တခါတုန်းက အုတ်စီတဲ့ အလုပ်သမား သုံးယောက် ရှိတယ်တဲ့။ အုတ်စီ အလုပ်သမားတွေ ဆိုတော့ အုတ်ခဲတွေ စီနေကြတာပေါ့။ လူတယောက်က သူတို့ တယောက်ချင်းစီကို သူတို့ ဘာလုပ်နေသလဲ မေးကြည့်တယ်။
ပထမ တယောက်က သူ အုတ်ခဲတွေ စီနေတာတဲ့။ ဒုတိယတယောက်က သူဟာ နံရံတခု ဆောက်နေတာပါတဲ့။ တတိယတယောက်က သူက ဘုရားကျောင်း ဆောက်နေတာပါ တဲ့။
တယောက်နဲ့တယောက် အဖြေ မတူကြသလို အလုပ်အပေါ်ထားတဲ့ ခံယူချက်ခြင်းလည်း မတူကြပါဘူး။
တချို့ လူတွေက ကိုယ်လုပ်နေတဲ့ အလုပ်ကို သေးသိမ်တယ်လို့ မြင်တတ် ကြပါတယ်။ တချို့တွေ ကတော့ ကိုယ်က ဘယ်နေရာမှာ ဘယ်တာဝန်ကို ထမ်းဆောင်နေတယ်၊ ဘာအတွက် လုပ်နေတယ် ဆိုတာ မြင်တယ်။
နှမ်းတလုံးနဲ့ ဆီမဖြစ် ပါဘူး။ ဒါပေမယ့် နှမ်းတလုံးမှ မရှိရင်လည်း ဆီမဖြစ် ပြန်ဘူး။ အရေးကြီးတာ ကတော့ ကိုယ် ဘာပဲ လုပ်နေ လုပ်နေ ကိုယ့်ခံယူချက် သဘောထားက အရေးကြီး ပါတယ်။
Pirates of the Caribbean ဇာတ်လမ်းထဲက ကတ်ပတိန် ဂျက်စပဲရိုး ပြောသလိုပေါ့။ "ပြသာနာက ပြသာနာ မဟုတ်ပါဘူး။ တကယ့် ပြသာနာက ပြသာနာအပေါ် ထားတဲ့ ခံယူချက်ပဲ" တဲ့။
ခံယူချက် ဆိုတာ လူတယောက် အတွက် တကယ် အရေးကြီး ပါတယ်။ ကဲ ဘယ်လိုလဲ။ မိတ်ဆွေကရော၊ အုတ် စီနေတာလား၊ ဘုရားကျောင်း ဆောက်နေတာလား။ phoomyatchal
Zawgyi
ခံယူခ်က္က အေရးၾကီးတယ္
တခါတုန္းက အုတ္စီတဲ့ အလုပ္သမား သုံးေယာက္ ရွိတယ္တဲ့။ အုတ္စီ အလုပ္သမားေတြ ဆိုေတာ့ အုတ္ခဲေတြ စီေနၾကတာေပါ့။ လူတေယာက္က သူတို႔ တေယာက္ခ်င္းစီကို သူတို႔ ဘာလုပ္ေနသလဲ ေမးၾကည့္တယ္။
ပထမ တေယာက္က သူ အုတ္ခဲေတြ စီေနတာတဲ့။ ဒုတိယတေယာက္က သူဟာ နံရံတခု ေဆာက္ေနတာပါတဲ့။ တတိယတေယာက္က သူက ဘုရားေက်ာင္း ေဆာက္ေနတာပါ တဲ့။ တေယာက္နဲ႔တေယာက္ အေျဖ မတူၾကသလို အလုပ္အေပၚထားတဲ့ ခံယူခ်က္ျခင္းလည္း မတူၾကပါဘူး။
တခ်ိဳ႕ လူေတြက ကိုယ္လုပ္ေနတဲ့ အလုပ္ကို ေသးသိမ္တယ္လို႔ ျမင္တတ္ ၾကပါတယ္။ တခ်ိဳ႕ေတြ ကေတာ့ ကိုယ္က ဘယ္ေနရာမွာ ဘယ္တာဝန္ကို ထမ္းေဆာင္ေနတယ္၊ ဘာအတြက္ လုပ္ေနတယ္ ဆိုတာ ျမင္တယ္။
ႏွမ္းတလုံးနဲ႔ ဆီမျဖစ္ ပါဘူး။ ဒါေပမယ့္ ႏွမ္းတလုံးမွ မရွိရင္လည္း ဆီမျဖစ္ ျပန္ဘူး။ အေရးႀကီးတာ ကေတာ့ ကိုယ္ ဘာပဲ လုပ္ေန လုပ္ေန ကိုယ့္ခံယူခ်က္ သေဘာထားက အေရးႀကီး ပါတယ္။
Pirates of the Caribbean ဇာတ္လမ္းထဲက ကတ္ပတိန္ ဂ်က္စပဲ႐ိုး ေျပာသလိုေပါ့။ "ျပသာနာက ျပသာနာ မဟုတ္ပါဘူး။ တကယ့္ ျပသာနာက ျပသာနာအေပၚ ထားတဲ့ ခံယူခ်က္ပဲ" တဲ့။
ခံယူခ်က္ ဆိုတာ လူတေယာက္ အတြက္ တကယ္ အေရးႀကီး ပါတယ္။ ကဲ ဘယ္လိုလဲ။ မိတ္ေဆြကေရာ၊ အုတ္ စီေနတာလား၊ ဘုရားေက်ာင္း ေဆာက္ေနတာလား။ phoomyatchal
0 Comments