တခါက အဏ္ဏဝါဗေဒ ပညာရှင် တယောက်ဟာ ကြီးမားတဲ့ ရေကန်ကြီး တခုမှာ ငါးမန်းတကောင်ကို ထည့်ထားပြီး လက်တွေ့စမ်းသပ်မှု တခု ပြုလုပ်ခဲ့ ပါတယ်။
ပြီးတော့ ငါးသေးသေးလေး တွေကို ကန်ထဲကို လွှတ်လိုက် ပါတယ်။ အားလုံး သိတဲ့ အတိုင်းပဲ ငါးမန်းဟာ သူ့သဘာဝ အတိုင်း ငါးတွေကို လိုက်စား ပါတော့တယ်။
နောက်စမ်းသပ်မှု တခု အနေနဲ့ ရေကန်ကို ခိုင်ခန့်တဲ့ မှန်အကြည် တချပ်နဲ့ နှစ်ပိုင်း ကန့်လိုက် ပါတယ်။ ထို့နောက် ငါစားတွေကို တကန့် ထားပြီး ငါးမန်းကို တကန့် ထားလိုက် ပါတယ်။
ငါးမန်းဟာ ထုံးစံ အတိုင်း ငါးစာ မြင်တာနဲ့ ငါးအသေး တွေဆီ သွားပါတယ်။ ဒီတကြိမ် မှာတော့ ငါးမန်းဟာ မှန်နဲ့ တိုက်ပြီး နောက်ပြန် ကန်သွား ပါတော့တယ်။
ငါးမန်းဟာ အကြိမ်အနည်းငယ် ထပ်ကြိုးစား ပေမဲ့လည်း အကြိမ်တိုင်း နောက်ကိုသာ ပြန်ကန် နေတဲ့ အတွက် တနာရီလောက်အကြာမှာတော့ ငါးမန်းဟာ အရှုံးပေးလိုက် ပါတော့တယ်။
အဲဒီ စမ်းသပ်ချက်ကို တပတ်လောက် လုပ်လိုက်တဲ့ အခါမှာတော့ ငါးမန်းဟာ မှန်ကို ဝင်တိုက်ရတာ နာကျင်လာတဲ့ အတွက် စိတ်အားထက်သန်မှု မရှိတော့သလို ငါးစာကို လုံးဝ မစားရဲတော့တဲ့ အထိ ဖြစ်သွားပါတယ်။
နောက်ဆုံး စမ်းသပ်ချက် အနေနဲ့ အဏ္ဏဝါဗေဒ ပညာရှင်ဟာ မှန်ကို ဖယ်လိုက်ပြီး ငါးစာတွေ ထပ်ကျွေးနေ ပေမဲ့ ငါးမန်းဟာ ငါးသေးတွေ နောက်ကို ထပ်မလိုက် တော့ပါဘူ။
ငါးစာ တွေနဲ့ ဒီငါးမန်းနဲ့ ကြားမှာ တိုးလို့ မပေါက်နိုင်တဲ့ အတားအဆီး တခု ရှိနေတယ် ဆိုတဲ့ အသိကို ငါးမန်းရဲ့ မသိစိတ်ထဲအထိ ယုံကြည်အောင် လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဘဝမှာလည်း ဒီငါးမန်းလို အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ကျရှုံးမှုတွေ၊ ငြင်းပယ် ခံရမှုတွေ အကြိမ်ကြိမ် ကြုံရခဲ့တဲ့အခါမှာ မဖြစ်နိုင်လောက် ပါဘူး ကျွန်တော်တို့ ယုံကြည်မိကြ ပါလိမ့်မယ်။
ဒါဟာ Limiting Belief လို့ ခေါ်တဲ့ ကိုယ်ရည် ပင်ကိုယ်စွမ်းအင်တွေကို ကန့်သတ် ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝမှာ တခုခု စွန့်စား လုပ်ကိုင်ဖို့ မဝံ့မရဲ ဖြစ်နေတဲ့ အခါမှာ ရေကန်ထဲမှာ အစာငတ် ခံပြီးတော့ ငါးစာတွေ မစားရဲတော့တဲ့ ငါးမန်း တကောင်ကို သတိရလိုက်ပါ။ လေးစားစွာဖြင့် ပြေခိုင်
0 Comments