ပါရမီဖြည့်ဘက်

တခါတုန်းက အမျိုးသား တဦး ရှိသတဲ့။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပါ။ အရွယ် ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတယောက် ရှာပြီး ပေးစားလိုက် ပါတယ်။ ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ် ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြ ပေးပါတယ်။

ဒါပေမယ့် သူဟာ စာသင်ကြား ရာမှာ အတွေ့အကြုံ မရှိသောကြောင့် တပတ်တောင် မခံပါဘူး။ ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။

ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။

"အတွေ့အကြုံ ဝမ်းစာ မပြည့်သေးတဲ့ အချိန်မှာ တချို့လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြ နိုင်တာလည်း ရှိသလို မထုတ်ပြ နိုင်တာလည်း ရှိတတ် ပါတယ်။ ဒီအတွက် နဲ့တော့ ဝမ်းနည်းဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင် စောင့်နေမှာပါ" လို့ ပြောခဲ့ပါတယ်။

နောက်တော့ သူဟာ အပြင် ထွက်ပြီး အလုပ် တခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်း ကတော့ အလုပ် လုပ်တာ နှေးလို့ ပါတဲ့။ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။

"ခြေလက် ဆိုတာ နှေးတာလည်း ရှိသလို မြန်တာလည်း ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။ ရှင့်ကျတော့ တသက်လုံး စာဖတ် လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့ အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ"

ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။ ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတစ်ခု မဟုတ် တခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူ စိတ်ပျက် လက်ပျက် နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်း,သူ့ဇနီးက အမြဲ နှစ်သိမ့် လေ့ရှိပြီး သူ့အပေါ်မှာလည်း တခါမှ မညည်းညူ ခဲ့ပါဘူး။

ဒီလိုနဲ့ သူရဲ့ အသက် ၃၀ ကျော်တဲ့ အခါမှာ,သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက် ,မသန်စွမ်း သူတွေ အတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြ အလုပ် ဝင်လုပ် ပါတယ်။ နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တခုကို ထူထောင် လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ မြို့ အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်း အရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေး တဦး ဖြစ်လာပါတယ်။

တနေ့မှာတော့ "အောင်မြင်သူတို့ရဲ့ စကားသံများ" အစီအစဉ်ကနေ စီစဉ် တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်။ "မိမိ ကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝေါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်း ကများ သူ့အပေါ် ယုံကြည် ကိုးစားချက် ရှိစေခဲ့ ပါသလဲ"

သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှ ပါတယ်။ သူမ ပြန်ဖြေလိုက် တာကတော့ "မြေတကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက် ကြည့်လို့ ရတာပေါ့။ ပဲထွက် မကောင်းရင် သစ်သီးပင် စားပင် စိုက်လည်း ရတာပဲ။

အကယ်လို့ သစ်သီးပင် စားပင် မဖြစ်ထွန်းလည်း ပန်းမျိူးစေ့တွေ နဲနဲ ကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။ အကြောင်းကတော့ မြေတကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိူးစေ့ တစေ့စေ့ ကတော့ ရှိလာမှာပါ။ နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှု ကတော့ ရှိလာ မှာပေါ့"

အိမ်သူသက်ထားရဲ့ စကားလည်း ကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည် ကျလာပါတယ်။ တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက် မပြတ်တဲ့ ယုံကြည် ကိုးစားမှုနှင့် ချစ်ခြင်း မေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိူးစေ့ပင် ဖြစ်နေလေသည်။ သူ၏ ဆန်းကြယ်မှု တို့သည် ထိုမျိူးစေ့လေးကို မှီခိုပြီးမှ ရှင်သန် ကြီးထွားခဲ့သော ဆန်းကြယ်မှု တို့ပင် ဖြစ်သည်။

လောကမှာ သုံးစား၍ မရသောသူ ဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဒါလေး ဖတ်မိရင် ဖာသိဖာသာ မနေပါနဲ့။ တဦးနဲ့ တဦး လက်ဆင့် ကမ်းပေး ကြပါ။ ဒီစကား ၈ ခွန်းကိုလည်း မှတ်သားထားကြပါ။

၁။ တန်ဖိုး ထားရကောင်းမှန်း မသိလျှင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လည်း ပျော်ရွှင်လိမ့်မည် မဟုတ်။

၂။ ခွင့်လွတ်ရကောင်းမှန်း မသိလျှင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ ထွက်ခွာ သွားကြမည်သာ။

၃။ ကျေးဇူးမှန်း မသိတက်လျှင်၊ မိုးပျံအောင် တော်နေပါစေ အောင်မြင် လိမ့်မည် မဟုတ်။

၄။ နှိုးကြား ထကြွမှု မရှိလျှင် ဖြတ်ထိုးဉာဏ် ကောင်းစေ အုံးတော့ အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

၅။ ပူးပေါင်း လုပ်ဆောင် ရမှန်း မသိလျှင်၊ အစွမ်းကုန် ကြိုးစားစေဦး အောင်မြင်ရန် ခဲယဉ်းသည်။

၆။ စုဆောင်းရ ကောင်းမှန်း မသိလျှင် ငွေပို ရှာနိုင်စေ ဦးတော့ ကြွယ်ဝသူ ဖြစ်ခဲသည်။

၇။ ဘဝရောင့်ရဲမှု မရှိလျှင်၊ ပိုချမ်းသာစေ ဦးတော့ ဘဝမှာ ကျေနပ် ပျော်ရွှင်သူ ဖြစ်ခဲသည်။

၈။ ကျန်းမာရေးကို ဂရုစိုက်ရ ကောင်းမှန်း မသိလျှင်၊ ကုသမှု စရိတ် တတ်နိုင်စေ ဦးတော့ အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်။ NayLinnOo

Post a Comment

1 Comments