လိပ်ပြာမလုံသောသူ

တခါတုန်းက ဘုရင်ကြီး တပါးရဲ့ လက်စွပ်ဟာ ပျောက်ဆုံး ခဲ့တယ်။ ဘုရင်ကြီးဟာ ပညာရှိ တရားသူကြီးကို နန်းတွင်းသို့ လာရောက်ဖို့ လှမ်းခေါ် လိုက်တယ်။

ပညာရှိ နန်းတွင်းသို့ ရောက်ရှိလာတဲ့ အခါမှာတော့ ဘုရင်ကြီးက "ငါ့အဖေက ငါ့ကို လက်ဆောင် ပေးခဲ့တဲ့ လက်စွပ် ပျောက်သွားတယ်။ ကျေးဇူးပြုပြီး ရှာပေးပါ" လို့‌ ပြောလိုက်တယ်။ ပညာရှိက

"အရှင်မင်းကြီး စိတ်မပူပါနဲ့၊ မင်းကြီးရဲ့ လက်စွပ်ကို ကျွန်တော်မျိုး အခုပဲ ရှာပေးပါ့မယ်" လို့ ပြောပါတယ်။

ပညာရှိက နန်းတွင်းသူ‌ အားလုံးကို ခေါ်၍ ဗေဒင်တွက်နေပုံ လုပ်လိုက်ပြီး "အရှင်မင်းကြီးရဲ့ လက်စွပ်က ဒီနန်းတွင်း မှာပဲ ရှိပါသေးတယ်။ ခေါင်းပေါ်မှာ ကောက်ရိုး တင်နေတဲ့ နန်းတွင်းသူထံမှာ မင်းကြီးရဲ့ လက်စွပ် ရှိပါတယ်" လို့‌ ပြောလိုက်တယ်။

မင်းကြီးရဲ့ လက်စွပ် ခိုးထားတဲ့ နန်းတွင်းသူလည်း ရုတ်တရက် အလွန် အံ့အားသင့် သွားပြီး သူ့ရဲ့ ခေါင်းပေါ်ကို ချက်ချင်းလက်မြှောက် လိုက်တယ်။ ပညာရှိက နန်းတွင်းသူရဲ့ ဤလုပ်ရပ်ကို ချက်ချင်း သတိပြုမိ လိုက်တယ်။

သူက နန်းတွင်းသူကို လက်ညှိုး ညွှန်ပြလိုက်ပြီး "ဒီနန်းတွင်းသူကို ရှာ‌ဖွေ စစ်ဆေး လိုက်ရင် အရှင်မင်းကြီးရဲ့ လက်စွပ်ကို ပြန်တွေ့မှာပါ" လို့ မင်းကြီးကို လျှောက်ထား လိုက်တယ်။ စစ်ဆေးရာ မှာလည်း လက်စွပ်ကို ပြန်ရရှိ ခဲ့ပါတယ်။

မင်းကြီးလည်း ပညာရှိရဲ့ လက်စွပ်သူခိုး ဖေါ်ထုတ်ပုံကို နားမလည်တာနဲ့ မေးမြန်းကြည့်တော့ ပညာရှိက အပြစ်ရှိသူသည်အမြဲတမ်း ကြောက်နေတတ်ကြောင်း ပြောခဲ့ပါတယ်။ အပြစ်ရှိသူ၊ အပြစ်လုပ်ထားသူ များဟာ လိပ်ပြာမလုံ ကြောက်နေတတ် ကြပါတယ်။ Crd

Zawgyi

လိပ္ျပာမလံုေသာသူ

တခါတုန္းက ဘုရင္ႀကီး တပါးရဲ႕ လက္စြပ္ဟာ ေပ်ာက္ဆုံး ခဲ့တယ္။ ဘုရင္ႀကီးဟာ ပညာရွိ တရားသူႀကီးကို နန္းတြင္းသို႔ လာေရာက္ဖို႔ လွမ္းေခၚ လိုက္တယ္။

ပညာရွိ နန္းတြင္းသို႔ ေရာက္ရွိလာတဲ့ အခါမွာေတာ့ ဘုရင္ႀကီးက "ငါ့အေဖက ငါ့ကို လက္ေဆာင္ ေပးခဲ့တဲ့ လက္စြပ္ ေပ်ာက္သြားတယ္။ ေက်းဇူးျပဳၿပီး ရွာေပးပါ" လို႔‌ ေျပာလိုက္တယ္။ ပညာရွိက "အရွင္မင္းႀကီး စိတ္မပူပါနဲ႔၊ မင္းႀကီးရဲ႕ လက္စြပ္ကို ကြၽန္ေတာ္မ်ိဳး အခုပဲ ရွာေပးပါ့မယ္" လို႔ ေျပာပါတယ္။

ပညာရွိက နန္းတြင္းသူ‌ အားလုံးကို ေခၚ၍ ေဗဒင္တြက္ေနပုံ လုပ္လိုက္ၿပီး "အရွင္မင္းႀကီးရဲ႕ လက္စြပ္က ဒီနန္းတြင္း မွာပဲ ရွိပါေသးတယ္။ ေခါင္းေပၚမွာ ေကာက္႐ိုး တင္ေနတဲ့ နန္းတြင္းသူထံမွာ မင္းႀကီးရဲ႕ လက္စြပ္ ရွိပါတယ္" လို႔‌ ေျပာလိုက္တယ္။

မင္းႀကီးရဲ႕ လက္စြပ္ ခိုးထားတဲ့ နန္းတြင္းသူလည္း ႐ုတ္တရက္ အလြန္ အံ့အားသင့္ သြားၿပီး သူ႔ရဲ႕ ေခါင္းေပၚကို ခ်က္ခ်င္းလက္ေျမႇာက္ လိုက္တယ္။ ပညာရွိက နန္းတြင္းသူရဲ႕ ဤလုပ္ရပ္ကို ခ်က္ခ်င္း သတိျပဳမိ လိုက္တယ္။

သူက နန္းတြင္းသူကို လက္ညႇိဳး ၫႊန္ျပလိုက္ၿပီး "ဒီနန္းတြင္းသူကို ရွာ‌ေဖြ စစ္ေဆး လိုက္ရင္ အရွင္မင္းႀကီးရဲ႕ လက္စြပ္ကို ျပန္ေတြ႕မွာပါ" လို႔ မင္းႀကီးကို ေလွ်ာက္ထား လိုက္တယ္။ စစ္ေဆးရာ မွာလည္း လက္စြပ္ကို ျပန္ရရွိ ခဲ့ပါတယ္။

မင္းႀကီးလည္း ပညာရွိရဲ႕ လက္စြပ္သူခိုး ေဖၚထုတ္ပုံကို နားမလည္တာနဲ႔ ေမးျမန္းၾကည့္ေတာ့ ပညာရွိက အျပစ္ရွိသူသည္အၿမဲတမ္း ေၾကာက္ေနတတ္ေၾကာင္း ေျပာခဲ့ပါတယ္။ အျပစ္ရွိသူ၊ အျပစ္လုပ္ထားသူ မ်ားဟာ လိပ္ျပာမလုံ ေၾကာက္ေနတတ္ ၾကပါတယ္။ Crd

Post a Comment

0 Comments