အချိန်တွေ မနှောင်းခင် သိစေချင်

တခါတုန်းက ရှင်ဘုရင်ကြီး တပါးဟာ သူ့ရဲ့ မြင်းစီး သူရဲကောင်း တယောက်ကို မြင်းနဲ့ ပတ်ပြီး စီးနိုင်သမျှ မြေနေရာ အားလုံး အပိုင်စား ပေးမယ် လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများ ကာမိအောင် မြင်းကို မြန်နိုင်သမျှ မြန်မြန် စီးပါတော့တယ်။

သူဟာ မြင်းကို အမြန်ဆုံး ပြေးအောင် ရိုက်ရင်း မရပ်မနား စီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ် နေချိန်တွေ မှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံး ကာမိအောင်ပါ။

မြေနေရာကောင်း အတော်များများကို ကာမိချိန် မှာတော့ သူဟာ အရမ်းကို အားအင် ကုန်ခမ်း နွမ်းနယ်ပြီး သေလု မျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။

"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက် ညှင်းပန်းခဲ့ ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား"

ကျွန်တော်တို့ တတွေဟာလည်း နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေ ပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင် နိုင်ဖို့၊ အသိအမှတ်ပြု လေးစား ခံရဖို့ တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေ ကြပါတယ်။

ကိုယ့်ကို ကျန်းမာ ပျော်ရွှင်စေမယ့် အချိန်တွေ ပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝ ပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာ တို့ကိုတော့ လျစ်လျူရှုထား မိကြပါတယ်။

တနေ့ ပြန်ဆန်း စစ်ကြည့်တဲ့ အချိန် ကိုယ်တကောက်ကောက် လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူး ဆိုတာ သိနားလည် လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့လိုက်တဲ့ အရာတွေ အတွက် နောက်ကြောင်း ပြန်လှည့်လို့ မရတော့ပါဘူး။

ဒါကြောင့် ကိုယ့်ဘဝရဲ့ ဖြစ်တည် ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှု ပုံစံနဲ့ နေထိုင် ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင် ကြပါစေ။ Crd

Post a Comment

0 Comments