အသေးအမွှားကို ပုံကြီးမချဲ့ပါနဲ့

ရှေးခေတ် ဂျပန်ပြည်မှာ ဘုန်းတော်ကြီး တပါး ရှိခဲ့တယ်။ သူက အလွန် စိတ်တိုတယ်။ ထစ်ခနဲဆို ဘာတခုမှ သည်းညည်း မခံနိုင်။

သူ့ရဲ့ ကျောင်းအနီးမှာ ဖက်ယားပင်ကြီး တပင် ရှိတော့ အဲဒါကို အစွဲပြုပြီး အနီးအနားက လူတွေက သူ့ကို ဖက်ယားပင်ဆရာတော်လို့ ခေါ်ကြတယ်။

အဲဒီလို ခေါ်သံ မကြာခဏ ကြားရတော့ ဆရာတော်ဟာ ဒေါသ ထွက်ပြီး တနေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်တယ်။ သစ်ပင်ကြီးကို ခုတ်တော့ ငုတ်ချည်း ကျန်တဲ့အခါ လူတွေက သစ်ငုတ်တို ဆရာတော်လို့ ပြောင်းခေါ် ကြတယ်။

ဒါကို ကြားတော့ မခံမရပ်နိုင် ဖြစ်ပြန်ပြီး ဒီလောက်တောင် ရှိတာကွာ ဆိုပြီး သစ်ငုတ်ကိုပါ တူးထုတ်ပစ် လိုက်တယ်။ ငုတ် မရှိတဲ့ အခါ လူတွေက တမျိုး ပြောင်းခေါ်တယ်။ ငုတ်တူးဆရာတော် ဆိုပြီး။

ဒီလိုအနေအထား မျိုးမှာ ဆက်လုပ်လေ ရှုံးလေပါပဲ။ ပြဿနာ ဆိုတာ ကိုယ်က ပြဿနာလို့ ခံယူမှ ပြဿနာ ဖြစ်တယ်။ စိတ်အေးအေး ထားမယ် ဆိုရင် ကိစ္စ အတော်များများဟာ အသေးအမွှားသာ ဖြစ်တယ်။

ကိုယ်က ပုံကြီးချဲ့ ခံစားနေသမျှ အသေးအမွှားက အဆမတန် ကြီးထွားပြီး ကိုယ့်ကို ပိုပြီး ဒုက္ခပေး ပါတော့တယ်။ Crd

Zawgyi

အေသးအမြွားကို ပံုၾကီးမခ်ဲ့ပါနဲ့

ေရွးေခတ္ ဂ်ပန္ျပည္မွာ ဘုန္းေတာ္ႀကီး တပါး ရွိခဲ့တယ္။ သူက အလြန္ စိတ္တိုတယ္။ ထစ္ခနဲဆို ဘာတခုမွ သည္းညည္း မခံႏိုင္။

သူ႔ရဲ႕ ေက်ာင္းအနီးမွာ ဖက္ယားပင္ႀကီး တပင္ ရွိေတာ့ အဲဒါကို အစြဲျပဳၿပီး အနီးအနားက လူေတြက သူ႔ကို ဖက္ယားပင္ဆရာေတာ္လို႔ ေခၚၾကတယ္။

အဲဒီလို ေခၚသံ မၾကာခဏ ၾကားရေတာ့ ဆရာေတာ္ဟာ ေဒါသ ထြက္ၿပီး တေန႔မွာ ဖက္ယားပင္ႀကီးကို ခုတ္ပစ္တယ္။ သစ္ပင္ႀကီးကို ခုတ္ေတာ့ ငုတ္ခ်ည္း က်န္တဲ့အခါ လူေတြက သစ္ငုတ္တို ဆရာေတာ္လို႔ ေျပာင္းေခၚ ၾကတယ္။

ဒါကို ၾကားေတာ့ မခံမရပ္ႏိုင္ ျဖစ္ျပန္ၿပီး ဒီေလာက္ေတာင္ ရွိတာကြာ ဆိုၿပီး သစ္ငုတ္ကိုပါ တူးထုတ္ပစ္ လိုက္တယ္။ ငုတ္ မရွိတဲ့ အခါ လူေတြက တမ်ိဳး ေျပာင္းေခၚတယ္။ ငုတ္တူးဆရာေတာ္ ဆိုၿပီး။

ဒီလိုအေနအထား မ်ိဳးမွာ ဆက္လုပ္ေလ ရႈံးေလပါပဲ။ ျပႆနာ ဆိုတာ ကိုယ္က ျပႆနာလို႔ ခံယူမွ ျပႆနာ ျဖစ္တယ္။ စိတ္ေအးေအး ထားမယ္ ဆိုရင္ ကိစၥ အေတာ္မ်ားမ်ားဟာ အေသးအမႊားသာ ျဖစ္တယ္။

ကိုယ္က ပုံႀကီးခ်ဲ႕ ခံစားေနသမွ် အေသးအမႊားက အဆမတန္ ႀကီးထြားၿပီး ကိုယ့္ကို ပိုၿပီး ဒုကၡေပး ပါေတာ့တယ္။ Crd

Post a Comment

0 Comments