နွားနို့မှာ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ နွားနို့က အရိုးတွေကို ကျန်းမာစေပြီး ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။ အဲဒါကြောင့် အိပ်ရာမဝင်ခင် နွားနို့သောက်ပေးတဲ့အခါ ရလာမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နွားနို့မှာ အိပ်ရေးဝစေတဲ့အရာတွေ ပါဝင်ပါတယ်။
များစွာသော လေ့လာမှုတွေအရ ညအိပ်ရာမဝင်ခင် နွားနို့သောက်ပေးတဲ့အခါ ညဘက် ကောင်းကောင်းအိပ်ပျော်စေကြောင်း တွေ့ရှိရပါတယ်။
နွားနို့မှာ tryptophan နဲ့ melatonin ပါတာကြောင့် မြန်မြန်အိပ်ပျော်လွယ်စေပါတယ်။ နွားနို့သောက်ပြီးအိပ်တဲ့အခါ စိတ်ပူပန်မှုတွေ လျော့ကျစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ သက်သာစေပါတယ်။
နွားနို့မှာ ပရိုတိန်းတွေ အများကြီးပါရှိပါတယ်။
ညဘက်မှာ လန့်လန့်နိုးတာ၊ နိုးပြီးရင် ပြန်အိပ်မပျော်တာတွေ မဖြစ်ဖို့ နွားနို့သောက်သင့်ပါတယ်။ ညစာကို အစောကြီးစားပြီး အိပ်ရာဝင်ရင် ဗိုက်ဆာနေတတ်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ နွားနို့သောက်ရင် ဗိုက်မဆာတော့ဘဲ အိပ်ရေးလည်း ဝစေပါတယ်။
နွားနို့က စိတ်ကို တည်ငြိမ်စေပါတယ်။
နွေးနေတဲ့နွားနို့သောက်ပြီးအိပ်တဲ့ညနဲ့ ဘာမှမသောက်ဘဲ အိပ်တဲ့ညက ကွာခြားပါတယ်။ အိပ်ရာမဝင်ခင် နွားနို့သောက်ပြီးအိပ်လိုက်ရင် အိပ်ပျော်လွယ်တော့မယ်ဆိုတာကို စိတ်က သိနေတဲ့အတွက် အတွေးလွန်တာတွေလည်း ဝင်မလာတော့ပါဘူး။
ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
မအိပ်ခင်နွားနို့သောက်တာက ကိုယ်အလေးချိန်တက်စေလိမ့်မယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ နွားနို့မှာ ပရိုတိန်းတွေပါတာကြောင့် ကိုယ်အလေးချိန်ကျဖို့အတွက် အကူအညီဖြစ်စေပါတယ်။
ညသန်းခေါင်မှာ မုန့်တွေ ထစားတာထက် နွားနို့သောက်တာက ဗိုက်ပြည့်ပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။
ကြွက်သားထုထည်ကို တိုးလာစေပါတယ်။
နွားနို့မှာ casein လို့ခေါ်တဲ့ ပရိုတိန်းပါဝင်ပါတယ်။ အဲဒီပရိုတိန်းက ကြွက်သားထုထည်တိုးလာစေဖို့ အားပေးပါတယ်။ ကြွက်သားထုထည်တိုးလာချင်တဲ့သူတွေအတွက် ညမအိပ်ခင် နွားနို့သောက်တာက ပိုပြီး အကျိုးရှိစေပါတယ်။ ဒါပေမယ့် သင်က နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်သူဆိုရင်တော့ နွားနို့ကို မသောက်သုံးသင့်ပါဘူး။
Zombie (lovemedia)
0 Comments