တခါတုန်းက လူတဦးသည် သစ်တော၏ အစွန်ဆုံးတွင် ထိုင်နေသည်။ ထိုသူမှာ အလွန် ချောမော လှပသော သမီးလေး တယောက် ရှိလေသည်။
တရက်တွင် ခြင်္သေ့တကောင်သည် တော့ထဲ၌ လှည့်လည် အစာရှာနေစဉ် ထိုမိန်းမပျိုလေးအား တွေ့၍ မေတ္တာသက်ဝင် သွားလေသည်။ ထိုအခါ ခြင်္သေ့သည် သူမ၏ ဖခင်ရှေ့သို့ သွား၍ လက်ထပ်ခွင့် တောင်းလေသည်။
ထိုအမျိုးသားသည်လည်း သူ၏ သမီးအား ကြမ်းတမ်းသော ခြင်္သေ့အား မပေးလို။ သို့သော် သူသည်လည်း ခြင်္သေ့အား မလွန်ဆန်နိုင် ဖြစ်နေသည်။ ထိုအချိန်တွင် တွေးတော ဆင်ချင်၍ ခြင်္သေ့အား ဤသို့ ပြန်ပြောလေသည်။
"ငါ့ သမီးက မင်းရဲ့ လက်သည်းတွေ ခြေသည်းတွေကို ကြောက်တယ်။ အဲဒီတော့ မင်း အဲဒါတွေကို အဆုံးရှုံး ခံနိုင်လား။ အဲ့ဒါတွေ အဆုံးရှုံးခံနိုင်မှ သမီးနဲ့ ပေးစားနိုင်မယ်" ဟုပြောလေသည်။
ထိုအခါ ခြင်္သေ့သည်လည်း မိန်းကလေးအား ချစ်ခင်သက်ဝင်သော စိတ်ဖြင့် ထိုလူ၏ သဘောထားကို လက်ခံလိုက်လေရာ နောက်ဆုံးတွင် သူသည် လက်နက်မဲ့ ဖြစ်သွားရလေသည်။
ဤပုံပြင်လေး၏ သင်ခန်းစာမှာ မချစ်သင့်သောသူအား ချစ်မိလျှင် ကိုယ့်ရဲ့ ဘဝတက်လမ်း၊ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ကို ချစ်တဲ့သူနဲ့ တချို့ တန်ဖိုးရှိတဲ့ အရာတွေ ဆုံးရှုံးနိုင်သလို နောက်ဆုံးနစ်နာသူမှာ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။
မိတ်ဆွေများလည်း မချစ်သင့်သူကို မချစ်မိစေဖို့ စကားလက်ဆောင် ပါးလိုက်ပါရစေ။ phoomyatchal
Zawgyi
ျခေသၤ့နွင့္ မိန္းမပ်ို
တခါတုန္းက လူတဦးသည္ သစ္ေတာ၏ အစြန္ဆုံးတြင္ ထိုင္ေနသည္။ ထိုသူမွာ အလြန္ ေခ်ာေမာ လွပေသာ သမီးေလး တေယာက္ ရွိေလသည္။
တရက္တြင္ ျခေသၤ့တေကာင္သည္ ေတာ့ထဲ၌ လွည့္လည္ အစာရွာေနစဥ္ ထိုမိန္းမပ်ိဳေလးအား ေတြ႕၍ ေမတၱာသက္ဝင္ သြားေလသည္။ ထိုအခါ ျခေသၤ့သည္ သူမ၏ ဖခင္ေရွ႕သို႔ သြား၍ လက္ထပ္ခြင့္ ေတာင္းေလသည္။
ထိုအမ်ိဳးသားသည္လည္း သူ၏ သမီးအား ၾကမ္းတမ္းေသာ ျခေသၤ့အား မေပးလို။ သို႔ေသာ္ သူသည္လည္း ျခေသၤ့အား မလြန္ဆန္ႏိုင္ ျဖစ္ေနသည္။ ထိုအခ်ိန္တြင္ ေတြးေတာ ဆင္ခ်င္၍ ျခေသၤ့အား ဤသို႔ ျပန္ေျပာေလသည္။
"ငါ့ သမီးက မင္းရဲ႕ လက္သည္းေတြ ေျခသည္းေတြကို ေၾကာက္တယ္။ အဲဒီေတာ့ မင္း အဲဒါေတြကို အဆုံးရႈံး ခံႏိုင္လား။ အဲ့ဒါေတြ အဆုံးရႈံးခံႏိုင္မွ သမီးနဲ႔ ေပးစားႏိုင္မယ္" ဟုေျပာေလသည္။
ထိုအခါ ျခေသၤ့သည္လည္း မိန္းကေလးအား ခ်စ္ခင္သက္ဝင္ေသာ စိတ္ျဖင့္ ထိုလူ၏ သေဘာထားကို လက္ခံလိုက္ေလရာ ေနာက္ဆုံးတြင္ သူသည္ လက္နက္မဲ့ ျဖစ္သြားရေလသည္။
ဤပုံျပင္ေလး၏ သင္ခန္းစာမွာ မခ်စ္သင့္ေသာသူအား ခ်စ္မိလွ်င္ ကိုယ့္ရဲ႕ ဘဝတက္လမ္း၊ ကိုယ့္ရဲ႕ ဝါသနာ၊ ကိုယ့္ကို ခ်စ္တဲ့သူနဲ႔ တခ်ိဳ႕ တန္ဖိုးရွိတဲ့ အရာေတြ ဆုံးရႈံးႏိုင္သလို ေနာက္ဆုံးနစ္နာသူမွာ ကိုယ္ပဲ ျဖစ္ပါလိမ့္မယ္။ မိတ္ေဆြမ်ားလည္း မခ်စ္သင့္သူကို မခ်စ္မိေစဖို႔ စကားလက္ေဆာင္ ပါးလိုက္ပါရေစ။ phoomyatchal
0 Comments