တခါတုန်းက လေမင်းနဲ့ နေမင်းတို့ဟာ ဘယ်သူက ပိုပြီး အားကြီးတယ် ဆိုတာကို အငြင်းအခုံ ဖြစ်ကြတယ်။ လေမင်းက သူ့ရဲ့ စွမ်းအားနဲ့ မုန်တိုင်းကြီး တိုက်ခတ်အောင် လုပ်ပြ လိုက်တယ်။
လေပြင်းဒဏ်ကြောင့် မြေပြင်က အိမ်တွေ လဲပြိုကုန် ကြတယ်။ ကားတွေ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွား ကြတယ်။ ပင်လယ်က သင်္ဘောတွေ လှေတွေ ရေထဲမှာ နစ်မြုပ်ကုန် ကြတယ်။
ဒါကို မြင်တဲ့ နေမင်းက လေမင်းကို အားကြီးပါပေတယ် လို့ ချီးကျူးပါတယ်။ ဒါပေမဲ့ သူ့ကို (နေမင်းကို) တော့ နိုင်မှာ မဟုတ်ပါဘူး လို့လည်း ပြောလိုက်တယ်။ လေမင်းက မခံချင်စိတ် ဖြစ်လာလို့ သူတို့ ပြိုင်ကြမယ်လို့ နေမင်းကို စိန်ခေါ် လိုက်တယ်။
နေမင်းက သဘာတူပြီး အခုလို ပြောလိုက်တယ်။ "အောက်က ကွင်းပြင်ကြီးထဲမှာ လူတယောက် လမ်းလျှောက်နေတယ်။ သူ ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ကျွတ်ထွက်သွားအောင် အားပြိုင်ကြမယ်"
လေမင်းက လေပြင်း တိုက်ခတ် လိုက်တယ်။ အဲဒီလူဟာ သူ့ကုတ်ကျီကို ကျွတ်သွားမှာစိုးလို့ လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင် ထားလိုက်တယ်။
လေမင်းက လေကို အပြင်းဆုံး တိုက်ခတ် လိုက်တယ်။ ဒီလူက ကုတ်အင်္ကျီကို ပိုပြီး တင်းတင်းဆုပ်ကိုင် ထားလိုက်တယ်။
လေကို အပြင်းဆုံး တိုက်ခတ် ပေမယ့်လည်း လူက ကုတ်အင်္ကျီကို မလွတ်ရအောင် ဆုပ်ကိုင်ထားလို့ အင်္ကျီက မကျွတ်ပါဘူး။ နောက်ဆုံးမှာ လေမင်းက လက်လျှော့လိုက် ပါတယ်။
နေမင်းကတော့ နေပူရှိန်ကို တဖြည်းဖြည်း မြင့်လိုက်တယ်။ အဲဒီလူဟာ ပူအိုက်လာလို့ ကုတ်အင်္ကျီကို လေရအောင် လှစ်ဟလိုက်တယ်။
တဖြည်းဖြည်း ပူလာလို့ အဲဒီလူဟာ အပူဒဏ်ကို မခံနိုင်တော့ တာကြောင့် သူ့ကုတ်အင်္ကျီကို ချွတ်ပစ်လိုက်တယ်။ နေမင်းဟာ ပြိုင်ပွဲမှာ အနိုင်ရသွားတယ်။
လောကမှာ ခွန်အားကြီးလို့၊ ငွေကြေး ချမ်းသာလို့ ဆိုပြီး ကိုယ်လိုချင်တာ တွေကို လုပ်လို့ မရတာတွေ ရှိပါတယ်။ အဲဒါတွေကို လုပ်နိုင်ဖို့ ကိုယ်ပိုင် ဦးနှောက်ဉာဏ်ကို သုံးတတ်ရပါတယ်။ phoomyatchal
0 Comments