တချိန်က ငွေကို ရှိရင် ရှိသလို နဲ့သုံးခဲ့ဖူးတယ်။ လက်ထဲမှာ ငွေလေး ရှိတာနဲ့ လိုအပ်တာရော မလိုအပ်တာတွေ ကိုရော အကုန် စုပြုံပြီး ဝယ်ခဲ့ဖူးတယ်။
အစားအသောက် ဆိုလည်း မကုန်မခမ်းတွေ ဝယ်ပြီး မကုန်တဲ့ အခါ လွှင့်ပစ်လိုက်တဲ့ အခါလည်း ရှိတယ်။ အဝတ်အစားတွေ ပေါနေရဲ့ သားနဲ့လည်း တထည်ပြီး တထည် ဝယ်တယ်။
ချွေတာ စုဆောင်း သူဌေးလောင်း ဆိုတဲ့အတိုင်း ကိုယ်က ငွေကို ချစ်မှ ငွေကလည်း ကိုယ့်ကို ချစ်ပြီး ကိုယ့်အနားမှာ နေမှာပါ။
ကိုယ်က ငွေကို တန်ဖိုးမထားပဲ ရှိရင် ရှိသလို သုံးနေမယ် ဆိုရင်တော့ အရေးအကြောင်း ကြုံတဲ့အခါ သုံးစရာ မရှိပဲ ဒုက္ခရောက်တတ်တယ်။
ကိုယ့်မှာ ရှိတဲ့ ငွေလေးကို မလိုအပ်တဲ့ နေရာတွေမှာ ဖြုန်းနေမယ့် အစား တခုခု ကြိုးစားလုပ် သင့်ပါတယ်။ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံလိုက်တာ ကမှ ကိုယ့်မှာ ရှိတဲ့ငွေကို သိမ်းပြီးသားလည်း ဖြစ်သလို တိုးပွားပြီးသားလည်း ဖြစ်မယ်။
ရေရှားတဲ့ နေရာမှာ နေဖူးမှ ရေတစက်ရဲ့ တန်ဖိုးကို သိသလို ငွေရှိတဲ့ အချိန်တုန်းက ထင်သလို သုံးခဲ့ပြီး ဒုက္ခရောက်တဲ့ အချိန်မှ ငွေရဲ့ တန်ဖိုးကို ပိုနားလည်လာ ခဲ့တယ်။
ငွေတရာ နှစ်ရာ ပိုနေတဲ့အခါ မသိသာ ပေမယ့် လိုနေတဲ့အခါ အရမ်း သိသာတယ်။ တန်ဖိုးထားတတ်ပါစေ။ nanthanthanhtay
Zawgyi
ချွေတာတတ်ကြပါစေ
0 Comments