တခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ် ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။
ခုတ်ထားတဲ့ သစ်သားတုံး တွေကို ပန်းပု ထုတော့ သစ်သားတုံး တတုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ "နာတယ်" ဆိုပြီး အော်တယ်။
အဲဒါကြောင့် ပန်းပုဆရာဟာ အဲဒီ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ပဲ တုန်းမောင်း အဖြစ်နဲ့ပဲ ထားခဲ့လိုက် တော့တယ်။
နောက် သစ်သားတုံးကတော့ ဘယ်လောက်ပဲ နာပါစေ ကြိတ်မှိတ် သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲ့ဒီသစ်သားတုံး ကိုတော့ လူသားတွေ ပူဇော်မဲ့ နတ်ဘုရားရုပ်ထု အဖြစ် ထုလုပ်ခဲ့တယ်။
လူသားတွေက တုန်းမောင်းကို ခေါက်ပြီး နတ်ဘုရားကို ပူဇော်တဲ့ အခါမှာ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသန် ငိုကြွေးတယ်။
သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါလျက်နဲ့ သူ့ကျ အခေါက် ခံရပြီး ဟိုသစ်သားတုံး ကျတော့ ပူဇော်ခံရတယ် ဆိုပြီး မကျေမနပ် ဖြစ်နေတာပေါ့။
အဲဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ် ဆိုပြီး စွပ်စွဲ လိုက်တယ်။ အဲ့အချိန်မှာ နတ်ဘုရားရုပ်ထု အဖြစ် အထုခံရတဲ့ သစ်သားက သူ့ကို ပြောတယ်။ "မင်းကမှ သည်းမခံတာကို" တဲ့။
ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင်လမ်းကြောင်း ပေါ်ကို သွားနေခဲ့ကြတာခြင်း အတူတူပါပဲ။ ဒါပေမဲ့ တချို့က အောင်မြင် ကြတယ်၊ တချို့က ဘာမှ မဖြစ်ထွန်း ကြဘူး။ တချို့ကတော့ ဖြစ်ထွန်းပါရဲ့ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းတယ်။
ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ လို့ စမ်းစစ်ကြည့်တော့ ခုနက ပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုကို အလူးအလဲ ခံရတဲ့ အခါမှာ သည်းခံမှု၊ သည်းမခံနိုင်မှုတွေ ပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွားတာ ဖြစ်ပါတယ်။
ကဲ စာဖတ်သူရော သစ်သားချင်း အတူတူ ဘယ်လိုပုံစံမျိူး ဖြစ်ချင်ပါသလဲ။ phoomyatchal
Zawgyi
သည္းခံႏိုင္မႈနွင့္ အက်ိုးရလဒ္
တခါတုန္းက သစ္ပင္ေတြဟာ စကားေျပာတတ္တယ္ ဆိုပဲ။ စကားေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာ တေယာက္က ပန္းပုထုဖို႔ ယူလာခဲ့တယ္။
ခုတ္ထားတဲ့ သစ္သားတုံး ေတြကို ပန္းပု ထုေတာ့ သစ္သားတုံး တတုံးက အထုခံရ၊ အခုတ္ခံရ၊ အထြင္းခံရ၊ အ႐ိုက္ခံရ၊ အႏွက္ခံရေတာ့ "နာတယ္" ဆိုၿပီး ေအာ္တယ္။ အဲဒါေၾကာင့္ ပန္းပုဆရာဟာ အဲဒီ သစ္သားတုံးကို အေသးစိတ္ မြန္းမံ မေနေတာ့ပဲ တုန္းေမာင္း အျဖစ္နဲ႔ပဲ ထားခဲ့လိုက္ ေတာ့တယ္။
ေနာက္ သစ္သားတုံးကေတာ့ ဘယ္ေလာက္ပဲ နာပါေစ ႀကိတ္မွိတ္ သည္းခံၿပီးေတာ့ ေနခဲ့လိုက္တယ္။ ပန္းပုဆရာက အဲ့ဒီသစ္သားတုံး ကိုေတာ့ လူသားေတြ ပူေဇာ္မဲ့ နတ္ဘုရား႐ုပ္ထု အျဖစ္ ထုလုပ္ခဲ့တယ္။
လူသားေတြက တုန္းေမာင္းကို ေခါက္ၿပီး နတ္ဘုရားကို ပူေဇာ္တဲ့ အခါမွာ တုံးေမာင္းျဖစ္ေနတဲ့ သစ္သားက အသည္းအသန္ ငိုေႂကြးတယ္။ သူတို႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါလ်က္နဲ႔ သူ႔က် အေခါက္ ခံရၿပီး ဟိုသစ္သားတုံး က်ေတာ့ ပူေဇာ္ခံရတယ္ ဆိုၿပီး မေက်မနပ္ ျဖစ္ေနတာေပါ့။
အဲဒါနဲ႔ ပန္းပုဆရာကို ဘက္လိုက္တယ္ ဆိုၿပီး စြပ္စြဲ လိုက္တယ္။ အဲ့အခ်ိန္မွာ နတ္ဘုရား႐ုပ္ထု အျဖစ္ အထုခံရတဲ့ သစ္သားက သူ႔ကို ေျပာတယ္။ "မင္းကမွ သည္းမခံတာကို" တဲ့။
ဟုတ္ပါတယ္။ လူသားေတြလည္း ကိုယ္ပိုင္လမ္းေၾကာင္း ေပၚကို သြားေနခဲ့ၾကတာျခင္း အတူတူပါပဲ။ ဒါေပမဲ့ တခ်ိဳ႕က ေအာင္ျမင္ ၾကတယ္၊ တခ်ိဳ႕က ဘာမွ မျဖစ္ထြန္း ၾကဘူး။ တခ်ိဳ႕ကေတာ့ ျဖစ္ထြန္းပါရဲ႕ ဒါေပမဲ့ အက်ိဳးျဖစ္ထြန္းမႈ အားနည္းတယ္။
ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲ လို႔ စမ္းစစ္ၾကည့္ေတာ့ ခုနက ေျပာတဲ့ ေလာကဓံရဲ႕ ႐ိုက္ပုတ္မႈကို အလူးအလဲ ခံရတဲ့ အခါမွာ သည္းခံမႈ၊ သည္းမခံႏိုင္မႈေတြ ေပၚမွာ မူတည္ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာျခားသြားတာ ျဖစ္ပါတယ္။ ကဲ စာဖတ္သူေရာ သစ္သားခ်င္း အတူတူ ဘယ္လိုပုံစံမ်ိဴး ျဖစ္ခ်င္ပါသလဲ။ phoomyatchal
0 Comments