တရက်မှာ ဆိတ်ကျောင်းသားလေး တယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲ ရောက်ရှိနေတာကို သိသွားတယ်။
ညနေ ရောက်တော့ အဲဒီ တောင်ဆိတ်တွေ ကိုပါ ခေါ်ပြီး သူနေတဲ့ ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်။
နောက်တနေ့မှာ ရာသီဥတုက အတော်လေး ဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး။ သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့။
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာဝရုံ လေးပဲ ကျွေးပြီး အသစ် ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်။
ရာသီဥတု သာယာတဲ့ အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်။ တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်း ထွက်ပြေးသွား ပါရော။
ဆိတ်ကျောင်းသားက အစာ ကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်။
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြော တာက "ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီ ရောက်လာခဲ့တယ်။ ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်း ကျွေးထားတယ်။
ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့ အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ" လို့ ပြောခဲ့ ပါတယ်။
ဒီအကြောင်းအရာလေး ကတော့ မိတ်ဆွေဟောင်း တွေထက် မိတ်ဆွေသစ် ကျွန်ုပ်တို့ကို ပိုမို အရေးတယူ ပြုစုခံရမယ်။ ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေ ဖြစ်သွားတဲ့ အခါမှာတော့ အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်။
အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။ Crd
0 Comments