တောင်ဆိတ်တွေလို ကျင့်ပါ

ကျနော့် ဘဝမှာ သဘော အကျဆုံး အကောင်တွေ ထဲမှာ တောင်ဆိတ်တွေ ပါတယ်။ သူတို့ဟာ အန္တရာယ်နဲ့ နေသား ကျနေတယ်။

တကယ်တော့ သူတို့မှာ မျောက်တွေလို နီးရာကို ဖမ်းယူ ဆုပ်ကိုင်ဖို့ အမြီးနဲ့ လက်တွေ မပါ ပါဘူး။ သူတို့မှာ ခွာတွေပဲ ပါတယ်။

အဲ့ဒီ ခွာက အသက်ပဲ။ အဲ့ဒီ ခွာတွေနဲ့ နေသား ကျအောင် balancing ကို သုံးပြီး ကျောက်တောင်တွေကို ဖြတ်လျှောက် ကြတယ်။

နေ့စဉ် အခက်အခဲ တွေကို ဖြတ်လျှောက်ရတာ များတော့ အခက်အခဲ တွေကို သူတို့ မမှုတော့ဘူး။ အဲ့ဒီမှာ အခက်အခဲက သူတို့ရဲ့ အားသာချက် ပြန်ဖြစ် သွားတယ်။

သူတို့ နယ်ပယ်မှာ သူတို့လို အခက်အခဲကို မဖြတ်ကျော် နိုင်တဲ့ မြေခွေးတွေ၊ ကျားသစ် တွေက သူတို့ကို ဖမ်းမစား နိုင်ဘူး။ နောက်ပြန် လှည့်လှည့် သွားရတယ်။

ကျားသစ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး သတ္တဝါ ထဲမှာ ပါတယ် ဆိုပေမယ့် မြေညီကွင်းပြင် ထဲမှာသာ သူက သားကောင်ကိုလိုက်ဖမ်းတာ မြန်တာပါ။

တောင်ဆိတ်တွေကို ကြည့်လိုက်ရင် တောင် ဘယ်လောက် မြင့်မြင့်၊ ကမ်းပါး ဘယ်လောက် မတ်မတ်၊ လမ်းဘယ်လောက် ကြမ်းကြမ်း ရအောင် တက်မယ် ဆိုတဲ့ စိတ်ရှိတာ တွေ့ရတယ်။

တောင်စောင်း အစွန်းမှာ နေနေတဲ့ တောင်ဆိတ်မှာ confidence ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့် ရှိတယ်။ ပြုတ်ကျမှာ စိုးရိမ်စိတ် တစိမှ ရှိတဲ့ပုံ မရဘူး။

ဒါတွေဟာ အလကားတော့ ရမလာ ပါဘူး။ နေ့စဉ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ တွေက တောင်ဆိတ်ကို ကမ်းပါးစွန်းကို မမှုစေတော့ ပါဘူး။

ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေး တခု ရှိတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း ကျနော် ကတော့ တောင်ဆိတ်ပုံကို ပြန်ပြန် ကြည့်ပြီး အားယူလေ့ ရှိတယ်။

ကိုယ်ရင်မဆိုင်ချင်လည်း ရင်ဆိုင်ရလာတဲ့ အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ် သတိပေးလေ့ ရှိပါတယ်။ Crd

Post a Comment

0 Comments