ရှေးအခါက ရွာတရွာ၌ ချမ်းသာ ကြွယ်ဝသော သူဌေးတဦး ရှိ၏။ ထိုသူဌေးကြီးမှာ သူပိုင်သော ဆန်စပါး များကို အိမ်ဘေး၌ ကျီများဖြင့် သိုလှောင် ထား၏။
တညတွင် သူခိုးများသည် အဆိုပါ သူဌေးကြီး၏ ကျီတိုက်ကို ဖောက်ထွင်းကာ ပါလာသော လုံချည်နှင့် ဆန်စပါး များကို သိမ်းကျုံးထည့်ယူပြီး ပြန်သွား ကြ၏။
တယောက်သော သူခိုးမှာ လက်၌ အနာရှိ၍ လုံချည်ထဲသို့ ဆန်စပါး ကျုံးထည့်စဉ် လက်မှ လက်သည်းခွံ ကျွတ်ကျလေ၏။
ထိုအခါ သူခိုးသည် လက်မှ လက်သည်းခွံ ကျွတ်ကျသောကြောင့် သူဌေးကြီး ချမ်းသာရာက မွဲတော့မည် ဟူ၍ စိတ်မကောင်း ဖြစ်ကာ သူ့ကို မိလိုက မိစေတော့၊ လက်သည်းခွံကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်လိုက်၏။
သူခိုးသည် စပါးပုံထဲတွင် တညလုံး လက်သည်းခွံ ရှာဖွေသော်လည်း အရုဏ်တက်ခါနီး အထိ မတွေ့သေးချေ။ နေဝန်းကြီး ထွက်စ အချိန်တွင် လက်သည်းခွံကို တွေ့ရှိ၍ စပါးကျီက အထွက်၌ သူခိုးအား သူဌေးကြီး၏ တပည့်များက ဖမ်းဆီးပြီး သူဌေးကြီးလက်သို့ အပ်နှံလိုက် ၏။
သူဌေးကြီးသည် သူခိုးအား "အဘယ်ကြောင့် မိုးလင်းသည် အထိ ခိုးယူရသနည်း" ဟူ၍ မေးမြန်း၏။ သူခိုးက ညဉ့်ဦးပိုင်း ကပင် ဆန်စပါး များကို သိမ်းကျုံးယူရာ၌ လက်သည်းခွံ ကျွတ်ကျသဖြင့်
သူဌေးကြီး မမွဲစေ လိုသော စေတနာကြောင့် တညလုံး လက် သည်းခွံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြန်ကြား ပြောဆိုလေ၏။
သူဌေးကြီးသည် သူခိုးပြောသော စကားကို ကြားလျှင် ဝမ်းမြောက် ဝမ်းသာဖြစ်၍ "ဤ သူခိုးကား သစ္စာရှိ သူခိုး ဖြစ်သည်၊ အချည်းနှီး မဖြစ်စေသင့်" ဟူ၍ ဆိုကာ ဆုလာဘ်များ ပေးပြီး ခြံစောင့်အလုပ် ကိုလည်း ပေးလေ၏။ ဆောင်ပုဒ်- သစ္စာတန်ခိုး မေတ္တာကျိုး တန်ဖိုး မဆုံးရာ။ Crd
Zawgyi
သစၥာရွိေသာ ခိုးသား
ေရွးအခါက ႐ြာတ႐ြာ၌ ခ်မ္းသာ ႂကြယ္ဝေသာ သူေဌးတဦး ရွိ၏။ ထိုသူေဌးႀကီးမွာ သူပိုင္ေသာ ဆန္စပါး မ်ားကို အိမ္ေဘး၌ က်ီမ်ားျဖင့္ သိုေလွာင္ ထား၏။
တညတြင္ သူခိုးမ်ားသည္ အဆိုပါ သူေဌးႀကီး၏ က်ီတိုက္ကို ေဖာက္ထြင္းကာ ပါလာေသာ လုံခ်ည္ႏွင့္ ဆန္စပါး မ်ားကို သိမ္းက်ဳံးထည့္ယူၿပီး ျပန္သြား ၾက၏။ တေယာက္ေသာ သူခိုးမွာ လက္၌ အနာရွိ၍ လုံခ်ည္ထဲသို႔ ဆန္စပါး က်ဳံးထည့္စဥ္ လက္မွ လက္သည္းခြံ ကြၽတ္က်ေလ၏။
ထိုအခါ သူခိုးသည္ လက္မွ လက္သည္းခြံ ကြၽတ္က်ေသာေၾကာင့္ သူေဌးႀကီး ခ်မ္းသာရာက မြဲေတာ့မည္ ဟူ၍ စိတ္မေကာင္း ျဖစ္ကာ သူ႔ကို မိလိုက မိေစေတာ့၊ လက္သည္းခြံကို ေတြ႕ေအာင္ ရွာမည္ဟု ဆုံးျဖတ္လိုက္၏။
သူခိုးသည္ စပါးပုံထဲတြင္ တညလုံး လက္သည္းခြံ ရွာေဖြေသာ္လည္း အ႐ုဏ္တက္ခါနီး အထိ မေတြ႕ေသးေခ်။ ေနဝန္းႀကီး ထြက္စ အခ်ိန္တြင္ လက္သည္းခြံကို ေတြ႕ရွိ၍ စပါးက်ီက အထြက္၌ သူခိုးအား သူေဌးႀကီး၏ တပည့္မ်ားက ဖမ္းဆီးၿပီး သူေဌးႀကီးလက္သို႔ အပ္ႏွံလိုက္ ၏။
သူေဌးႀကီးသည္ သူခိုးအား "အဘယ္ေၾကာင့္ မိုးလင္းသည္ အထိ ခိုးယူရသနည္း" ဟူ၍ ေမးျမန္း၏။ သူခိုးက ညဥ့္ဦးပိုင္း ကပင္ ဆန္စပါး မ်ားကို သိမ္းက်ဳံးယူရာ၌ လက္သည္းခြံ ကြၽတ္က်သျဖင့္ သူေဌးႀကီး မမြဲေစ လိုေသာ ေစတနာေၾကာင့္ တညလုံး လက္ သည္းခြံ ရွာေဖြေနျခင္း ျဖစ္ေၾကာင္း ျပန္ၾကား ေျပာဆိုေလ၏။
သူေဌးႀကီးသည္ သူခိုးေျပာေသာ စကားကို ၾကားလွ်င္ ဝမ္းေျမာက္ ဝမ္းသာျဖစ္၍ "ဤ သူခိုးကား သစၥာရွိ သူခိုး ျဖစ္သည္၊ အခ်ည္းႏွီး မျဖစ္ေစသင့္" ဟူ၍ ဆိုကာ ဆုလာဘ္မ်ား ေပးၿပီး ၿခံေစာင့္အလုပ္ ကိုလည္း ေပးေလ၏။ ေဆာင္ပုဒ္- သစၥာတန္ခိုး ေမတၱာက်ိဳး တန္ဖိုး မဆုံးရာ။ Crd
0 Comments