လည်ပင်းက အရေးအကြောင်းတွေကို အလွယ်ဆုံးဖယ်ရှားနည်းများ

ခန္ဓာကိုယ်မှာ လည်ပင်းက အထိအခိုက်မခံတဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒီအခါ လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။

အသက်ကြီးလာတဲ့အခါ လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာတာပုံမှန်ပါပဲ။ ဒါပေမယ့် ငယ်ရွယ်တဲ့အချိန် လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာတာသဘောမကျရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ဖုန်းနဲ့ ကွန်ပျူတာကို အသုံးပြုတဲ့အခါ ခေါင်းကို အရမ်းမငုံ့သင့်ပါဘူး။

ဖုန်းနဲ့ ကွန်ပျူတာကို သုံးတဲ့အခါ ခေါင်းက တဖြည်းဖြည်းနဲ့ ငုံ့မိသွားတတ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုချိန်များလာတဲ့အခါမှာတော့ လည်ပင်းမှာ အရေးအကြောင်းတွေက စုလာပါတယ်။ လည်ပင်းမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ ဖုန်းနဲ့ ကွန်ပျူတာကို အသုံးပြုတဲ့အခါ မျက်နှာနဲ့ တန်းတန်းအနေအထားမှာ screen ကို ထားပြီးအသုံးပြုပါ။

၂။ သတိပေးတဲ့ app ကို ထည့်သွင်းထားပါ။

ဖုန်းကို အသုံးပြုနေရင်း လည်ပင်းက အရမ်းငုံ့နေရင် သတိပေးတဲ့ app လေးတွေကို dowload ရယူနိုင်ပါတယ်။ ဒီလို app လေးတွေကို ထည့်ထားရင် ခေါင်းအရမ်းမငုံ့ဖြစ်တော့တာကြောင့် လည်ပင်းက အရေးအကြောင်းတွေလည်း နည်းသွားမှာပါ။

၃။ မျက်နှာသစ်တဲ့အခါတိုင်း လည်ပင်းကိုလည်း သန့်ရှင်းရေးလုပ်ပါ။

ညနေပိုင်းမျက်နှာသစ်တဲ့အခါမှာ မျက်နှာက မိတ်ကပ်တွေ ဖျက်ရင်း လည်ပင်းတစ်ဝိုက်ကိုလည်း သန့်ရှင်းရေးလုပ်ပါ။ မျက်နှာကို moisturizer လိမ်းတဲ့အခါ လည်ပင်းကိုလည်း moisturizer လိမ်းပေးပါ။ အဲဒီအခါ လည်ပင်းက ဆဲလ်သေတွေရော အဆိပ်အတောက်တွေရော ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။

၄။ ရင်ဘတ်ကို ကြေးချွတ်ပါ။

မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကြေးချွတ်ဖြစ်ပေမယ့် တစ်ခါတရံမှာ ရင်ဘတ်ကို ကြေးချွတ်ဖို့ မေ့နေတတ်ပါတယ်။ ရင်ဘတ်အရေပြားက ထိလွယ်ရှလွယ်ပေမယ့် ဆဲလ်သေတွေကလည်း စုနေတတ်ပါတယ်။ အဲဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ရင်ဘတ်ကို ညင်ညင်သာသာ ကြေးချွတ်ပေးပါ။

၅။ Retinoid cream လိမ်းပါ။

Retinoid cream က အရေးအကြောင်းတွေကို တိုက်ဖျက်ဖို့အတွက် အရမ်းကို ထိရောက်ပါတယ်။ Retinoid cream ကိုနှစ်ရက်တစ်ကြိမ်ခန့် အနည်းငယ်လောက် လိမ်းပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။ အများကြီးလိမ်းတဲ့အခါမှာလည်း အရေပြားကို ခြောက်သွေ့သွားစေပါတယ်။

၆။ လည်ပင်းအတွက် ယောဂပြုလုပ်ပါ။

မျက်နှာနဲ့ လည်ပင်းယောဂလေ့ကျင့်ခန်းတွေကို တစ်ရက်မိနစ် ၃၀ ခန့်ပြုလုပ်တဲ့အခါ ၅ လခန့်ကြာရင် သိသာတဲ့ရလဒ် ရရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မေးစေ့ချွန်ချွန်လေး ရလာစေဖို့

- သက်တောင့်သက်သာအနေအထားမှာ ထိုင်ပါ။

- မေးစေ့ကို ရှေ့ကို ငေါထွက်လာအောင် ပြုလုပ်ပါ။

- အဲဒီအနေအထားအတိုင်း ၅ စက္ကန့်ကြာအောင် ပြုံးနေပါ။ လည်ပင်းက ကြွက်သားတွေ တင်းလာတာကို ခံစားမိမှာပါ။

- တစ်ခါလုပ်ရင် ၃ ကြိမ်နှုန်းနဲ့ တစ်ရက်ကို ၂ ခါခန့် ပြုလုပ်ပါ။

ဖုန်းနဲ့ကွန်ပျူတာကို အသုံးများလို့ လည်ပင်းမှာအရေးအကြောင်းတွေ ပေါ်လာတဲ့အခါ မျက်နှာကျက်ကို မော့ကြည့်တဲ့လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။

- ပုခုံးတွေကို ဖြေလျှော့ထားလိုက်ပါ။

- အဲဒီနောက် မျက်နှာကျက်ကိုမော့ပြီး ကြည့်လိုက်ပါ။ အပေါ်လည်ပင်းနဲ့မေးစေ့မှာ တင်းမာလာတာကို ခံစားရပါတယ်။

- အဲဒီအနေအထားအတိုင်း စက္ကန့်နေပါ။

- ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၂ ခါ ပြုလုပ်ပေးနိုင်ပါတယ်။

လည်တိုင်ကျော့ကျော့လေးရစေဖို့

- သက်တောင့်သက်သာဖြစ်အောင် ထိုင်လိုက်ပါ။

- ညာဘက်လက်ကို ဘယ်ဘက်ညှပ်ရိုးပေါ် တင်လိုက်ပါ။ အဲဒီနောက် မျက်နှာကို ဘေးတစ်စောင်းမော့လိုက်ပါ။

- ဘဲနှုတ်ခမ်းပုံစံပြုလုပ်ပြီး ၅ စက္ကန့်ကြာအောင်နေပါ။

- ဒီလေ့ကျင့်ခန်းကိုလည်း တစ်နေ့ ၂ ခါ ပြုလုပ်ပေးလို့ရပါတယ်။

လည်ပင်းက အရေးအကြောင်းတွေဟာ အသက်ငယ်ရွယ်စဉ်မှာတောင် ပေါ်လာနိုင်ပါတယ်။

မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံကြောင့် လည်ပင်းမှာ အရေးအကြောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာနဲ့ လည်ပင်းလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရင်၊ ဆေးလိပ်ဖြတ်လိုက်ရင် လည်ပင်းက အရေးအကြောင်းတွေ နည်းပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments