တခါက လှပတဲ့ မိန်းကလေး တယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့ အိမ်ထောင်ဖက်ကို သတ်ပစ်ချင် ခဲ့တယ်။ တမနက်မှာ သူ့အမေဆီ ပြေးလာပြီး ပြောတယ်။
"အမေရယ်၊ သမီး ခင်ပွန်းကို သမီး ငြီးငွေ့နေပြီ၊ ဒီအရူးရဲ့ တာဝန် တွေလည်း ဘာမှ မလုပ်ပေးချင် တော့ဘူး။ သမီး သူ့ကို သတ်ချင်ပေမယ့် အဖမ်းခံရ မှာလည်း ကြောက်လို့ ဘယ်လို လုပ်ရမယ် ဆိုတာ ကျေးဇူးပြုပြီး အကြံပေးနိုင် မလား" လို့ အကူအညီ တောင်းတယ်။
အမေက ဖြေတယ်။ "မေမေ သမီးကို ကူညီပေးနိုင် ပါတယ်။ ဒါပေမယ့် မေမေ ပြောသလိုတော့ လုပ်မှ ဖြစ်မယ်"
သမီးက "ဘာလုပ်ပေးရမလဲ အမေ၊ ဘာပဲ လုပ်ရ လုပ်ရ လုပ်ပါ့မယ်" "ဟုတ်ပြီ" အမေက ဆက်ပြောတယ်။
"သမီး သူနဲ့ အဆင်ပြေအောင်နေ။ ဒါမှ သူသေသွားရင် ဘယ်သူမှ သမီးကို သံသရ မရှိမှာ။ သမီး ဒီနေ့က စပြီး ငယ်ရွယ် နုပျိုပြီး ဆွဲဆောင်မှု ရှိတဲ့ပုံ ပေါက်ဖို့အတွက် သမီးကိုယ်သမီး လှလှပပ နေရမယ်။
သမီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပြီး ချစ်ခင်မြတ်နိုးတဲ့ ပုံစံနဲ့ နေရမယ်။ သမီး သူ့ကို စိတ်ရှည်ရမယ်။ သူ့စကား နားထောင်တဲ့ပုံ ပေါက်ရမယ်။
သူ့ကို ရိုသေပုံ ပေါ်ရမယ်။ သူ လိုအပ်မယ် ထင်တာ အတွက် သမီး ပိုက်ဆံ သုံးပြီး သူက သမီးကို ပိုက်ဆံ မပေးရင်တောင် စိတ်မဆိုးတဲ့ ပုံနဲ့ နေရမယ်။
သမီး သူ့ကို ဆန့်ကျင်ပြီး အော်တာ ဟစ်တာ မလုပ်နဲ့။ သူက မကြာခင် သေချာပေါက် သေတော့မှာပဲလေ လို့ တွေးပြီး သူ့ကို မေတ္တာစိတ်နဲ့ အေးအေး ဆေးဆေး ဆက်ဆံရမယ်။ အဲဒါတွေအားလုံးကို သမီးလုပ်နိုင်ပါ့လား" လို့ အမေက မေးတယ်။
"ရတယ် သမီး လုပ်နိုင်တယ်" လို့ သူမက ပြန်ဖြေတယ်။ "ကောင်းပြီ" လို့ အမေက ပြောပြီး နောက်ဖေးကို ဝင်သွားတယ်။ ခဏအကြာမှာ အထုပ်လေး တထုပ်နဲ့ ပြန်ထွက်လာပြီး သမီးကို ပြောတယ်။
"ဒီအမှုန့်ကို သူ့စားတဲ့ အစာထဲမှာ နေ့တိုင်း နည်းနည်း ခပ်ထည့်လိုက်ရင် သမီး ယောက်ျား ဖြည်းဖြည်းချင်း သေသွား လိမ့်မယ်"
ဒီလိုနဲ့ ရက်ပေါင်း ၃၀ လောက် အကြာမှာတော့ သမီးဖြစ်သူက ပျာတိပျာယာနဲ့ သူ့အမေဆီ ပြန်ရောက်လာတယ်။ "မေမေ၊ သမီးကို ကယ်ပါဦး သမီး သူ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။
အခုချိန် မှာတော့ သူက လုံးဝ ပြောင်းလဲသွားတဲ့ အတွက် သူ့ကို သမီး ချစ်နေပြီ။ အခုတော့ သူက သမီး စိတ်ကူးထားတဲ့ ခင်ပွန်းကောင်း တယောက် ဖြစ်နေပြီ။ သူ့ကို အဆိပ်နဲ့ မသေဖို့ သမီးဘာလုပ်ရမလဲ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး အမေရယ်" လို့ မျက်ရည်တွေနဲ့ မေးတယ်။
ထိုအခါ အမေက ပြုံးပြီး ပြန်ပြောသည်။ "စိတ်မပူပါနဲ့ သမီးရယ်။ အမေ ပေးခဲ့တာက ရိုးရိုး ဟင်းခေတ် အမှုန့်တွေပါ။ သမီးယောက်ျား မသေပါဘူး"
တကယ်တော့ သင်ကိုယ်တိုင် ကသာ သင့်ခင်ပွန်းကို ဖြည်းဖြည်းချင်း သေစေနိုင်တဲ့ အဆိပ်ပါပဲ။ သူ့ကို ချစ်ဖို့၊ ရိုသေပြီး မြတ်နိုးလာဘို့ ကြိုးစားချိန်က စပြီး သူ့ဟာ ချစ်စရာကောင်းတဲ့ ခင်ပွန်း အဖြစ် သင့်အမြင်မှာ ပြောင်းလဲ သွားတာပါ။
သင်တို့ရဲ့ ဆက်ဆံပုံကြောင်း ၎င်းတို့၏ တုံ့ပြန်မှုနှင့် ခံစားချက် များလည်း သင်တို့အပေါ် ပြောင်းလဲစေ နိုင်ပါတယ်။ အမျိုးသမီးတွေကသာ ခင်ပွန်းအပေါ် လေးစားမှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေ ကိုသာ ပြသနိုင်မယ် ဆိုရင် သူက သင့်အတွက် 100% ရှိနေမှာပါ။ Saya U Khin Zaw
0 Comments