တံငါသည်က ပြောတယ်။ ဘဝဆိုတာ လှိုင်းတံပိုး တခုလို ပါပဲ။ နိမ့်တခါ မြင့်တလှည့်နဲ့ တဲ့။ ခရီးသည်က ပြောတယ်။ ဘဝဆိုတာ များစွာသော ဝန်ထုပ်တွေကို ထမ်းပိုးရင်းနဲ့ သွားနေရတဲ့ ခရီးတို တခုတဲ့။
မုဆိုးက ပြောတယ်။ ဘဝဆိုတာ ဆူးခင်းလမ်း တခု ပါပဲ။ ဆူးများတဲ့ လမ်းနဲ့ ဆူးပါတဲ့ လမ်းပဲ ကွာတယ်တဲ့။ စစ်သားက ပြောတယ်။ ဘဝဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားနေရတဲ့ စစ်မြေပြင် တခုပါ ပဲတဲ့။
ကျောင်းဆရာက ပြောတယ်။ ဘဝဆိုတာ အဖြေ ရှာရခက်တဲ့ ပုစ္ဆာတပုဒ်လို ပါပဲ။ ကိန်းဂဏန်း တခုလိုလည်း ပုံသေနည်းနဲ့ တွက်ချက်လို့ မရပါဘူးတဲ့။
လေယာဉ်မှူးက ပြောတယ်။ ဘဝဆိုတာ တိမ်တိုက် တခုလိုပါ ပဲ။ အချိန်တန်ရင်တော့ လေနှင်ရာ လွင့်မျောသွား ရမှာပါ တဲ့။
ပြဇာတ်မင်းသားက ပြောတယ်။ ဘဝဆိုတာ ပြဇာတ် တပုဒ်လို ပါပဲ။ ငိုတခါ ရယ်တလှည့် နဲ့တဲ့။ လက်ဝှေ့သမားက ပြောတယ်။ ဘဝဆိုတာ သုခနဲ့ ဒုက္ခတို့ရဲ့ အလဲထိုးရာ ကြိုးဝိုင်းတခုတဲ့။
ဖဲသမားက ပြောတယ်။ ဘဝဆိုတာ ဝှက်ဖဲတချပ် လိုပါပဲ။ မနက်ဖြန် ဆိုတဲ့ နေ့ရက်တွေကို ကြိုတင်ကာ မမြင်နိုင်ဘူးတဲ့။
သူခိုးက ပြောတယ်။ ဘဝဆိုတာ ညတညလို ပါပဲ။ ကြယ်ရောင်စုံ ရှိတဲ့ အခိုက်အတန့် ဆိုတာ ရှိသလို၊ တိမ်ရိပ်ဖုံးတဲ့ အခိုက်အတန့်လည်း ရှိတယ်တဲ့။
သုဘရာဇာက ပြောတယ် ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ ကြားမှာ ရုန်းကန် လှုပ်ရှားရခြင်း ပါပဲတဲ့။
ဘဝဆိုတာ ခရီးစဉ်တခု ပါပဲ။ တခု ခက်တာက မြေပုံ ပါမလာတာပဲ။ ကိုယ့်ဘာသာကိုယ် လမ်းရှာ၊ လမ်းဖောက် လျှောက်ကြရမယ်။ လမ်းမမှား၊ ချော်မလဲ မယိမ်းယိုင်ဖို့နဲ့ အမြင်မှန် အသိမှန် ဝီရိယ မှန်ဖို့ပဲ လိုပါတယ်။ Crd
Zawgyi
ဘဝဆိုတာ ခရီးတခုပါ
တံငါသည္က ေျပာတယ္။ ဘဝဆိုတာ လႈိင္းတံပိုး တခုလို ပါပဲ။ နိမ့္တခါ ျမင့္တလွည့္နဲ႔ တဲ့။ ခရီးသည္က ေျပာတယ္။ ဘဝဆိုတာ မ်ားစြာေသာ ဝန္ထုပ္ေတြကို ထမ္းပိုးရင္းနဲ႔ သြားေနရတဲ့ ခရီးတို တခုတဲ့။
မုဆိုးက ေျပာတယ္။ ဘဝဆိုတာ ဆူးခင္းလမ္း တခု ပါပဲ။ ဆူးမ်ားတဲ့ လမ္းနဲ႔ ဆူးပါတဲ့ လမ္းပဲ ကြာတယ္တဲ့။ စစ္သားက ေျပာတယ္။ ဘဝဆိုတာ ႀကီးမားတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ ေက်ာ္လႊားေနရတဲ့ စစ္ေျမျပင္ တခုပါ ပဲတဲ့။
ေက်ာင္းဆရာက ေျပာတယ္။ ဘဝဆိုတာ အေျဖ ရွာရခက္တဲ့ ပုစာၦတပုဒ္လို ပါပဲ။ ကိန္းဂဏန္း တခုလိုလည္း ပုံေသနည္းနဲ႔ တြက္ခ်က္လို႔ မရပါဘူးတဲ့။ ေလယာဥ္မႉးက ေျပာတယ္။ ဘဝဆိုတာ တိမ္တိုက္ တခုလိုပါ ပဲ။ အခ်ိန္တန္ရင္ေတာ့ ေလႏွင္ရာ လြင့္ေမ်ာသြား ရမွာပါ တဲ့။
ျပဇာတ္မင္းသားက ေျပာတယ္။ ဘဝဆိုတာ ျပဇာတ္ တပုဒ္လို ပါပဲ။ ငိုတခါ ရယ္တလွည့္ နဲ႔တဲ့။ လက္ေဝွ႔သမားက ေျပာတယ္။ ဘဝဆိုတာ သုခနဲ႔ ဒုကၡတို႔ရဲ႕ အလဲထိုးရာ ႀကိဳးဝိုင္းတခုတဲ့။ ဖဲသမားက ေျပာတယ္။ ဘဝဆိုတာ ဝွက္ဖဲတခ်ပ္ လိုပါပဲ။ မနက္ျဖန္ ဆိုတဲ့ ေန႔ရက္ေတြကို ႀကိဳတင္ကာ မျမင္ႏိုင္ဘူးတဲ့။
သူခိုးက ေျပာတယ္။ ဘဝဆိုတာ ညတညလို ပါပဲ။ ၾကယ္ေရာင္စုံ ရွိတဲ့ အခိုက္အတန႔္ ဆိုတာ ရွိသလို၊ တိမ္ရိပ္ဖုံးတဲ့ အခိုက္အတန႔္လည္း ရွိတယ္တဲ့။ သုဘရာဇာက ေျပာတယ္ ဘဝဆိုတာ ေမြးဖြားျခင္းနဲ႔ ေသဆုံးျခင္းရဲ႕ ၾကားမွာ ႐ုန္းကန္ လႈပ္ရွားရျခင္း ပါပဲတဲ့။
ဘဝဆိုတာ ခရီးစဥ္တခု ပါပဲ။ တခု ခက္တာက ေျမပုံ ပါမလာတာပဲ။ ကိုယ့္ဘာသာကိုယ္ လမ္းရွာ၊ လမ္းေဖာက္ ေလွ်ာက္ၾကရမယ္။ လမ္းမမွား၊ ေခ်ာ္မလဲ မယိမ္းယိုင္ဖို႔နဲ႔ အျမင္မွန္ အသိမွန္ ဝီရိယ မွန္ဖို႔ပဲ လိုပါတယ္။ Crd
0 Comments