တခါတုန်းက လားတကောင်ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ဝံပုလွေ တကောင်က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်။ ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင် ဆောင်လိုက်တယ်။
ဝံပုလွေက အနီးကို ရောက်လာ ပြီးနောက် "သင့်ခြေထောက်က ဘာဖြစ်နေတာလဲ" လို့ မေးတာပေါ့။ လားက "ခြံစည်းရိုး တခုကို ခုန်တုန်းက ဆူးစူးတာပါ" လို့ ဖြေတယ်။
ပြီးတော့ လားက ဝံပုလွေကို အကြံပေး လိုက်တယ်။ သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ။ ဒါမှ ဝံပုလွေ စားတဲ့ အခါမှာ လည်ချောင်းမှာ ဆူး မစူးမှာ ဆိုပြီးပေါ့။
ဒါနဲ့ ဝံပုလွေလည်း လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက် ပါတယ်။ ဝံပုလွေက သူ့ခြေထောက်ကို အသေအချာ ကြည့်ရှုနေတုန်း လားက ဝံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက် လိုက်လို့ သွားတွေ ကျိုးကုန်တယ်။
ဒီတော့မှ ဝံပုလွေက ဝမ်းနည်းစွာ ရေရွတ် လိုက်တယ်။ "ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ။ ငါ့အဖေက သားကောင်တွေကို ဖမ်းယူ စားသောက်ဖို့ သင်ပေးခဲ့တယ်။ အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ ဆိုတာ မပါဘူး" တဲ့။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ဝင်မပါမိဖို့ လိုပါတယ်။
Zawgyi
ကိုယ္နဲ႔ မဆိုင္တဲ့ ကိစၥ
တခါတုန္းက လားတေကာင္ဟာ စားက်က္ခင္းမွာ ျမက္စားေနတုန္း ဝံပုေလြ တေကာင္က ကိုက္စားဖို႔ လာတာကို ျမင္ေတြ႕လိုက္တယ္။ ဒါေၾကာင့္ သူဟာ ေျခေထာက္ နာခ်င္ေယာင္ ေဆာင္လိုက္တယ္။
ဝံပုေလြက အနီးကို ေရာက္လာ ၿပီးေနာက္ "သင့္ေျခေထာက္က ဘာျဖစ္ေနတာလဲ" လို႔ ေမးတာေပါ့။ လားက "ၿခံစည္း႐ိုး တခုကို ခုန္တုန္းက ဆူးစူးတာပါ" လို႔ ေျဖတယ္။
ၿပီးေတာ့ လားက ဝံပုေလြကို အႀကံေပး လိုက္တယ္။ သူ႔ကို မစားမီ ဒီဆူးကို ႏႈတ္ေပးဖို႔ပါ။ ဒါမွ ဝံပုေလြ စားတဲ့ အခါမွာ လည္ေခ်ာင္းမွာ ဆူး မစူးမွာ ဆိုၿပီးေပါ့။
ဒါနဲ႔ ဝံပုေလြလည္း လားရဲ႕ ေျခေထာက္ကို ငုံ႔ၾကည့္လိုက္ ပါတယ္။ ဝံပုေလြက သူ႔ေျခေထာက္ကို အေသအခ်ာ ၾကည့္ရႈေနတုန္း လားက ဝံပုေလြရဲ႕ ပါးစပ္ကို ကန္ေက်ာက္ လိုက္လို႔ သြားေတြ က်ိဳးကုန္တယ္။
ဒီေတာ့မွ ဝံပုေလြက ဝမ္းနည္းစြာ ေရ႐ြတ္ လိုက္တယ္။ "ငါ့အျပစ္နဲ႔ ငါ ခံလိုက္ရတာပဲ။ ငါ့အေဖက သားေကာင္ေတြကို ဖမ္းယူ စားေသာက္ဖို႔ သင္ေပးခဲ့တယ္။ အေဖရဲ႕ ၫႊန္ၾကားမႈမွာ ငါဟာ မဆီမဆိုင္တာကို လုပ္ဖို႔ ဆိုတာ မပါဘူး" တဲ့။ ကိုယ္နဲ႔ မသက္ဆိုင္တဲ့ ကိစၥမွာ ဝင္မပါမိဖို႔ လိုပါတယ္။
0 Comments