အတ္တမာနတွေကို လျှော့လိုက်ပါ

တကယ်တော့ လောကကြီးထဲမှာ ရှင်သန်ရတဲ့ ဘဝ ဆိုတာဟာ သိပ်အကြာကြီး မဟုတ်ပါဘူး။ ကုန်လွန်ခဲ့တဲ့ အချိန်တွေက နှစ်များစွာ ဆိုပေမယ့် တကယ်တော့ စားဝတ်နေရေး အတွက် ရုန်းကန်ရင်း မသိလိုက် မသိဘာသာပဲ ကုန်သွားခဲ့တယ်။

ပြန်စဉ်းစား ကြည့်ရင် ဘဝဆိုတာ ဘာလဲ လို့တောင် မေးရမလို ဖြစ်နေတာပါ။ အတ္တတွေကို ထမ်းပိုးပြီး ရှင်သန် ရပ်တည်ရတာ ပိုပြီး ပင်ပန်းပါတယ်။ လူမှန်ရင် အတ္တနဲ့ မကင်းဘူး ဆိုတာလည်း မှန်ပါတယ်။

ဒါပေမယ့် အဲ့ဒီ အတ္တ ဆိုတာကြီးကို နည်းနည်းစီလောက် လျှော့သွားကြည့်ပါလား။ သင်ရော သင့်ပတ်ဝန်းကျင် မှာရော အတော်လေး အဆင်ပြေသွား နိုင်ပါတယ်။ အနည်းဆုံးတော့ သင့်မှာ ပူလောင်မှုတွေ နည်းလာပြီး အေးချမ်း ပျော်ရွှင် လာပါလိမ့်မယ်။

ပညာရှိတဲ့သူက ပညာမာန၊ ငွေကြေး ချမ်းသာတဲ့သူက ဥစ္စာမာန၊ အရှိန်အဝါ ကြီးတဲ့သူကလည်း သြဇာမာနတွေ ထားပြီး ရပ်တည်ကြမယ် ဆိုရင် ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား တွေလည်း တဖြည်းဖြည်း ဆိတ်သုဉ်း သွားနိုင်တယ်လေ။

အေးချမ်းပျော်ရွှင်မှု ဆိုတာက မေတ္တာတရားကို အခြေခံပြီး ဖြစ်ပေါ်လာတာမို့ ပူလောင်မှုကို ပေးတဲ့ အတ္တမာန နဲ့တော့ ဆန့်ကျင်ဘက် ပါပဲ။ လူ့ဘဝ ဆိုတာက ရခဲလှတာမို့ ပူလောင်မှုတွေနဲ့ ကုန်ဆုံးသွားရမယ် ဆိုရင် မတန်ပါဘူး။

ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု တွေကြောင့် လူ့ဘဝကို ရခဲ့တာကို သတိပြုမိ စေချင်ပါတယ်။ သင့်အနေနဲ့ လည်း အမှန်တကယ် အေးချမ်းချင်တယ် ဆိုရင် မာနကို ခဏလောက်ပဲ ဖြစ်ဖြစ် မေ့ထားကြည့် လိုက်ပါ။ KM (ဘဝမြင်ကွင်း)

Zawgyi

အတၱမာနေတြကို ေလွ်ာ့လိုက္ပါ

တကယ္ေတာ့ ေလာကႀကီးထဲမွာ ရွင္သန္ရတဲ့ ဘဝ ဆိုတာဟာ သိပ္အၾကာႀကီး မဟုတ္ပါဘူး။ ကုန္လြန္ခဲ့တဲ့ အခ်ိန္ေတြက ႏွစ္မ်ားစြာ ဆိုေပမယ့္ တကယ္ေတာ့ စားဝတ္ေနေရး အတြက္ ႐ုန္းကန္ရင္း မသိလိုက္ မသိဘာသာပဲ ကုန္သြားခဲ့တယ္။

ျပန္စဥ္းစား ၾကည့္ရင္ ဘဝဆိုတာ ဘာလဲ လို႔ေတာင္ ေမးရမလို ျဖစ္ေနတာပါ။ အတၱေတြကို ထမ္းပိုးၿပီး ရွင္သန္ ရပ္တည္ရတာ ပိုၿပီး ပင္ပန္းပါတယ္။ လူမွန္ရင္ အတၱနဲ႔ မကင္းဘူး ဆိုတာလည္း မွန္ပါတယ္။

ဒါေပမယ့္ အဲ့ဒီ အတၱ ဆိုတာႀကီးကို နည္းနည္းစီေလာက္ ေလွ်ာ့သြားၾကည့္ပါလား။ သင္ေရာ သင့္ပတ္ဝန္းက်င္ မွာေရာ အေတာ္ေလး အဆင္ေျပသြား ႏိုင္ပါတယ္။ အနည္းဆုံးေတာ့ သင့္မွာ ပူေလာင္မႈေတြ နည္းလာၿပီး ေအးခ်မ္း ေပ်ာ္႐ႊင္ လာပါလိမ့္မယ္။

ပညာရွိတဲ့သူက ပညာမာန၊ ေငြေၾကး ခ်မ္းသာတဲ့သူက ဥစၥာမာန၊ အရွိန္အဝါ ႀကီးတဲ့သူကလည္း ၾသဇာမာနေတြ ထားၿပီး ရပ္တည္ၾကမယ္ ဆိုရင္ ကိုယ္ခ်င္းစာတရားနဲ႔ ေမတၱာတရား ေတြလည္း တျဖည္းျဖည္း ဆိတ္သုဥ္း သြားႏိုင္တယ္ေလ။

ေအးခ်မ္းေပ်ာ္႐ႊင္မႈ ဆိုတာက ေမတၱာတရားကို အေျခခံၿပီး ျဖစ္ေပၚလာတာမို႔ ပူေလာင္မႈကို ေပးတဲ့ အတၱမာန နဲ႔ေတာ့ ဆန႔္က်င္ဘက္ ပါပဲ။ လူ႔ဘဝ ဆိုတာက ရခဲလွတာမို႔ ပူေလာင္မႈေတြနဲ႔ ကုန္ဆုံးသြားရမယ္ ဆိုရင္ မတန္ပါဘူး။

ဘဝ အဆက္ဆက္က ျပဳခဲ့တဲ့ ကုသိုလ္ေကာင္းမႈ ေတြေၾကာင့္ လူ႔ဘဝကို ရခဲ့တာကို သတိျပဳမိ ေစခ်င္ပါတယ္။ သင့္အေနနဲ႔ လည္း အမွန္တကယ္ ေအးခ်မ္းခ်င္တယ္ ဆိုရင္ မာနကို ခဏေလာက္ပဲ ျဖစ္ျဖစ္ ေမ့ထားၾကည့္ လိုက္ပါ။ KM (ဘဝျမင္ကြင္း)

Post a Comment

0 Comments