ကျေးဇူးသိတတ်သူ

တခါက ခြင်္သေ့ကြီး တကောင်ဟာ ဂူထဲမှာ နှစ်ချိုက်စွာ အိပ်ပျော်နေစဉ် ကြွက်တကောင်က မျက်နှာပေါ်ကို ဂူနံရံပေါ်က ပြုတ်ကျလာလို့ အိပ်ရာက လန့်နိုးသွားတယ်။

ခြင်္သေ့ကြီးဟာ ဒေါသတကြီး ထလာပြီး ကြွက်ကိုဖမ်းကာ သတ်ပစ်ဖို့ လုပ်လိုက်တယ်။ ကြွက်က ခြင်္သေ့ကြီးကို သနားကြင်နာစွာနဲ့ ခွင့်လွှတ်‌ပေးဖို့ တောင်းပန်တယ်။

"အရှင်မင်းကြီးဟာ ကျွန်တော့ အသက်ကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော်ဟာ ဒီကျေးဇူးကို နောင်တချိန်မှာ မဖြစ်မနေ ပြန်ဆပ်ပါ့မယ်" လို့လည်း ကတိပေးခဲ့တယ်။

ခြင်္သေ့ကြီးက ကြွက်ကလေးလို အကောင် ပေါက်စလေးရဲ့ ကတိကို အတည်မယူ၊ ဂရုမစိုက် ပေမယ့် ကြွက်ကလေးရဲ့ ပြောပုံ ဆိုပုံကို သဘောကျ သနားသွားတာနဲ့ ရယ်‌မောပြီး ကြွက်ကလေးကို လွှတ်ပေးလိုက်တယ်။

အဲဒီနောက် မကြာခင်မှာပဲ ခြင်္သေ့ကြီးဟာ မုဆိုးတွေ ထောင်ထားတဲ့ ကျော့ကွင်းမှာ မိပြီး မြေကြီးပေါ် လဲကျသွားလို့ အသံနက်ကြီးနဲ့ ဟိန်းဟောက် နေခဲ့တယ်။

ကြွက်က‌လေးဟာ ခြင်္သေ့ကြီးရဲ့ ဟောက်သံကို ကြားတာနဲ့ အသံကြားရတဲ့ နေရာကို ပြေးသွား ကြည့်‌တော့ ကျော့ကွင်းမှာ မိနေတာ တွေ့တာနဲ့ ကြိုးကိုသွားနဲ့ ကိုက်ဖြတ်ပြီး ခြင်္သေ့ကြီး လွတ်အောင် လုပ်ပေး လိုက်တယ်။

"မင်းငါ့ကို ကျေးဇူးဆပ်မယ်၊ ကူညီမယ် ဆိုတာကို မဖြစ်နိုင်ဘူး ထင်လို့ ဘာကျေးဇူးဆပ်မှုကိုမှ မမျှော်လင့်ခဲ့ ပါဘူး။ အခုတော့ မင်းရဲ့ ကျေးဇူး သိတတ်မှုနဲ့ ကူညီနိုင်စွမ်းကို သိလိုက်ရ ပါပြီ။

နောင်ကို ငါတို့တွေ မိတ်ဆွေတွေ အဖြစ် အတူ ရင်းရင်းနီးနီး နေကြမယ်" လို့ ခြင်္သေ့ကြီးက ရယ်ရယ်မောမောနဲ့ ကြွက်ကလေးကို ပြောလိုက် ပါတော့တယ်။

ကြွက်တကောင်သည်လည်း ကြွက်တကောင် အလျောက် ခြင်္သေ့တကောင်အား အကျိုးကျေးဇူးများ ပေးနိုင်သည်။

အကောင်ကြီးသည် ငယ်သည်မှာ အဓိက မကျပဲ ကျေးဇူး သိတတ်ဖို့သာ အရေးကြီးသည်။ စကားကို ချစ်ဖွယ် ပြောတတ်လျင် အထောက်အကူ ရနိုင်သည်။ Crd

Post a Comment

0 Comments