စည်းမစောင့်ကြသူများ

တခါတုန်းက ရွာတရွာမှာ ဘုရားကျောင်းဝင်းထဲ မစင်စွန့်ရင် ရွှေချောင်း ဖြစ်တယ် ဆိုပြီး ရွာထဲက လူအတော်များများ မစင်တွေ သွားစွန့် ကြသတဲ့။ ဒါကို ကြားသိသွားတဲ့ ကလေး တယောက်ဟာ အားရဝမ်းသာ ဖြစ်ပြီး သူရဲ့ အဖိုးအိုကို ပြေးပြောသတဲ့။

အဖိုးအိုလည်း မယုံကြည်ဘဲ လိုက်ကြည့်တော့ လူအတော် များများ မစင်တွေ စွန့်ထားတာ တွေ့လိုက်ရ တာပေါ့။ အဲဒါနဲ့ အဖိုးအိုလည်း

"မြေးရေ အထုပ်အပိုးပြင် ဒီရွာက အမြန် ပြေးကြပါစို့" ဆိုပြီး မြေးအဖိုး နှစ်ယောက် ထွက်ပြေးကြ သတဲ့။

အဖိုးအို တို့လည်း ရွာပြင် အရောက် သဲပူမိုးတွေ ရွာထဲကို ရွာချပြီး ရွာထဲက လူတွေ သေကြေ ပျက်စီး ဆုံးရှုံးကြ ပါတော့တယ်။

အခုလည်း လူတွေကို သတိထား ကြည့်ကြည့်ပါ။ အများမိုးခါးရည် သောက်တိုင်း လိုက်သောက် ကြတယ်။

ကိုယ့်ဘဝ အဆင်ပြေဖို့ တခြားဘဝတွေ ဘာဖြစ်ဖြစ် စည်းမစောင့် ကြတော့ပါဘူး။ ကိုယ့်ခန္ဓာထဲက ကလီဇာတွေ အစားထိုး ကုသဖို့ အတွက် တခြားသူတွေ အသက်ကို တန်ဖိုး မထားတတ် ကြတော့ဘူး။

မြင်မြင်သမျှ သတ္တဝါ အကုန် မသေ မရှင်တွေ ပါးစပ်ထဲ ထည့်စားကြပြီး ပါးစပ်စည်း မစောင့်ကြ တော့ဘူး။

ဒါကြောင့် ခုနောက်ပိုင်း အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးလာ ကြတယ်။ ရောဂါဆန်းတွေ တစ်မျိုးပြီး တစ်မျိုး ပေါ်ထွန်းလာကြတယ်။

အဲဒါတွေဟာ ဘုရားကျောင်းဝင်းထဲ မစင် စွန့်ကြသလို ပါပဲ။ အဲ့ဒီ အထဲ ကိုယ်မပါဖို့ အစစအရာရာ သတိထား ဆင်ခြင်ကြပါစို့။ crd

Zawgyi

စည္းမေစာင့္ၾကသူမ်ား

တခါတုန္းက ႐ြာတ႐ြာမွာ ဘုရားေက်ာင္းဝင္းထဲ မစင္စြန႔္ရင္ ေ႐ႊေခ်ာင္း ျဖစ္တယ္ ဆိုၿပီး ႐ြာထဲက လူအေတာ္မ်ားမ်ား မစင္ေတြ သြားစြန႔္ ၾကသတဲ့။ ဒါကို ၾကားသိသြားတဲ့ ကေလး တေယာက္ဟာ အားရဝမ္းသာ ျဖစ္ၿပီး သူရဲ႕ အဖိုးအိုကို ေျပးေျပာသတဲ့။

အဖိုးအိုလည္း မယုံၾကည္ဘဲ လိုက္ၾကည့္ေတာ့ လူအေတာ္ မ်ားမ်ား မစင္ေတြ စြန႔္ထားတာ ေတြ႕လိုက္ရ တာေပါ့။ အဲဒါနဲ႔ အဖိုးအိုလည္း "ေျမးေရ အထုပ္အပိုးျပင္ ဒီ႐ြာက အျမန္ ေျပးၾကပါစို႔" ဆိုၿပီး ေျမးအဖိုး ႏွစ္ေယာက္ ထြက္ေျပးၾက သတဲ့။

အဖိုးအို တို႔လည္း ႐ြာျပင္ အေရာက္ သဲပူမိုးေတြ ႐ြာထဲကို ႐ြာခ်ၿပီး ႐ြာထဲက လူေတြ ေသေၾက ပ်က္စီး ဆုံးရႈံးၾက ပါေတာ့တယ္။ အခုလည္း လူေတြကို သတိထား ၾကည့္ၾကည့္ပါ။ အမ်ားမိုးခါးရည္ ေသာက္တိုင္း လိုက္ေသာက္ ၾကတယ္။

ကိုယ့္ဘဝ အဆင္ေျပဖို႔ တျခားဘဝေတြ ဘာျဖစ္ျဖစ္ စည္းမေစာင့္ ၾကေတာ့ပါဘူး။ ကိုယ့္ခႏၶာထဲက ကလီဇာေတြ အစားထိုး ကုသဖို႔ အတြက္ တျခားသူေတြ အသက္ကို တန္ဖိုး မထားတတ္ ၾကေတာ့ဘူး။

ျမင္ျမင္သမွ် သတၱဝါ အကုန္ မေသ မရွင္ေတြ ပါးစပ္ထဲ ထည့္စားၾကၿပီး ပါးစပ္စည္း မေစာင့္ၾက ေတာ့ဘူး။ ဒါေၾကာင့္ ခုေနာက္ပိုင္း အစုလိုက္ အၿပဳံလိုက္ ေသေၾက ပ်က္စီးလာ ၾကတယ္။ ေရာဂါဆန္းေတြ တစ္မ်ိဳးၿပီး တစ္မ်ိဳး ေပၚထြန္းလာၾကတယ္။

အဲဒါေတြဟာ ဘုရားေက်ာင္းဝင္းထဲ မစင္ စြန႔္ၾကသလို ပါပဲ။ အဲ့ဒီ အထဲ ကိုယ္မပါဖို႔ အစစအရာရာ သတိထား ဆင္ျခင္ၾကပါစို႔။ crd

Post a Comment

0 Comments