Aung Ko Latt (ရာမညမြေ)
Zawgyi
ေအာင္ျမင္သူတို႔၏ လမ္းစဥ္
အင္တာဗ်ဴး တခုမွာ ဘီလ္ဂိတ္ ေျပာတဲ့ စကားေလးပါ။ "က်ေနာ္ ေက်ာင္းတက္တုန္းက ဘာသာရပ္ အခ်ိဳ႕ စာေမးပြဲ က်ၿပီး သူငယ္ခ်င္းေတြက ေအာင္ျမင္တယ္။ သူတို႔က မိုက္ခ႐ိုေဆာ့ဖ္ ကုမၸဏီရဲ႕ ဝန္ထမ္းေတြ ျဖစ္သြားၿပီး က်ေနာ္က မိုက္ဖ႐ိုေဆာ့ဖ္ကုမၸဏီပိုင္ရွင္ ျဖစ္လာတယ္"
တကယ့္ လက္ေတြ႕ ကမာၻ႔အိုင္တီေလာက မွာလည္း ဒီအတိုင္း ပါပဲ။ မိန္းကေလးမ်ားက အတန္းထဲမွာ အမွတ္ျပည့္နဲ႔ အိုင္တီေမဂ်ာ ကို ေအာင္ျမင္ၿပီး ေယာက္်ားေလးေတြက က်ပါတယ္။
သို႔ေပမယ့္ ၎ အမ်ိဳးသားမ်ားက ကမာၻ႔ထိပ္တန္း ဆိုင္ဘာလုံၿခဳံေရး အဖြဲ႕အစည္း ေတြက အားကိုးရတဲ့ ဟက္ကာေတြ ျဖစ္ကုန္ပါတယ္။ တခ်ိဳ႕တေလကို ေျပာတာပါ။
ဒါေၾကာင့္ စာေမးပြဲမွာ အမွတ္ျပည့္ရဖို႔ ႀကိဳးစားေနျခင္းက အကန႔္အသတ္ ရွိပါတယ္။ တကယ့္ လက္ေတြ႕ဘဝ အသုံးခ်ဖို႔ ရည္႐ြယ္႐ိုး မွန္ရင္ ထားရမယ့္ target က တမ်ိဳး ေျပာင္းသြားပါၿပီ။
ဘီလ္ဂိတ္တို႔၊ စတိဗ္ေဂ်ာ့တို႔ ဆိုတာ တခ်ိန္တုန္းက ကြန္ျပဴတာကုဒ္ေတြကို စာ႐ြက္ေပး ခ်ေရးလို႔ ေရာင္းစားၿပီး ေက်ာင္းတက္ခဲ့တဲ့ သူေတြပါ။ ဒီေတာ့ အေထာက္အပံ့ ပစၥည္း မရွိတာတို႔၊ အင္တာနက္လိုင္း မေကာင္းတာတို႔က ျပစရာ အေၾကာင္းျပခ်က္ တခု မျဖစ္သင့္ပါဘူး။ လုပ္ခ်င္စိတ္၊ ျဖစ္ခ်င္စိတ္ကသာ အဓိက က်တာပါ။
သာမန္ လုပ္႐ိုးလုပ္စဥ္ အတိုင္း ဆက္လုပ္မယ္၊ လခစား ဘဝမွာ တာဝန္ေက်႐ုံပဲ လုပ္မယ္ဆိုရင္ တသက္လုံး ေနာက္လိုက္ပဲ ျဖစ္မွာပါ၊ လုပ္ငန္းရွင္ ျဖစ္မလာပါဘူး။ ကိုယ့္ေလွ်ာက္မယ့္ ပေရာ္ဖက္ရွင္တခုကို အတိအက် ေ႐ြးၿပီး အခုကတည္းက အေကာင္းဆုံး လုပ္သြားဖို႔ အႀကံေပး တိုက္တြန္း လိုက္ပါတယ္။ Aung Ko Latt (ရာမညေျမ)
0 Comments